Pages

Pages - Menu

Wednesday, January 14, 2015

မြန်မာ့ဆက်သွယ်ရေး၏ ဆွေသဟာ ၀န်ဆောင်မှု မှတ်ပုံတင်ရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေ

RangonNewsDaily:: January . 14 .2015
အမ်ပီတီ၏ ဆွေသဟာ ၀န်ဆောင်မှုအသစ် အသုံးပြုရန် မှတ်ပုံတင်ခြင်းနှင့် အင်တာနက် အသုံးပြုခြင်းတို့ ပြုလုပ်ရာ၌ အ ဆင်မပြေမှုများ ကြုံတွေ့ခဲ့ရ ကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူ များထံမှ သတင်းရရှိသည်။
‘‘ဆွေသဟာကို စမ်းသုံး ကြည့်ဖို့အတွက် SMS နံပါတ် ၁၃၃၂ ကို SWE လို့ ရိုက်ပြီးပို့ တာ ဘာမှလည်းအကြောင်း ပြန် မလာဘူး။ အခုထိ သုံးလို့မရသေး ဘူး’’ဟု မြောက်ဥက္ကလာပမြို့နယ် နေ မိုဘိုင်းဖုန်း အသုံးပြုသူ ကိုဝေယံဦးက ပြောသည်။

ထို့အပြင် ဆွေသဟာဖြင့် အင်တာနက်အသုံးပြုရာ၌ ဖုန်းဘီလ်ဖြတ်တောက်သည့် ပုံစံတွင်အဆင်မပြေမှုများနှင့် ကြုံတွေ့ ခဲ့ရကြောင်း အသုံးပြုသူများကဆို သည်။
::
‘‘အင်တာနက်အခမဲ့ 50MB ပေးတယ်ဆိုလို့ သုံးကြည့်တယ်။ 50MB ကျော်သွားတဲ့အထိ ဘီလ် မဖြတ်လို့ဆိုပြီး စစ်ကြည့်တယ်။ အဲဒါနဲ့ ခဏနေတော့ အင်တာ နက်ပိတ်ပြီး ဘီလ်ထပ်စစ်ကြည့် တယ်။ ဘယ်လောက်ကုန်လဲဆို တာ မပြဘူး။ နောက်ဆုံး ဖုန်း ဘီလ်တစ်ကျပ်ပဲ ကျန်တော့တယ် ဆိုပြီး SMS ပို့လာတယ်’’ ဟု အမ် ပီတီဖုန်းအသုံးပြုသူကို အောင် ကျော်ခိုင်က ပြောသည်။

ဆွေသဟာအစီအစဉ်သည် ယခုမှ စတင်ချိန်ဖြစ်သည့်အတွက် ၀န်ဆောင်မှု အသုံးပြုနိုင်ရန်လျှောက်ထားရာတွင် စက်ပိုင်းဆိုင်ရာ နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့၍ အဆင်မပြေမှုများ ပေါ်ပေါက်ခဲ့ ခြင်းဖြစ်သည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
::
‘‘၀န်ဆောင်မှုက အခုမှ စပေးတဲ့အတွက် လျှောက်တဲ့လူ များလာတဲ့အခါ တာဝါတွေက Loading များတော့ နှေးကွေးမှု တွေ ဖြစ်ပေါ်တဲ့အတွက်ပါ။ အခု နောက်ပိုင်းတော့ ဖြေရှင်းပြီးသွား ပါပြီ။ အဆင်မပြေတဲ့လူတွေ အ နေနဲ့ အမ်ပီတီရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာမှာ ဖုန်းနံပါတ်နဲ့ တိုင် ကြားနိုင်ပါတယ်’’ဟု မြန်မာ့ဆက် သွယ်ရေးမှ မိုဘိုင်းအင်ဂျင်နီယာ မှူး ဦးအောင်ကျော်သက်က ပြော သည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment