Pages

Pages - Menu

Wednesday, January 21, 2015

ရီးယဲလ် တီဗွီသတင်းထောက် လူစီယာ ဗီလာလွန်နှင့် စီရော်နယ်ဒို သတင်းထွက်


RangonNewsDaily:: January . 21 .2015
ကမ္ဘာကျော် ရုရှမော်ဒယ် အီရီနာရှက်ခ်နှင့် လမ်းခွဲပြတ် ဆဲခဲ့ပြီးနောက် တစ်ပတ်မပြည့် မီမှာပင် စီရော်နယ်ဒိုသည် ရီးယဲလ် အသင်း၏ တီဗွီသတင်းထောက် လူစီယာဗီလာ လွန်အမည် ရှိကောင်မလေးနှင့် ဇာတ်လမ်းဖြစ်နေပြီဟု သတင်းများ ထွက်ပေါ် လာခဲ့သည်။

အီရီနာရှက်ခ်မ တက်ရောက်နိုင်ခဲ့သည့် ကမ္ဘာ့ အကောင်း ဆုံးဆုပေးပွဲ အခမ်းအနား အပြီးတွင် စီရော် နယ်ဒိုသည် ဗီလာလွန်နှင့်အတူ ဓာတ်ပုံတွဲရိုက် ပြီးအောင်ပွဲ ခံခဲ့သည်။

ထိုဓာတ်ပုံကို ဗီလာလွန်က သူမ၏ လူမှုဝက်ဘ်ဆိုက်အကောင့်တွင် တင်ခဲ့ပြီး 'သုံးကြိမ်မြောက် ကမ္ဘာ့ အကောင်း ဆုံးဘောလုံးသမားဆု။ ဂုဏ်ယူပါ တယ်။ ဇူးရစ်' ဟုရေး သားခဲ့သည်။

စီရော်နယ်ဒို ကလည်း အီရီနာရှက်ခ်နှင့် ဇာတ်လမ်းမှာ ပြီးဆုံးသွား ပြီဖြစ်ကြောင်း အတည်ပြု ခဲ့သည်။ 'ငါးနှစ်ကြာ တွဲခဲ့ပြီး တဲ့နောက် အီရီနာနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးက ပြီးဆုံးသွား ခဲ့ပါပြီ။

ဒီအချိန်မှာ လမ်းခွဲ ခဲ့တာက ကျွန်တော်တို့ နှစ်ယောက် စလုံးအတွက် အကောင်း ဆုံးဖြစ် မယ်လို့ယုံ ကြည် ပါတယ်။ အီရီနာ အနေနဲ့ပျော် ရွှင်ပါစေလို့ ဆုတောင်း ပါတယ်' ဟုစီရော်နယ်ဒို ကပြောသည်။

အီရီနာ ရှက်ခ်နှင့် လမ်းခွဲ ခဲ့သော်လည်း မက်ဒရစ် မြို့တွင် ၎င်း၏ သားဖြစ်သူ ကိုကျောင်းလိုက် ပို့နေ သည့် စီရော်နယ်ဒို ၏ပုံမှာ စိတ်ဓာတ်ကျဆင်းနေ သည့်ပုံမရှိခဲ့ပေ။ ထို့အပြင် လမ်း၌ ပရိသတ် များနှင့် စကားပြောဆိုပြီး တွဲဖက်ကာ selfie ပင်ရိုက် ခဲ့သေးသည်။

၂၀၁၀ခုနှစ်ဇွန်လက ကလေးအဖေဖြစ်လာခဲ့သော စီရော်နယ်ဒိုက မိဘဖြစ်ရခြင်းသည် ၎င်းကိုပြောင်း လဲစေခဲ့ကြောင်းနှင့် သားဖြစ်သူကို ဘောလုံးကဲ့သိုပင် ချစ်ကြောင်းပြောသည်။

သားဖြစ်သူအလိုရှိရာကို ဖြစ်စေမည်ဖြစ်ကြောင်းလည်း စီရော်နယ်ဒိုက ပြောသည်။ စီရော်နယ် ဒိုဂျူနီ ယာ၏ မိခင်ဖြစ်သူမှာ အသက် ၂၀ အရွယ်သာ ရှိသေးသည့် ဗြိတိန်ကျောင်းသူတစ်ဦးဟု ၂၀၁၁ ခုနှစ် က သတင်းများထွက်ပေါ်ခဲ့သော်လည်း မိခင်အစစ်အမှန်မည်သူဖြစ်သည်ကို စီရော်နယ်ဒိုက မည်သည့်အခါကမှ ဖွင့်ဟပြောဆိုခြင်း မရှိခဲ့ပေ။

Ref: Daily Mail, Mizzima, KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment