Pages

Pages - Menu

Wednesday, March 18, 2015

တက္ကသိုလ်ဝင်တန်းဓာတုဗေဒဘာသာရပ်ဖြေဆိုမှုတွင် ဉာဏ်စမ်း မေးခွန်းများပါရှိသည့်အတွက် မဖြေဆိုနိုင်သူ အချို့ရှိသော်လည်း အများစုဖြေဆိုနိုင်ခဲ့ကြဟုဆို

RangonNewsDaily:: March . 18 .2015
တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဓာတုဗေဒဘာသာ ရပ်ဖြေဆိုမှုတွင် ဉာဏ်စမ်းမေးခွန်း များပါရှိသည့်အတွက် မဖြေဆိုနိုင် သူအချို့ရှိသော်လည်း အများစုဖြေ ဆိုနိုင်ခဲ့ကြသည်ဟု ကျောင်းသား၊ ကျောင်းသူအချို့ထံမှ သိရသည်။
မတ် ၁၆ရက်တွင်ကျင်းပသည့် ဓာတုဗေဒဘာသာရပ်မေးခွန်းမှာ ယမန်နှစ်က စာမေးပွဲမေးခွန်းထက် အနည်းငယ်ပိုမိုခက်ခဲသည်ဟု တက္က သိုလ်ဝင်တန်း အပြင်ဖြေအဖြစ်ဝင် ရောက်ဖြေဆိုသူတစ်ဦးက ပြော သည်။
ရန်ကုန်မြို့ရှိ စာစစ်ဌာနတစ်ခု တွင် ဝင်ရောက်ဖြေဆိုသူ အပြင်ဖြေ ကျောင်းသူ မစိုးစိုးဦးက ''ဖြေနိုင် ပါတယ်။ ကွက်လပ်ဖြည့်နဲ့နှစ်မှတ် တန်ကတော့ နည်းနည်းခက်တယ်။ ညီမက အခန်း( ၃၊ ၄၊ ၁)ကိုတော့ အပိုင်ဖြေလာခဲ့တယ်။ မနှစ်ကနဲ့စာ ရင်ဒီနှစ်ပိုပြီးဖြေနိုင်ပါတယ်။ ရူပဗေ ဒဖြေတဲ့နေ့ကျရင် ဘယ်လို လာဦးမ လဲမသိဘူး။ စာရပြီးခက်တဲ့မေးခွန်း မေးရင်တော့ဘယ်လိုလုပ်ရမလဲ မသိ တော့ဘူး''ဟု ပြောသည်။

ယင်းသို့ ဉာဏ်စမ်းမေးခွန်းအ ချို့ဖြင့် မေးထားသော်လည်း ကျောင်း သား၊ ကျောင်းသူအများစုမှာ ဖြေ ဆိုနိုင်ခဲ့ကြသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ တက္ကသိုလ်ဝင်တန်း ဆရာတစ်ဦးဖြစ် သူ ဦးဇော်မင်းထွန်းက ''ဓာတုဗေဒ ဘာသာရပ်ကို ကလေးတွေမဖြေနိုင် ကြဘူး။ ဓမ္မဓိဋ္ဌာန်မေးခွန်းတွေ၊ အဓိ ပ္ပာယ်ဖွင့်ဆိုချက်မေးခွန်းတွေ သိပ်မ ဖြေနိုင်ကြဘူး လို့ပြောကြတယ်။ ဒီက ကလေးတွေက လေးမှတ်တန်မေးခွန်း တွေပဲ အဓိကထားဖြေဆိုကြတယ်'' ဟု ဆိုသည်။

ဗဟန်းမြို့နယ်ရှိကျောင်းသား တစ်ဦးက''ကျွန်တော်ကတော့ရသ မျှအကုန်လုံးဖြေခဲ့တယ်။ မရတာ တွေကိုလဲ အလွတ်မထားဘူး။ ကိုယ် သိတာဖြစ်နိုင်ခြေတွေကို ရွေးပြီး တော့ဖြေခဲ့တယ်။ အောင်မှတ်ကျော် လောက်တော့ရမှာပါ။ မနက်ဖြန် ဖြေမယ့်ဘာသာရပ်အတွက်တော့ ပြန်နွှေးရုံပဲ''ဟု ပြောသည်။

ကျောင်းသားမိဘတစ်ဦးက ပြောကြားရာတွင်''သားကတော့ ဖြေ နိုင်တယ်လို့ပြောတယ်။ အင်္ဂလိပ် စာနေ့က သူသိပ်မဖြေနိုင်ဘူးလို့ပြော တယ်။ ဂုဏ်ထူးတွေဘာတွေမမှန်း ပါဘူး။ အမှတ်ကောင်းကောင်းလေး နဲ့အောင်ရင် တော်ပါပြီ။ အမှတ် ကောင်းမှလည်း ကိုယ်တက်ချင်တဲ့ တက္ကသိုလ်တက်လို့ရမှာလေ''ဟု ပြောသည်။

ယခုအခါ ၂ဝ၁၅ခုနှစ်တက္က သိုလ်ဝင်တန်းစာပေးပွဲတွင် မြန်မာ စာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စိတ်ကြိုက် မြန်မာစာနှင့်ဓာတုဗေဒဘာသာရပ် တို့ဖြေဆိုကြပြီးဖြစ်ကာ မတ် ၁၇ရက် တွင် ရူပဗေဒဘာသာရပ်၊ ၁၈ရက် နေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာ သာရပ်၊ ၁၉ရက်နေ့တွင် ပထဝီဝင် ဘာသာရပ်နှင့် ၂ဝရက်နေ့တွင် သ မိုင်းဘာသာရပ်စာမေးပွဲတို့ ဆက် လက်ကျင်းပ မည်ဖြစ်ကြောင်း သိရ သည်။

ဒီမိုကရေစီတူဒေး ,KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment