Pages

Pages - Menu

Thursday, January 8, 2015

ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ခြောက်ဦးနှင့် တွေ့ဆုံ


RangonNewsDaily:: January . 8 .2015
ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က အင်းစိန်ထောင် ရှိ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးနှင့် ဇန်န၀ါရီ ၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်မှ ၁၂ နာရီထိ တွေ့ဆုံခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသတင်းနှင့် ပြန်ကြားရေးမှ ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။
၎င်းသည် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံး လူ့အခွင့်အရေး အခြေအနေများကို သွားရောက်လေ့လာခြင်းဖြစ်သည်။

တွေ့ဆုံခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ လုပ်ငန်းကော်မတီဝင် ဦးရဲအောင်က "ကျွန်တော်တို့ ထောင်အခြေအနေက ဦးရေနဲ့ အဆောက်အဦးမဆန့်တဲ့အပြင် ၁၉၉၀၊ ၁၉၈၈ လောက်ထက် စာရင်သာ နည်းနည်းတိုးတက်ပေမယ့် ယန်ဟီးလီတို့ သွားတာနဲ့ အရင်အတိုင်းပြန်ပြီး ဖြစ်တာပါပဲ" ဟု ဆိုသည်။
::
အင်းစိန်ထောင်မှ နိုင်ကျဉ်းများနှင့် တွေ့ဆုံအပြီး ညနေ ၅ နာရီ မှ ၆ နာရီ ၁၅ အထိ လက်ကျန် နိုင်ငံရေး အကျဉ်းသားဟောင်း များစိစစ်ရေး အဖွဲ့ဝင်များဖြစ်ခဲ့သည့် ဦးရဲအောင်၊ ဦးကိုကိုကြီး၊ ဦးသူရ (ဇာဂနာ) တို့နှင့် ကုလသမဂ္ဂရုံး (မင်္ဂလာတောင်ညွှန့်) တွင် တွေ့ဆုံခဲ့သည်။

ဦးရဲအောင်က "အရင် နိုင်စစ်အဖွဲ့ဝင်တွေဖြစ်လို့ တွေ့တာပါ နိုင်ကျဉ်းဘယ်လောက်ရှိနေလဲ ဆိုတာကိုမေးတာပါပဲ တစ်ခြားဘာကြောင့် နိုင်ကျဉ်းတွေ ဆက်ရှိနေတာတို့ဘာတို့ကိုတော့ မမေးပါဘူး၊ မဆွေးနွေးဖြစ်ဘူး" ဟု ပြောသည်။
::
ဦးသိန်းစိန်အစိုးရလက်ထက် လက်ရှိအချိန်ထိ နိုင်ကျဉ်း ၈၂ဦးနှင့် တရားရင်ဆိုင်နေရသူ တက်ကြွလှုပ်ရှားသူ ၂၀၀ခန့် ရှိနေသေးကြောင်း ယန်ဟီးလီကို တင်ပြခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီးသည် ဇန်နဝါရီ ၇ရက်မှ ၁၆ရက်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ရှေးရှုပြီး ဒေသဖွံဖြိုးရေးအတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံသွားမည်အပြင် ရှမ်းမြောက်ပိုင်းရှိ လူ့အခွင့်အရေး အခြေအနေများကို လေ့လာမည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်
::
၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့သည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်း စာလင်းပွဲ ပြုလုပ်စဉ်။

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment