Pages

Pages - Menu

Wednesday, February 25, 2015

ထိုင်းနိုင်ငံတွင် ဘတ် ၁ဝ၀ တန်အသစ် ထုတ်ဝေ


RangonNewsDaily:: February . 25 .2015
ထိုင်းနိုင်ငံမှာ နောက်ထပ်ပုံစံအသစ်တမျိုးနဲ့ ဘတ် ၁၀၀ တန် ငွေစက္ကူထုတ်ဝေမယ်လို့ ထိုင်း အခြေစိုက် နေရှင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းအမျိုးသားဗဟိုဘဏ်ဌာန စီမံခန့်ခွဲရေးဒုညွှန်ချုပ် ဖိုင်းဘွန်း ကစ်သီဆရီဂန်ဝမ်က ဒီငွေစက္ကူကို ထိုင်းနိုင်ငံရဲ့ ထွန်းပူရီးခေတ်က ရှင်ဘုရင် တာ့ခ်ဆင်မဟာရာ့ခ်ျကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ဝေ တာလို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိသုံးစွဲနေတဲ့ ဘတ် ၁၀၀ တန် ငွေစက္ကူထက် ပိုမိုလှပတဲ့ဒီဇိုင်းနဲ့ အတုအပ ထုတ်လုပ်ခြင်းမှ ကာကွယ်နိုင်အောင် အိုင်တီနည်းပညာအသုံးပြုထုတ်လုပ်ထားတာ ဖြစ်လို့ ငွေစက္ကူအတု နဲ့ အစစ်ကို သာမန်မျက်စိအမြင်နဲ့ရော စက်နဲ့ပါ ခွဲခြားသိမြင်နိုင်မယ်လို့ ဆိုပါတယ်။
::
ဒါပေမယ့် အရောင်အသွေးနဲ့ အရွယ်အစားကတော့ လက်ရှိသုံးစွဲနေတဲ့ ၁၀၀ တန် ငွေစက္ကူနဲ့ အတူတူပင်ဖြစ်ပြီး လက်ရှိငွေကိုလည်း ဆက်လက်သုံးစွဲနိုင်ကြောင်း၊ ဒီငွေစက္ကူတွေကို ဖေဖော်ဝါရီ ၂၆ ရက်မှာ စတင်ထုတ်ပေးသွားမယ်လို့ ဗဟိုဘဏ် ဒုညွှန်မှူးရဲ့အပြောကို ကိုးကားပြီး နေးရှင်းသတင်းမှာ ဖော်ပြသွားပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment