Pages

Pages - Menu

Tuesday, January 27, 2015

နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရန် ငွေကျပ် ဘီလီယံ ၂၉၀၀ ကျော် တောင်းခံ

RangonNewsDaily:: January . 27 .2015
လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရဝန်ထမ်းများကို လစာ တိုးမြှင့်ပေးနိုင်ရန်အတွက် ငွေကျပ် ၂၉၀၁ ဒသမ ၇၆၃ ဘီလီယံကို တောင်းခံထားကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

ဇန်နဝါရီ ၂၆ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရာတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

ယင်းသို့ လျာထား တောင်းခံထားသော်လည်း ဝန်ထမ်းများကို သင့်တင့်မျှတသော လစာကိုသာ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လစာတိုးမြှင့်ရေး ကိစ္စအပြင် နိုင်ငံ့ဝန်ထမ်းများအတွက် အခမဲ့ဆေးကုသခွင့် ရရှိရန် ကျန်းမာရေး ဝန်ကြီးဌာန၏ အသုံးစရိတ်တွင် ကျပ် ၃၇ ဒသမ ၄၉၂ ဘီလီယံ ထည့်သွင်းထားကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။
ယင်းသို့ လစာတိုးမြှင့်လိုက်ပါက နိုင်ငံအတွင်း အခက်အခဲအချို့ ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါ အခက်အခဲများကို လွှတ်တော်နှင့် အစိုးရတို့ ပူးပေါင်းဖြေရှင်းရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဝန်ထမ်းလစာ တိုးမြှင့်ရေးတွင် ဝန်ထမ်းတစ်ဦးစီအတွက် တိုးမြှင့်မည့် လစာနှုန်းထားကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

နိုင်ငံ့ဝန်ထမ်းများ ဖြစ်သော ရဲ၊ တပ်နှင့် အစိုးရ ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် သင့်တင့်သော လစာတိုးမြှင့်ရေးကို ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းပေါင်း ၁၄ သိန်းခန့် ရှိကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

The Voice , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment