Pages

Pages - Menu

Friday, March 6, 2015

တစ်နေ့ အကြိမ် ၅၀ အိပ်ပျော်လို့ ဒုက္ခရောက်နေသူ


RangonNewsDaily:: March . 6 .2015
အိပ်မပျော်သူတွေ အတွက် အိပ်စက်ခြင်းဆိုတာ တောင့်တ ချင်စရာ ဖြစ်ပေမယ့် ဂျက်ကီလွိုက်ကတော့ အိပ်ပျော်မှာကို တွေးကြောက် နေရှာ ပါတယ်။ လွိုက်ဟာ မကြာခဏ အိပ်ပျော်သွားတတ်တဲ့ narcolepsy ရောဂါ ခံစားနေရပြီး တစ်နေ့ကို အကြိမ် ၅၀ အထိ အိပ်ပျော်သွားတတ် လို့ စားဖိုမှူး အလုပ် ပြုတ်ခဲ့ပါတယ်။ narcolepsy ရောဂါဆိုတာ အာရုံကြော ကစဥ့်ကလျား ဖြစ်ပြီး ဦးနှောက်က အိပ်ချိန် နိုးချိန် စက်ဝန်း ပုံမှန် အလုပ်လုပ်အောင် မထိန်းချုပ် ပေးနိုင်လို့ ခဏခဏ အိပ်ပျော်သွား တတ်ပါတယ်။
The Morning သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုတွင် '' ကုသနည်း တွေလည်း စုံနေပါပြီ။ ခဏခဏ အိပ်မပျော်အောင် ဆေးနည်းမျိုးစုံနဲ့ ကုခဲ့ပါတယ်။ ကျွန်မဟာ သာမန်လူ တစ်ယောက်ရဲ့ ဘဝမျိုး ပိုင်ဆိုင်ခွင့် မရခဲ့ပါဘူး'' လို့ ဂျက်ကီလွိုက်က ပြောပါတယ်။ ဒီစကားပြောတဲ့ အချိန်မှာ ဂျက်ကီလွိုက်တစ်ယောက် ဝမ်းနည်းပက်လက် ငိုနေရှာပါတယ်။ ဂျက်ကီလွိုက်ရဲ့ အိပ်ချိန်က တစ်ရက် ၁၉ နာရီအထိ ရှိတယ်လို့ သိရပါတယ်။



ဒါ့အပြင် ဂျက်ကီလွိုက်ဟာ ဝမ်းနည်းတာ ဝမ်းသာတာ ဒေါသထွက်တာ စိတ်ပူပန်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေနဲ့ ကြုံရတဲ့အခါ ကြွက်သား အလုပ်လုပ်မှု ရပ်တန့်သွားပြီး ပုံလျက်သား လဲကျ အိပ်ပျော်သွားတဲ့ ရောဂါ (Catalepsy)ခံစားနေရပါတယ်။


ဂျက်ကီလွိုက်ရဲ့ အခြေအနေက ဘေးမှာ အဖော် တစ်ယောက် မရှိရင် အန္တရာယ် ကြုံရမယ့်ကိန်း ရှိနေလို့ ခင်ပွန်းဖြစ်သူက အလုပ်ထွက်ပြီး သူမကို အချိန်ပြည့် စောင့်ရှောက် နေရပါတယ်။

Ref: Mirror , 
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment