Pages

Pages - Menu

Wednesday, March 18, 2015

အစိုးရ၏ အမြဲတမ်း အတွင်းဝန်၊ လစာ (၂) သိန်းဖြင့် ခန့်အပ်မည်

RangonNewsDaily:: March . 18 .2015
အစိုးရ၏ အမြဲတမ်း အတွင်း ၀န်ရာထူးကို လစာနှစ်သိန်းဖြင့် ခန့်အပ် သွားမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။

အမြဲတမ်း အတွင်းဝန် /တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်ကို ကျွန်တော်တို့ အသစ်ခန့်တာ မဟုတ်ပါဘူး။ ၀န်ကြီးဌာန တွေက လက်ရှိ ခန့်ထား ပြီးထဲက ညွှန်ကြားရေးမှူး ချုပ်/ ဦးဆောင် ညွှန်ကြားရေးမှူးတွေကို ရွေးချယ်ပြီး တာဝန်ပေး သွားမှာ ဖြစ်ပါတယ်။ မူလရှိရင်း ဖွဲ့စည်းပုံပါ ခန့်အပ်ပြီး အရာထမ်း များကို တာဝန် ပေးအပ်မှာ ဖြစ်ပါတယ်။ လစာ တိုးတောင်းခံမှု ကိုတော့ အကျိုး သက်ရောက်မှာ မဟုတ်ပါဘူး ဟု ၎င်းက ဆက်ပြောသည်။

အမြဲတန်း အတွင်းဝန် /ညွှန်ကြားရေးမှူးချုပ် အနေဖြင့် ၀န်ကြီးဌာန စီမံခန့်ခွဲရေး အဖွဲ့၏ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ရ သောကြောင့် အတွင်းဝန်ဟု ခေါ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။ ၀န်ကြီး၊ ဒုတိယ၀န်ကြီးများ မရှိသည့် အခါတွင် လည်းကောင်း နိုင်ငံရေး တာဝန် အရ မရောက်လာကြ သေးသည့် အခါတွင် လည်းကောင်း ၀န်ကြီးဌာနများ၏ ဦးစီးရုံး၊ အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် ဌာန ခွဲ၊ စသည် တို့ကို တာဝန်ခံ ဆောင်ရွက် ရမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်း နှင့်စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနမှ ပြည်ထောင် စု ၀န်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။

ခန့်အပ်ခြင်းခံ ရမည့် အတွင်းဝန်များ အနေဖြင့် တာဝန်နှစ်ခုနှင့် ချီးမြှင့်ငွေ နှစ်သိန်းကို ပူးတွဲရ ယူ၍ တာဝန် ထမ်းဆောင်ရမည် ဖြစ်ပြီး၊ အစိုးရ အဖွဲ့ အနေဖြင့် ၀န်ထမ်းများကို ကျစ်လျစ်စွာဖြင့် ဖွဲ့စည်း၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီစဉ်ကြောင့် ၀န်ကြီးဌာန (၂၃) ခုမှ အရာထမ်း (၁၂၉၁၈) ဦးနှင့် အမှုထမ်း (၁၂၃၃၆) ဦးကို လျော့ချခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

The Messenger , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment