Pages

Pages - Menu

Tuesday, March 3, 2015

ကျိုင်းတုံ တရားရုံးအချုပ်က ထွက်ပြေးသူကို သင်္ကန်းဝတ်နဲ့ ပြန်ဖမ်းမိ

RangonNewsDaily:: March . 3 .2015
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် ထွက်ပြေးသွားသူကို ၁၅ ရက်အကြာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းမှာ သင်္ကန်းဝတ်နဲ့ ပြန်လည်ဖမ်းမိတယ်လို့ ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ရုံးဆီကနေ သိရှိရပါတယ်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၇ နဲ့ ကျိုင်းတုံမြို့မ ရဲစခန်းမှာ အမှုရင်ဆိုင်နေရသူတွေထဲက ကွင်းဆက်တရားခံ အဖြစ် ပါရှိနေတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ အသက် ၄၄ နှစ် အရွယ်ရှိ စိုင်းဆွတ်ယွက်ဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

စိုင်းဆွတ်ယွက်ကို ပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ တာလေမြို့နယ်ခွဲရှိ မိုင်းလင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်မှာ သင်္ကန်းဝတ်နဲ့ ဖမ်းဆီးရမိတာလို့ ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ရွှေက ပြောပါတယ်။

“ဒီအမှုက ကြီးလေးတာ မဟုတ်ဘဲ ထွက်ပြေးသွားတော့ ရဲတပ်ဖွဲ့ဝင်တွေက သူ့အစား အချုပ်ခန်းထဲ ဝင်ခဲ့ရတယ်” လို့ သူက ဆိုပါတယ်။
::
ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့ စိုင်းဆွတ်ယွက်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၃၆၇/၅၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၂၄၄/၅၁၂ နဲ့ အမှုဖွင့်ထားတယ်လို့ ကျိုင်းတုံမြို့မ ရဲစခန်းရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment