Pages

Pages - Menu

Friday, March 6, 2015

ဂျုမုအဟ်နေ့နှင့်ပတ်သက်သည့်အချို့သောကျင့်စဉ်များ


RangonNewsDaily:: March . 6 .2015
စူရဟ်ကဟဖ်ဖတ်ခြင်း
တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်။ ဂျုမုအဟ်နေ့၌ စူရဟ်ကဟဖ်ဖတ်လျှင် ဖတ်သူ၏ ခြေထောက်မှစ၍ မိုးကောင်းကင်
အထိ (နာမ်ပိုင်းဆိုင်ရာ)လင်းဝင်းမှုရှိမည်။ဂျုမုအဟ်နှစ်ခုကြား အလယ်၌ ကျူးလွန်မိသော ဂုနာဟ်များကို ခွင့်လွှတ်ချမ်း
သာပေးတော်မူမည်။(အိဗ်နုမာဂျာဟ်)

အိမာမ်မွတ်စ်လင်မ်(ရဟ)က ဆင့်ပြန်သည်မှာ အကြင်သူသည် စူရဟ်ကဟဖ်၏ အာယသ် ၁၀ ခုကို အာဂုံကျက်မှတ်
လျှင် ၎င်းနောက် ဖတ်ရွတ်လျှင် ထိုသူသည် ဒတ်ဂ်ျဂျာလ်၏ ပြဿနာမှ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရမည်။

အကြင်သူသည် ဂျုမုအဟ်နေ့၊ ဂျုမုအဟ်နမာဇ်ဖတ်ပြီး စူရဟ်ဖာသိဟဟ်၊ စူရဟ်အိခ်လားစွ်၊ စူရဟ်ဖလပ်က်၊ စူရဟ်နားစ်တို့ကို (၇) ကြိမ်စီဖတ်လျှင် ရှိသမျှမွတ်စ်လင်မ်အမျိုးသား၊ အမျိုးသမီးတို့၏ အရေအတွက်နှင့် အညီ အလ္လာဟ်အရှင်မြတ်က ကုသိုလ်စဝါးဗ်ပေးသနားတော်မူမည်။

ဂျုမုအဟ်နမာဇ်ဖတ်ပြီးနောက် စူရဟ်အိခ်လားစွ်၊ ဖလပ်က်၊ နားစ် ဟူသောစူရာ (၃)ပုဒ်ကို ဖတ်လျှင် အလ္လာဟ်အရှင်မြတ်က ထိုသူ့အား ရှေ့လာမည့် ဂျုမုအဟ်နေ့အထိ မကောင်းခြင်းဟူသမျှမှ စောင့်ရှောက်တော်မူမည်ဟု လာရှိသည်။

KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment