Pages

Pages - Menu

Saturday, January 17, 2015

သေသွားတဲ့အခါ ဘယ်လိုနာမည် ကျန်ချင်လဲ ဆိုတဲ့အပေါ်ပဲ မူတည်ပြီး အသက်ရှင်နေပါတယ်


RangonNewsDaily:: January . 17 .2015
နာမည်ကျော်တေးသံရှင် ဖြူဖြူကျော်သိန်းက သင်္ကြန် မတိုင်ခင်မှာ သူမရဲ့ ကိုယ်ပိုင်သံစဉ်တေးသီချင်းခွေဖြစ် တဲ့ ''နာမည်ကျန်နေရစ် မယ်''ဆိုတဲ့ သီချင်းခွေလေးကို ထွက်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
သီချင်းတစ်ခွေလုံးမှာ ရော့ခ်ကိုယ်ပိုင်သံစဉ်တေးသီချင်းများဖြစ်ပြီး ဘဝနဲ့သက်ဆိုင် တဲ့သီချင်းတွေ၊ အချစ်နဲ့ပတ်သက်တဲ့သီချင်းတွေ ပါဝင်မှာဖြစ်တယ် လို့ ဆိုပါတယ်။

''နာမည်ကျန်နေရစ်မယ်'' ဆိုတဲ့သီချင်းခွေက အရင် ဖန်တီးခဲ့တဲ့သီချင်းများနဲ့မတူ နက်နဲလှတဲ့ စာသားတွေ၊ လက်တွေ့ဆန် တဲ့သီချင်းတွေသာ ဖန်တီးထားခြင်းဖြစ်တယ်လို့ တေးသံရှင် ဖြူဖြူကျော် သိန်းက ဆိုပါတယ်။

နာမည်ကျန်နေရစ်မယ်ဆိုတဲ့သီချင်းအဓိပ္ပာယ်နဲ့ ပတ် သက်ပြီး တေးသံရှင်ဖြူဖြူကျော်သိန်းက ''လူတစ်ယောက်က အသက်ရှင် တဲ့အချိန်မှာ ဘာကိုရွေးချယ်လဲ၊ ဘာနဲ့ရပ်တည်လဲ၊ သူဟာ ကောင်းတာ လုပ်ပြီးသေရင် ကောင်းတဲ့နာမည်အတိုင်း ကျန်ရစ်မယ်၊ မကောင်းတာ လုပ်ပြီးသေရင်တောင် မကောင်းတဲ့အတိုင်း ကျန်နေမယ်။ 

အဲဒီသဘော ပဲ။ အဲဒါတွေအတွက် အသေးစိတ်ရွေးချယ်ရတာ၊ ကိုယ်ဘယ်လိုနာ မည်ကျန်ချင်လဲ၊ ကိုယ့်ရဲ့ရွေးချယ်မှုသေးသေးလေးကအစ ကိုယ့်ရဲ့နာ မည်နဲ့ပုံရိပ်ကို ထင်မှတ်စေတယ်။ အဲဒီအကြောင်းတွေ အဓိကပါဝင် မယ့်သီချင်းပါ''လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

ဖြူဖြူကျော် သိန်းအနေနဲ့ရော ဘယ်လို လူတစ်ယောက်ဖြစ်ချင်လဲလို့မေးလိုက် တော့
''ငါဘယ်လိုလူမျိုးဖြစ်ချင်လဲ။ ငါသေရင် ဘယ်လိုဖြစ်ချင် လဲ ဆိုတာတွေပဲ တွေးပြီးနေပါတယ်။ အါဒါကိုပဲတွေးပြီး နေ့ တိုင်း အသက်ရှင်နေပါတယ်။ ဖြူဖြူရွေးချယ်သမျှ ကိစ္စတိုင်း သည် ငါသေသွားတဲ့အခါ ဘယ်လိုနာမည် ကျန်ချင်လဲဆိုတဲ့ အကြောင်းအရာပေါ်ပဲမူတည်ပြီး အသက်ရှင်နေပါတယ်''လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

TheYangonTimes , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment