Pages

Pages - Menu

Saturday, January 10, 2015

ရှမ်းပြည်နယ် မြောက် ပိုင်း သိန်နီတွင် အဝေးထိန်း ဖောက်ခွဲခံရပြီး လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်သား နှစ်ဦး ဒဏ်ရာရရှိ

RangonNewsDaily:: January . 10 .2015
ရှမ်းပြည်နယ် မြောက် ပိုင်း သိန်းနီမြို့တွင် နယ်မြေလုံ ခြုံရေးဆောင်ရွက်နေသည့် တပ်မ တော်စစ်ကြောင်းတစ်ခုအဝေး ထိန်းမိုင်းဖောက်ခွဲခံခဲ့ရပြီး တပ်မ တော်သားနှစ်ဦး ဒဏ်ရာရခဲ့၍ ဖောက်ခွဲရေးသမားများအား လိုက်လံရှာ ဖွေနေကြောင်း သိန်းနီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိသည်။
ဇန်န၀ါရီ ၇ ရက် နေ့လယ်က လားရှိုး-မူဆယ်လမ်းပေါ် သိန်းနီမြို့ ပန်ဖတ်ရွာအနီး မိုင်းပေါက်ကွဲခဲ့ပြီး ယင်းနေရာမှာ လူနေရပ်ကွက်နှင့်နီးသည်ဟု သတင်းရရှိသည်။

‘‘ရီမုတ်မိုင်းဖောက်ခွဲခံရတာ ပါ။ ဘယ်အဖွဲ့က လုပ်တယ်ဆို တာ မသိသေးပါဘူး။ စိစစ်ဆဲပဲရှိ ပါသေးတယ်။ တပ်က နှစ်ယောက်ဒဏ်ရာရတယ်’’ဟု ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ သွားရောက် စစ်ဆေးခဲ့သည့် ရဲအရာရှိတစ်ဦး ကပြောသည်။
::
ဒဏ်ရာရသည့် တပ်မတော် သားနှစ်ဦး၏ မိခင်တပ်ရင်းအမည် ကို အတိအကျမပြောလိုသော် လည်း ဒေသတွင်းတွင် စစ်ဆင် ရေးကွပ်ကဲမှုအဖွဲ့ (၁၆) အခြေ စိုက်ပြီး ပေါက်ကွဲမှုဖြစ်စဉ်ကို အခြေခံ၍ နယ်မြေရှင်းလင်းရေး လုပ်ငန်းများလုပ်ဆောင်နေပြီဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားရာ ဒေသ အပြင် ရှမ်းပြည်နယ်ဒေသအများ စု၌ ကိုးကန့်ဒေသတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၊ SSA၊ TNLA နဲ့ KIA အဖွဲ့များ အခြေ စိုက်ပြီး လက်ရှိတွင် လက်နက် ကိုင်တပ်ဖွဲ့အချို့နှင့် အစိုးရတပ် တိုက်ပွဲများဖြစ်ပွားနေကာ ကိုး ကန့်ဒေသ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ခေါင်းဆောင် ဖုန် ကြားရှင်ကလည်း KIA နှင့် ပူး ပေါင်း၍ အစိုးရတပ်ထိန်းချုပ်မှု အောက်တွင် ရှိနေသော ကိုးကန့် နယ်မြေများကို ပြန်တိုက်ယူမည် ဟု တရုတ်နိုင်ငံအခြေစိုက် သ တင်းစာတစ်စောင်မှ တစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
::
ပြီးခဲ့သော သီတင်းတစ်ပတ်ခန့်က လည်းရှမ်းပြည်နယ် လင်းခေးမြို့အနီးတွင် ဖမ်းမိမှောင်ခိုသစ်များ စစ်ဆေးရန်သွားသည့်သစ် တောအရာရှိလေးဦး အသတ်ခံခဲ့ရသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment