Pages

Pages - Menu

Friday, January 23, 2015

လုပ်အားခငွေ တောင်းခံသည့် ကိစ္စနှင့်ပတ်သက်၍ စကားများစဉ် တိုက်ပေါ်မှ တွန်းချခဲ့သဖြင့် သေဆုံးခဲ့မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ


RangonNewsDaily:: January . 23 .2015
လှိုင်သာယာမြို့နယ်နေ ဦးမြင့်ဌေး၊ (၆၀)နှစ်မှ ၎င်းသည် ဗိုလ်တထောင်မြို့နယ်၊ (၃)ရပ်ကွက်၊ စန္ဒကူး လမ်းရှိ ကန်ထရိုက်တိုက် ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ညီဖြစ်သူ ပေါ်ဦး၊ (၄၂)နှစ်နှင့်အတူ ပန်းရံ လုပ်ကိုင်လျက်ရှိကြောင်း၊
၎င်းတို့(၂)ဦးမှာ အဆိုပါ ဆောက်လက်စတိုက် မြေညီထပ်တွင် အလုပ်သမား ခေါင်းဆောင်ဖြစ်သူ ထွန်းထွန်းနှင့် ဇနီး မငြိမ်းငြိမ်း၊ အလုပ်သမား ရဲရင့်အောင်တို့နှင့်အတူ နေထိုင် ကြကြောင်း၊ ၁၈.၁.၂၀၁၅ ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင် ၎င်းနှင့်ညီဖြစ်သူ ပေါ်ဦး၊ ထွန်းထွန်းတို့မှာ အတူအရက်သောက်ခဲ့ကြပြီး ၁၈၀၀ အချိန်ခန့်တွင် ညီဖြစ်သူ ပေါ်ဦးမှ လုပ်အားခငွေကို ထွန်းထွန်းထံ တောင်းရာမှ စကားများခဲ့သဖြင့် ၎င်းမှဖြန်ဖြေ ပေးခဲ့ရကြောင်း၊ ယင်းနောက် ရဲရင့်အောင် အပြင်မှ ပြန်ရောက်လာပြီး ညီဖြစ်သူနှင့်အတူ ထမင်းစားထွက်သွား၍ ၎င်းလည်း အိပ်ယာဝင်ခဲ့ကြောင်း၊ ၂၀၀၀ အချိန်ခန့်တွင် ထွန်းထွန်း၏ဇနီးဖြစ်သူ မငြိမ်းငြိမ်း၏ အော်သံကြား၍ထကြည့်ရာ ညီဖြစ်သူ ပေါ်ဦးမှာ မြေပြင်တွင် လဲကျနေသည်ကို တွေ့ရှိရသဖြင့် ရဲရင့်အောင်အားမေးမြန်းရာ ထွန်းထွန်းမှ ရန်စကားပြော နေသဖြင့် ရဲရင့်အောင်နှင့် ပေါ်ဦးတို့မှ တိုက်၏(၅)လွှာသို့တက်၍ရှောင်နေခဲ့ကြောင်း၊ ထွန်းထွန်းမှာ နောက်မှလိုက်လာပြီး ပေါ်ဦးနှင့် ထပ်မံစကားများစဉ် ထွန်းထွန်းမှ ရုတ်တရက်တွန်းချလိုက်ခြင်း ဖြစ်ကြောင်းသိရှိရပြီး ညီဖြစ်သူ ပေါ်ဦးအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် လမ်း၌သေဆုံး သွားကြောင်းနှင့် ယင်းသို့ ကျူးလွန်ခဲ့သူ ထွန်းထွန်းအား အရေးယူပေးရန် တိုင်တန်းလာခဲ့သည်။

တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း(ပ)၁၁/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ထွန်းထွန်းအား ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။
::
အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ထွန်းထွန်းအား ဖမ်းဆီး ရမိရေးအတွက် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှတပ်ဖွဲ့ဝင်များနှင့် ဗိုလ်တထောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ စုံစမ်း ဆောင်ရွက်ခဲ့ရာ ၎င်းအား ၂၀.၁.၂၀၁၅ ရက်နေ့ ၁၄၃၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ပန်တိုင်ကျေးရွာထိပ်၊ ရန်ကုန်-ပုသိမ်ကားလမ်းရှိ အမှတ်(၉၁)ကားဂိတ် အနီးမှ ဖမ်းဆီးရမိခဲ့သည်။
::
ဖမ်းဆီးရမိသူ ထွန်းထွန်း၊ (၄၀)နှစ်အားစစ်မေးရာ ၎င်းသည် အခင်းဖြစ်ချိန်က ပေါ်ဦးနှင့် ရဲရင့်အောင်တို့ ရှိရာ တိုက်(၅)လွှာသို့တက်လိုက်သွားစဉ် ၎င်းတို့(၂)ဦးမှာ တိုက်လက်ရမ်းဝရန်တာ ပေါ်တွင်ခွထိုင်ကာ စကားပြောနေသည်ကိုတွေ့ရှိရပြီး လုပ်အားခငွေတောင်းခံသည့် ကိစ္စနှင့် ပတ်သက်၍ ပေါ်ဦးနှင့် ထပ်မံစကားများရာမှ ပေါ်ဦးအား တွန်းလိုက်ရာ တိုက်အောက်သို့ပြုတ်ကျ သွားခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ၎င်းကို အမှုဖြင့်ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment