Pages

Pages - Menu

Wednesday, January 7, 2015

ရုပ်ရှင်နှင့် ဗီဒီယို ဟာသသရုပ်ဆောင် လူရွှင်တော်ပိစိ နှလုံးရောဂါဖြင့် ကွယ်လွန်


RangonNewsDaily:: January . 7 .2015
ရုပ်ရှင်နှင့် ဗီဒီယိုဟာသသရုပ်ဆောင် ဦးပိစိ(ခ)ဦးဌေးအောင်မှာ ဇန်နဝါရီ ၆ရက်၊ မွန်းလွဲ ၁၂နာရီမိနစ် ၂ဝတွင် နှလုံး ရောဂါဝေဒနာဖြင့် မန္တလေးမြို့တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ယင်းသည်ကွယ်လွန်ချိန်တွင် အသက် ၆၃နှစ်ခန့်ရှိပြီဖြစ်ကာ သားသမီး သုံးယောက် ကျန်ရစ်ခဲ့ပြီး ၄င်း၏ ကြွင်းကျန်ရစ်သော ရုပ်က လာပ်ကို ဇန်နဝါရီ ၈ရက် မွန်းတည့် ၁၂နာရီတွင် မန္တလေးမြို့ တောင်အင်း မြောက်အင်း သုဿန်သို့ပို့ဆောင်မီး သဂြိုဟ်မည်ဖြစ်သည်။

''ဦးမောစ်နဲ့ ညီအစ်ကိုလိုဖြစ် ပြီး သူရုပ်ရှင်လောကကို ရောက်ခဲ့ တယ်။ ၂ဝ၁၄ခုနှစ် မတ်လပိုင်း လောက်ကတည်းက စပြီးရောဂါ စဖြစ်တာပေါ့။ နှလုံးအဆို့ရှင် ကျဉ်းတဲ့ရောဂါပါ။ မန္တလေးအိမ် မှာပဲ ကွယ်လွန်တာပါ''ဟု ၄င်း၏ သား ဦးသူရဌေးက ပြောသည်။

ဦးပိစိမှာမန္တလေးမြို့ဇာတိဖြစ် ကာ''စိန်မြမော်''ကိုယ်ပိုင်အငြိမ့် သဘင်ကိုတည်ထောင်ခဲ့ပြီး လူရွှင် တော်အဖြစ် နယ်လှည့်ဖျော်ဖြေခဲ့ ကာ ၁၉၉၂ခုနှစ်တွင်ရုပ်ရှင်လောက သို့စတင်ဝင်ရောက်ခဲ့ပြီး အနုပညာ လုပ်ငန်းများကိုလုပ်ကိုင်ခဲ့ကာပထ မဆုံးပြုလုပ်သောမြဝတီအငြိမ့်တွင် အကောင်းဆုံးလူရွှင်တော်ဆုနှင့်အကောင်းဆုံးအငြိမ့်အဖွဲ့ဆုတို့ကိုရရှိ ခဲ့သည်။ 

၎င်းသည် ရုပ်ရှင်နှင့်ဗီဒီယို ဇာတ်ကားပေါင်း ၁ဝဝခန့် ရိုက်ကူး ခဲ့သည်။
ယင်းကွယ်လွန်ခြင်းနှင့်ပတ် သက်၍ ဟာသသရုပ်ဆောင် လူရွှင် တော်ဦးမန်းဝင်းက ''သူကွယ်လွန် တယ်လို့ကြားရတာစိတ်မကောင်း ဘူး၊ သူကအနုပညာလောကမှာ စိတ် သဘောထားကောင်းတဲ့သူတစ် ယောက်ပါ။ ဘယ်သူနဲ့မှရန်ဖြစ်တယ် ဆိုတာလဲ မရှိဘူး။ သူ့ခန္ဓာကိုယ်နဲ့ တောင်သူခံစားရတဲ့ ဝေဒနာက မမျှ ပါဘူး''ဟု ပြောသည်။

ယင်းမှာ အနုပညာလောက တွင် အငြိမ့်လူရွှင်တော်၊ ဟာသဗီဒီ ယိုသရုပ်ဆောင်၊ ရုပ်ရှင်သရုပ် ဆောင် စသည်ဖြင့် ကျရာဇာတ်ရုပ် တွင် အကောင်းဆုံး သရုပ်ဆောင်ခဲ့ သလို ဟာသပြက်လုံးများစွာကိုလည်း အခြားသော အနုပညာရှင်များနှင့် အတူတွဲဖက်ကာ ပရိသတ်များကို ဖျော်ဖြေ တင်ဆက်ခဲ့သူဖြစ်သည်။

ဒီမိုကရေစီတူဒေး , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment