Pages

Pages - Menu

Sunday, February 22, 2015

ဒူဘိုင်းတွင် The Torch အမည်ရှိ မိုးမျှော်တိုက်တစ်ခု၌ မီးလောင်မှုဖြစ်ပွား


RangonNewsDaily:: February . 22 .2015
အာရပ် စော်ဘွားများ ပြည်ထောင်စု နိုင်ငံ၊ ဒူဘိုင်းရှိ မိုးမျှော်တိုက်ကြီးတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက်အစောပိုင်း၊ ဒေသစံတော်ချိန် (၂)နာရီခန့်က စတင်လောင်ကျွမ်းသော မီးသည် (၈၆)ထပ် တိုက်ကြီး၏ တိုက်ခန်း အတော်များများသို့ ကူးစက်ခဲ့သော်လည်း ကံအားလျော်စွာဖြင့် အသေအပျောက် မရှိခဲ့ဟု သိရှိရသည်။

သတင်းဌာနများက အဝါရောင် မီးတောက်ကြီးများ လောင်ကျွမ်းနေသည့် အဆောက်အအုံ အရှေ့မြောက်ဘက်ခြမ်း ပုံရိပ်ကို ထုတ်လွှင့် ပြသခဲ့ကြသည်။ မီးလောင်သည့် နေရာတစ်ဝိုက်မှ အပျက်အစီးများသည် အနီးရှိ လမ်းများ၊ ပလက်ဖောင်းများပေါ်သို့ ကျရောက်ခဲ့သည်။ လေတိုက်နှုန်း ပြင်းထန်မှုကြောင့် အပျက်အစီးများသည် အဝေးထိ လွင့်စင်သွားခဲ့ကြောင်းလည်း မျက်မြင်များက ဆိုသည်။
::
ပြည်သူ့လုံခြုံရေးဌာန တာဝန်ရှိသူများက မီးလောင်မှုအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိကြောင်း သတင်းပေးပို့မှု တစ်စုံတစ်ရာ မရှိခဲ့ဟု ဆိုသည်။ အနည်းဆုံး မီးသတ်ယာဉ် တစ်ဒါဇင်ခန့် ပူးပေါင်းငြှိမ်းသတ်ပြီးနောက် မီးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ မီးလောင်နေစဉ်အတွင်း မိုးမျှော်တိုက်၏ အနီးတဝိုက်ရှိ အဆောက်အအုံ နှစ်ခုတွင် နေထိုင်သူများကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။
::
မီးလောင်မှု ဖြစ်ပွားရာ မာရီနာ ဧရိယာသည် အထပ်မြင့် မျှော်စင်ကြီးများနှင့် ဟိုတယ်ကြီးများ တည်ရှိသည့် နေရာလည်း ဖြစ်သည်။ မီးလောင်မှုနှင့် ပတ်သက်သည့် အကြောင်းရင်းကိုမူ တိတိကျကျ မသိရှိရသေးချေ။ The Torchဟု အမည်ပေးထားသည့် အဆိုပါ မိုးမျှော်တိုက်ကြီးကို ၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံး လူနေ အဆောက်အအုံများ စာရင်းတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း သိရှိရသည်။

USA Today ::--KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment