Pages

Pages - Menu

Monday, January 12, 2015

ခရိုအေးရှား သမ္မတရွေးကောက်ပွဲတွင် ဂရက်ဘာကီတာရိုဗစ် ပထမဆုံး အနိုင်ရ အမျိုးသမီး ဖြစ်လာ


RangonNewsDaily:: January . 12 .2015
အတိုက်အခံခေါင်းဆောင် ကိုလင်ဒါ ဘရက်ဘာကီတာရိုဗစ်သည် ခရိုအေးရှား သမ္မတရွေးကောက်ပွဲတွင် ပထမဆုံး အနိုင်ရရှိသည့် အမျိုးသမီး ဖြစ်လာခဲ့သည်။
ပြိုင်ဘက်ဖြစ်သော အီဗိုဂျိုစီပိုဗစ်အား နှာတဖျားအသာဖြင့် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။ သူမက မဲအရေအတွက် ၅၀ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကာ ဂျိုစီပိုဗစ်မှာမူ ၄၉ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။
::
မစ္စတာ ဂျိုစီပိုဗစ်က ၎င်း၏ ရှုံးနိမ့်မှုအပေါ် ကျေနပ်လက်ခံခဲ့ပြီး ပြိုင်ဘက်ဖြစ်သည့် ဂရက်ဘာအား ဂုဏ်ပြုစကား ဆိုခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဂရက်ဘာ၏ အောင်မြင်မှုက ၆ နှစ်ဆက်တိုက် အရေးနိမ့်လာခဲ့သည့် ဗဟိုလက်ဝဲ ညွန့်ပေါင်းအဖွဲ့ကို အလှည့်အပြောင်း ဖြစ်လာစေခဲ့သည့် လက္ခဏာပင် ဖြစ်သည်။

ယခုနှစ်ကုန်ပိုင်း ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများ မတိုင်မီ ပါတီများအကြား ပြည်သူထောက်ခံချက်ရရှိမှုကို ရှေ့ပြေးအနေဖြင့် စမ်းသပ် ပြုလုပ်သော ရွေးကောက်ပွဲလည်း ဖြစ်သည်။
::
သမ္မတကိုယ်စားလှယ်လောင်းနှစ်ဦးကြားမှ ရမှတ် ကွာခြားချက်မှာ တစ်ရာခိုင်နှုန်းသာ ရှိနေခြင်းလည်း ဖြစ်သည်။
မစ်ဂရက်ဘာသည် ၁၉၉၁ ခုနှစ်တွင် ယူဂိုဆလားဗီးယားနိုင်ငံတွင်းမှ ခွဲထွက်၍ လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့သည့် ခရိုအေးရှန်းဒီမိုကရက်တစ် ယူနီယံ (HDZ) အဖွဲ့ဝင် ဖြစ်သည်။
::
အသက် ၄၆ နှစ် ရှိပြီ ဖြစ်ကာ နိုင်ငံခြားရေးဝန်ကြီးနှင့် နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ်၏ လက်ထောက် အဖြစ် တာဝန်ထမ်ဆောင်ခဲ့ဖူးသည်။

"ခရိုအေးရှားဟာ သာယာဝပြောပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတခု ဖြစ်မလာနိုင်ဘူးလို့ လာပြောတာမျိုးကို ကျွန်မ လက်မခံနိုင်ဘူး" ဟု ထောက်ခံသူများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ စီးပွားရေးအကျပ်အတည်းအား ကိုင်တွယ်ဖြေရှင်းနိုင်ငံ တမျိုးသားလုံး၏ သွေးစည်းညီညွတ်မှု လိုအပ်ကြောင်း သူမက တောင်းဆိုလိုက်သည်။
::
သူမနှင့် ပြိုင်ဘက်ဖြစ်သည့် မစ္စတာ ဂျိုစီပိုဗစ် (၅၇ နှစ်) မှာ ၂၀၁၀ ပြည့်နှစ်မှ စ၍ သမ္မတ အဖြစ်တင်မြောက် ခံခဲ့ရသည်။ ဒုတိယ သမ္မတသက်တမ်းအတွက် ယခုထပ်မံ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကာ ၎င်းသည် တရားဥပဒေပညာရှင်၊ ဂန္တ၀င်တေးရေးဆရာတဦးလည်း ဖြစ်သည်။

ခရိုအေးရှားသည် ၂၀၁၃ ဇူလိုင်တွင် EU အဖွဲ့ဝင် နိုင်ငံ ဖြစ်လာပြီး အလုပ်လက်မဲ့နှုန်းက လူ ၅ ယောက်တွင် ၁ ယောက်နှုန်း ရှိသည်။

Ref: BBC
News Watch Journal ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment