Pages

Pages - Menu

Sunday, February 1, 2015

မြန်မာ့အရေးဆွေးနွေးရန် ကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ထပ်လာမည်

RangonNewsDaily:: January . 31 .2015
ကချင်တိုင်းရင်းသူ ဆရာမနှစ်ဦးအသတ်ခံရသည့် ကိစ္စပွင့်လင်းမြင်သာသည့်စုံစမ်း စစ်ဆေးမှုများပြုလုပ်ရန်တိုက် တွန်းရေးအပါအဝင် မြန်မာ့အရေး နှင့်ပတ်သက်သည့်ဆွေးနွေးမှုများ ပြုလုပ်ရန် အမေရိကန်ပြည် ထောင်စုအရှေ့အာရှပစိဖိတ်ရေးရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီးစကော့မာရှယ် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးမာရှယ်သည် ကချင်တိုင်း ရင်းသူဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့်ကိစ္စနှင့်ပတ် သက်၍ အမေရိကန်ရောက်ကချင် မဟာမိတ်အဖွဲ့များနှင့် ဇန်နဝါရီ ၂၈ ရက်ကတွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၃ရက်မှ ၆ရက်အထိသုံးရက်ကြာ လာ ရောက်မည်ဖြစ်သည်။

၎င်း၏မြန်မာခရီးစဉ်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့် ရှမ်း ပြည်နယ်များသို့သွားရောက်မည် ဖြစ်ပြီး မြန်မာ့အရေးနှင့်ပတ်သက် ၍ အစိုးရအဖွဲ့ဝင်များ၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် တွေ့ ဆုံမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

ရှမ်းပြည်နယ်ခရီးစဉ်တွင် ကချင်ဆရာမနှစ်ဦးအသတ်ခံရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာအထိ သွားရောက်ရန်ရှိ၊ မရှိကိုမူ မြန်မာအစိုးရဘက်က အတည်ပြုချက်မပေးခဲ့ပေ။

‘‘သူလာမှာတော့သိပါတယ်။အစိုးရအဖွဲ့နဲ့လည်းတွေ့ပါမယ်။ ရှမ်းပြည်သွားဖို့ရှိတယ်ဆိုပေမယ့် အဲဒီအခင်းဖြစ်တဲ့နေရာကိုသွား၊ မသွားကမသိသေးပါဘူး။ မြန်မာ နိုင်ငံမှာဖြစ်တဲ့အမှုအခင်းတစ်ခု ကို တခြားနိုင်ငံက လာရောက်စစ် ဆေးတယ်ဆိုတာကလည်း နှစ် နိုင်ငံသဘောတူရင်တော့လုပ်လို့ ရပါတယ်။ 

ဒါက နှစ်ဖက်သဘော တူဖို့လိုပါတယ်’’ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ အရာရှိကြီးတစ်ဦးက ပြောသည်။

လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးမာရှယ်သည် ယခုနှစ်ဆန်း ပိုင်းနှစ်လအတွင်း မြန်မာနိုင်ငံသို့ သုံးဦးမြောက်လာရောက်သည့် အမေရိကန်အရာရှိတစ်ဦးဖြစ်သည်။ ကချင်စေတနာ့ဝန်ထမ်းဆရာမနှစ်ဦးအသတ်ခံရမှုအတွက် အမှုမှန်ပေါ်ပေါက်ရေးကို အမေရိကန်အစိုးရကတိုက်တွန်း ထားသည်။

ထို့ပြင် ကချင်မဟာမိတ် အဖွဲ့များ၊ အမေရိကန်လက် ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ် မာလီနောစကီးနှင့် ယခုလာ ရောက်မည့် လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီးမာရှယ်တို့သည် ဆရာမနှစ်ဦးအမှုနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အမှုကိုကူညီနိုင် ရန် အမေရိကန်ကနည်းလမ်းရှာ ဖွေနေကြောင်း VOA သတင်းဌာန ကဖော်ပြသည်။

လတ်တလောတွင် ကချင် တိုင်းရင်းသူဆရာမနှစ်ဦးအမှု ကို ကောင်းခါးကျေးရွာ၌ စစ် ဆေးမှုများပြုလုပ်နေပြီးမကြာမီ တရားရုံးသို့တရားစွဲဆိုတင်ပို့ရန် စီစဉ်နေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောကြား သည်။
‘‘ဒီရက်ပိုင်း ကောင်းခါးရွာ မှာပဲ လေးငါးရက်နေပြီး ကျွန် တော်တို့စစ်တယ်။ တရားရုံးမှာ တော့မဟုတ်ဘူး။ စစ်တာတော့ စစ်နေပြီ။ မကြာခင်တော့ တရား ရုံးရောက်နိုင်အောင်လုပ်သွားမှာ ပါ’’ဟု၎င်းကပြောသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment