Pages

Pages - Menu

Sunday, March 15, 2015

တက္ကသိုလ်ဝင်တန်း စာမေးပွဲ သုံးရက်မြောက်အထိ ဖြေဆိုရန် ပျက်ကွက်သူ သုံးသောင်းကျော်ရှိ


RangonNewsDaily:: March . 15 .2015
ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသည့်ရက်ပေါင်း သုံးရက်အတွင်း သင်္ချာဘာသာဖြေဆိုသည်နေ့အထိ ကျောင်းသား၊ ကျောင်းသူပေါင်း သုံးသောင်း ကျော် ဖြေဆိုရန် ပျက်ကွက်ခဲ့ ကြောင်း သတင်းရရှိသည်။
၂၀၁၅ တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံး၌ မတ်လ ၁၁ ရက်က တစ်ပြိုင် တည်း စတင်ကျင်းပခဲ့ရာ တစ် နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုရန် ၆၃၂,၂၀၉ ဦး စာ ရင်းရှိကြောင်း ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

မတ်လ ၁၁ ရက်တွင် စတင်ဖြေဆိုသည့် မြန်မာစာ ဘာသာဖြေဆိုသူပေါင်း ၅၉၇,၇၆၈ ဦးရှိခဲ့ပြီး မတ်လ ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာ ဖြေဆိုသူ ၅၉၇,၀၆၉ ဦးနှင့် မတ်လ ၁၃ ရက်တွင်သင်္ချာဘာသာဖြေဆိုသူပေါင်း ၅၉၆,၆၂၅ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနက သတင်းထုတ်ပြန် သည်။ ထို့ကြောင့် ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် သင်္ချာ ဘာသာဖြေဆိုပြီးသည့် သုံးရက် မြောက်အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၅,၅၈၄ ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သည်။
::
ရန်ကုန်တိုင်းဒေသကြီး အ တွင်းတွင်လည်း ဖြေဆိုသည်မှစ ၍ သုံးရက်အတွင်း ပျက်ကွက်သူ ပေါင်း ၇,၄၃၈ ဦး ရှိပြီး လာ ရောက်မဖြေသူ အများစုမှာပြင်ပဖြေများ ဖြစ်ကြောင်း စုံစမ်းသိရသည်။

‘‘တချို့ဒီနေ့မဖြေနိုင်တဲ့ လူ တွေက နောက်နေ့မလာကြတော့ ဘူးလေ။ ကျန်းမာရေးကြောင့်၊ လူမှုရေးကြောင့်၊ အကြောင်းအ မျိုးမျိုးကြောင့် လာမဖြေနိုင်တာ လည်းရှိတတ်ပါတယ်’’ဟု အမှတ် (၃) အခြေခံပညာဦးစီး ဒုတိယ ညွှန်ကြားရေးမှူးကပြောသည်။

ကျောင်းသားသပိတ်မှောက် မှုများရှိသောကြောင့် တက္ကသိုလ် ၀င်တန်းများ ဖြေဆိုမည့် ကျောင်း သားမိဘများ၏ စိုးရိမ်မှုများရှိနေ သော်လည်း လက်ရှိ အချိန်ထိ အဆင်ပြေ ချောမွေ့စွာ ကျင်းပနေနိုင်ကြောင်း ရန်ကုန်တိုင်းရှိ စာစစ်ဌာနတစ်ခုမှ ဆရာမ ဒေါ်အေးမေကပြောသည်။
::
‘‘စာမေးပွဲ မေးခွန်းတွေက သိပ်အခက်ကြီးတွေတော့ မဟုတ် ပါဘူး။ စာပုံမှန်ကျက်ထားရင် ဖြေနိုင်ပါတယ်။ အခန်းထဲမှာ လာ မဖြေတဲ့လူတွေတော့ နှစ်ယောက် လောက်ရှိတယ်’’ဟု မြောက်ဥက္က လာပမြို့နယ် အထက (၁) ကျောင်းတွင် ဖြေဆိုသူ မောင်ဝေယံဦးက ပြောသည်။

ယခင်နှစ်တက္ကသိုလ်ဝင် စာ မေးပွဲများတွင် တစ်နိုင်ငံလုံးအ တွက် မေးခွန်း ၁၁ စုံထုတ်လေ့ရှိ သော်လည်း ယခုနှစ်တွင် မေးခွန်းတစ်စုံသာ ထုတ်ခြင်းဖြစ်သည်။
::
အထက(၁)ဗဟန်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးနောက် ပြန်လည်ထွက်လာသော ကျောင်းသား၊ ကျောင်းသူများ (ဓာတ်ပုံ − နစ်ကီ)

7Day Daily ::--KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment