Pages

Pages - Menu

Sunday, March 22, 2015

ယီမင်နိုင်ငံ ဗလီ ၂ လုံးတွင် အသေခံဗုံးခွဲ၊ ၁၀၀ ကျော် သေဆုံး


RangonNewsDaily:: March . 22 .2015
ယီမင်နိုင်ငံ မြို့တော်စာနာရဲ့ ဗလီ ၂ လုံးထဲ မတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဝတ်ပြုဆုတောင်းနေတုန်း အကြမ်းဖက်သမား ၄ ဦးက အသေခံဗုံးဖောက်ခွဲခဲ့လို့ အနည်းဆုံး လူ ၁၂၆ ယောက် သေဆုံးကြောင်း လုံခြုံရေးနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။
အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး လူအယောက် ၂၀၀ လောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဗလီ ၂ ခုလုံးဟာ ရှီးယိုက်မွတ်စလင် ဟူသီအုပ်စုကို ထောက်ခံသူတွေ အဓိက သုံးတဲ့ ဗလီအဖြစ် လူသိများပါတယ်။

လောလောဆယ် ယီမင်နိုင်ငံတွင်း ဟူသီတွေက အစိုးရကို ထိန်းချုပ်ထားပါတယ်။ မတ် ၁၉ ရက်နေ့ကလည်း အမျိုးအမည်မသိတဲ့ စစ်လေယာဉ်တစီးက နိုင်ငံတောင်ပိုင်း အေဒင်မြို့က သမ္မတနန်းတော်ကို တိုက်ခိုက်ခဲ့ပါသေးတယ်။


အီရတ်နဲ့ဆီးရီးယားက ကျယ်ပြန့်တဲ့ နယ်မြေတွေကို သိမ်းပိုက်ထားတဲ့ အယ်လ်ကိုင်းဒါးသင်းကွဲ အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ဒီတိုက်ခိုက်မှုတွေကို သူတို့လုပ်တာလို့ တွစ်တာလူမှုကွန်ရက်ပေါ် တင်လာတဲ့ ကြေညာချက်ထဲမှာ ပြောပါတယ်။


စာနာမြို့တော်က ဆေးရုံတွေကတော့ လူနာအများအပြားကို ကုသဖို့ သွေးလှူရှင်တွေကို အကူအညီ တောင်းခံထားပါတယ်။


DVB , 
KOLATT(PBDN)

RangonNewsDaily



No comments:

Post a Comment