Pages

Pages - Menu

Wednesday, February 18, 2015

လားရှိုးတွင် မြေကော်စက်ဘရိတ်ပေါက်ရာမှ ဆိုင်ကယ် ၈စီးနှင့် ဗိုလ်ကြီးတစ်ဦးအားတိုက်မိ၍ ပွဲချင်းပြီးသေဆုံး


RangonNewsDaily:: February . 17 .2015
လားရှိုးဘူတာလမ်းမကြီးပေါ်တွင် ဘူဒိုဇာ မြေကော်စက်ကြီး မောင်းနှင်လာရာမှ ရုတ်တရက်ဘရိတ်ပေါက်၍ လမ်းဘေးရပ်ထားသော ဆိုင်ကယ်(၈)စီးနှင့် လူတစ်ဦးကို ကြိတ်မိကာ ပွဲချင်းပြီးသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖေါ်ဝါရီလ(၁၄)ရက် ညနေ (၅း၀၀)အချိန်ကဖြစ်ပွားခဲ့သည်။
လားရှိုးတက္ကသိုလ်ဘက်မှ ဘူတာလမ်းမကြီးအ တိုင်း မောင်းနှင်လာသည့် မြေထိုးစက်သည် ဘရိတ်ပေါက်ကာ ယာဉ်ရှေ့ဂေါ်ဖြင့် လမ်းပေါ်အားထောက်ကာ အရှိန်သတ်ရန် ကြိုးစားရာမှ လမ်းဘယ်ညာသို့ ရောက်ရှိကာ ရပ်ထားသည့် ဆိုင်ကယ် ၈စီးအား တိုက်မိပြီး လမ်းဘေးအကြော်ဆိုင်မှ ထွက်လာကာ ဆိုင်ကယ်ကို နောက်ဆုတ်တွန်းရန် ပြင်နေသည့် အမှတ် (၁၀) စစ်မြေပြင်ဆေးတပ်ရင်းမှ ကြည်းဗိုလ်ငြိမ်းချမ်းအောင် (အသက် ၂၇နှစ်)အား တိုက်မိကာ ဦးခေါင်းကွဲကြေဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
::
ထို့ပြင် လမ်းဘေးတွင် ရပ်နေသည့် အသက် ၂၇နှစ်အရွယ် ကိုဘိုဘိုနှင့် အသက် ၇၁နှစ်အရွယ် ဦးငြိမ်းဝေတို့ကို ထပ်ဆင့်တိုက်မိခဲ့ရာ မစိုးရိမ်ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။
ဘူဒိုဇာယာဉ်မောင်းကို လားရှိုးမြို့ နယ်မြေခံရဲစခန်းမှ ယာဉ်(ပ)၇/၂၀၁၅ ပုဒ်မ၃၀၄(က)၃၃၈- ၃၃၇တို့အရ အရေးယူ ဆောင်ရွက်လျှက်ရှိသည်။


Mizzima ::--KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment