Pages

Pages - Menu

Thursday, February 12, 2015

ဗိုလ်ချုပ်ရာပြည့်ပွဲနေ့တွင် ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်ရှိ ဗိုလ်ချုပ်နေခဲ့သည့် အခန်းကို ကျောင်းသားများ ကြည့်နိုင်ရန် ဖွင့်ထားမည်


RangonNewsDaily:: February . 12 .2015
ဖေဖော်ဝါရီ ၁၃ ရက် တွင် ကျရောက်မည့် ဗိုလ်ချုပ် အောင်ဆန်း ရာပြည့်မွေးနေ့အ ထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သည့် ရန်ကုန်တက္က သိုလ် ပဲခူးဆောင် အခန်းအမှတ် (၁၁၃) ကို တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ ၀င်ရောက်ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ်အောင်ဆန်း နေ ထိုင်ခဲ့သည့် ပဲခူးဆောင်အခန်းအ မှတ် (၁၁၃) ကို ဖေဖော်ဝါရီ ၁၃ ရက်တွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တက္က သိုလ် ဒုပါမောက္ခချုပ် ဒေါက်တာကျော်နိုင်က ပြောသည်။

‘‘ဗိုလ်ချုပ်အောင်ဆန်းနေခဲ့ တဲ့ ပဲခူးဆောင်က အခန်းကို သူနေခဲ့တဲ့အတိုင်းပဲ ထားထားတယ်။ အဲဒီနေ့ တစ်ရက်မှာ အခန်းကို ကျောင်းသူ၊ ကျောင်းသားတွေ တန်းစီပြီး ၀င်ကြည့်လို့ရအောင် စီစဉ်ပေးထားတယ်။ ကျောင်းဝင်း အတွင်းမှာပဲ ပျော်ပွဲရွှင်ပွဲလုပ်တာ ဆိုတော့ အပြင်ကျောင်းသားတွေ ကို ပေးဝင်မှာ မဟုတ်ပါဘူး’’ဟု ၎င်းက ပြောသည်။
::
ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်တက္ကသိုလ်အတွင်း၌ဗိုလ်ချုပ်အောင်ဆန်းရာပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် စကားရည်လုပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဈေးရောင်းပွဲများ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန ကျောင်းသူ၊ ကျောင်းသားများစုပေါင်း၍ ထမနဲထိုးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်တွင် ဗိုလ်ချုပ်အောင်ဆန်း တက်ရောက် ပညာသင်ကြားစဉ်က ၁၉၃၆-၁၉၃၇ တွင် ပဲခူးဆောင်အပေါ်ထပ်ရှိ အခန်းအမှတ် (၁၁၃) ၌ နေထိုင်ခဲ့ပြီး ပဲခူးဆောင်သဟာရနှင့် စာဖတ်အသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ယခုအခါတွင် ရန်ကုန်တက္က သိုလ်ရှိ ပဲခူးဆောင်ကို ကျောင်းသားများအား နေထိုင်ခွင့်ပြုသော်လည်း ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သည့် အခန်းအမှတ် (၁၁၃) ကို နေထိုင်ခွင့်မပြုဘဲ နဂိုအတိုင်းသာထားရှိခဲ့သည်။
::
ဗိုလ်ချုပ်နေထိုင်ခဲ့သည့် ပဲခူးဆောင်ကို ၂၀၁၅ ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် အခန်းအမှတ်(၁၁၃)၌ ၁၉၃၆−၃၇ ပညာသင်နှစ်က တက်ရောက်ပညာသင်ကြားခဲ့သည်။

(ဓာတ်ပုံ − နစ်ကီ)
7Day Daily ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment