RangonNewsDaily:: March . 13 .2015
ထိုင်းနိုင်ငံသားတွေရဲ့ မှင်ကြောင်စုတ်ထိုးပွဲတော်ကြီးကို Wat Bang Phra ဘုရားကျောင်းမှာ စတင်ကျင်းပ နေပြီဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေက ရှည်လျားလှတဲ့ စုပ်တံတွေနဲ့ မှင်ကြောင်ထိုးချင်သူတွေကို ထိုးပေးနေတာဖြစ်ပါတယ်။ ထိုင်းဘာသာစကားမှာတော့ ဒီပွဲတော်ကို Sak Yant ပွဲတော်လို့လည်း ခေါ်ပါတယ်။
နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ ထိုင်းနိုင်ငံသားတို့ရဲ့ ဆေးမှင်ကြောင်ထိုးပွဲဟာ အစည်ကားဆုံး ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ ဘုန်းကြီးတွေက ဒီလိုဆေးမှင်ကြောင်တွေ ထိုးပေးခြင်းအားဖြင့် ရောဂါအနာဘယတွေ ကင်းဝေးပြီး အသက်ရှည်ရှည်နေကြရမယ်လို့ ထိုင်းနိုင်ငံသားတွေ ယုံကြည်ထားကြပါတယ်။
ဆေးမှင်ကြောင်ထိုးတဲ့အခါ တိရိစ္ဆာန်ပုံတွေအပြင် ဘာသာရေးနဲ့ ဆက်နွယ်တဲ့ တရားဓမ္မစာသားတွေလည်း ရေးထိုးလေ့ရှိကြပါတယ်။ ရောဂါ ကင်းဝေးရုံသာမက ဒီပွဲတော်မှာ ဆေးမှင်ကြောင်ထိုးတဲ့အတွက် ကံကောင်းမှုတွေ ပိုများလာမယ်လို့လည်း ယုံကြည်ကြပါတယ်။
ဒီပွဲတော်ကျင်းပတဲ့ ဘုရားကောင်းဟာ Nakhon Chai မှာ တည်ရှိတာဖြစ်ပြီး ဘန်ကောက်ကနေသွားမယ်ဆိုရင် ၆၀ ကီလိုမီတာလောက် ကွာဝေးပါတယ်။ အမျိုးသမီး၊ အမျိုးသား အရွယ်စုံဟာ ကျောကုန်းတွေ၊ ရင်ဘတ်တွေနဲ့ လက်တွေမှာ မှင်ကြောင်အထိုးခံကြပါတယ်။ ဒီပွဲတော်မှာ မှင်ကြောင်ထိုးတဲ့ စုတ်တံဟာ ၁၈ လက်မလောက် ရှည်လျားပါတယ်။
CNN News , KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment