Pages

Pages - Menu

Saturday, January 17, 2015

ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခဲပေါက်ခံရ


RangonNewsDaily:: January . 17 .2015
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ကို စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးက ခဲဖြင့် ပစ်ပေါက်မှုတစ်ခု ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ခဲဖြင့်ပေါက်သူမှာ မရမ်းကုန်းမြို့နယ်နေ အသက် ၆၃ နှစ်အရွယ် ဦးအောင်တိုးဆိုသူ ဖြစ်ပြီး ၎င်း၏သားနှင့် အမျိုးသမီးမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အလုပ်လုပ်နေကာ ခေါ်ဆို၍ မရဟုဆိုကာ ခဲဖြင့်ပစ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ရဲမှတ်တမ်းများအရ သိရှိရသည်။

“အိမ်ထဲက လုံခြုံရေးက ရဲစခန်းကို လှမ်းအကြောင်းကြားလာတယ်။ သူ့ကိုစစ်တော့ သူ့သားနဲ့ မိန်းမက အဲဒီမှာ အလုပ်လုပ်တာလို့ ပြောတယ်။ တကယ်တမ်း သူပြောတဲ့ နာမည်တွေနဲ့ အလုပ်လုပ်နေတဲ့သူ မရှိဘူး။ ထပ်စစ်တော့ သူက ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကို နှစ်ခါတောင် တက်ခဲ့ရသူ ဖြစ်နေတယ်” ဟု အဆိုပါ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။
::
ခဲဖြင့်ပစ်ပေါက်သဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ တံခါးပေါက်တွင် တပ်ဆင်ထားသည့် မှန်ကွဲခဲ့ရပြီး ခဲဖြင့်ပစ်ပေါက်သူ ဦးအောင်တိုးမှာ စိတ်ကျန်းမာရေး ချို့တဲ့သူ ဖြစ်သည့်အတွက် ဥပဒေအရ အမှုဖွင့်ထားခြင်းမရှိဘဲ မိသားစုများနှင့် ရဲတပ်ဖွဲ့ဝင်များက ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ရကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။
::
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ခဲဖြင့်ပစ်ပေါက်ခံရမှုနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦး ဦးအောင်ရှင် (မုံရွာ) ထံ မေးမြန်းရာ ၎င်းအနေနှင့် မသိရှိကြောင်း ပြန်လည်ပြောဆိုသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment