Pages

Pages - Menu

Saturday, January 24, 2015

တောင်ကြီးတွင် ဘာသာပေါင်းစုံညီညွတ်ရေး ဆွေးနွေးပွဲကျင်းပ


RangonNewsDaily:: January . 24 .2015
ဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေး ဆွေးနွေးပွဲ (Interfaith dialogue)ကို တောင် ကြီးမြို့ စိန့်ဂျိုးဇက်ဘုရားကျောင်း ရှိ အောက်မေ့ဖွယ်ခန်းမတွင် ကျင်းပကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲကို ဇန်န ဝါရီ ၂၁ မှ ၂၇ ရက်အထိ တစ် ပတ်ကြာ ပြုလုပ်သွားမည်ဖြစ် ကြောင်း ပွဲစီစဉ်သူတောင်ကြီးမြို့ ဘာသာပေါင်းစုံကွန်ရက်မှ တာဝန်ခံကိုစောရေမွန်က ပြောသည်။

‘‘ကိုယ်ကိုးကွယ်နေတဲ့ ဘာ သာတရားကို လေးလေးနက်နက် ယုံကြည်လာပြီးတော့ တခြားဘာ သာတရားကို လေးစားဖို့၊ ဘာ သာတရားတွေရဲ့ ကောင်းတဲ့ အချက်တွေကို အပြုသဘော ဆောင် လက်တွဲလုပ်ဆောင်နိုင်ဖို့ နဲ့ မိရိုးဖလာ ဘာသာတရားဖြစ် လာစေဖို့ အစရှိတဲ့ ရည်ရွယ်ချက် တွေနဲ့ ဒီပွဲကို စီစဉ်ရခြင်းဖြစ် တယ်’’ဟု ၎င်းက ပြောသည်။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာ သာနှင့် အစ္စလာမ်ဘာသာတို့ကို တစ်ရက်စီ သင်တန်းဆရာများနှင့် တက်ရောက်နေသူများ ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း အဆိုပါ ကွန်ရက်မှ သတင်းထုတ်ပြန်သည်။
ဆွေးနွေးပွဲ ပြီးသွားပါက လည်း တောင်ကြီးမြို့ရှိ ဘုရားစေ တီ၊ သာသနိကအဆောက်အအုံ များ၊ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများနှင့် ဗလီများသို့ လေ့ လာရေးခရီးစဉ်အဖြစ် သွားရောက် လေ့လာကြမည်ဟု ကိုစောရေမွန်က ပြောသည်။

ယင်းဘာသာပေါင်းစုံ ချစ် ကြည်ညီညွတ်ရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ရှိ ဘာသာကြီးသုံး ခုမှ သင်တန်းသား၊ သင်တန်းသူ လူငယ် ၃၀ ကျော် တက်ရောက် ဆွေးနွေးလျက်ရှိသည်။

ဘာသာပေါင်းစုံ ညီညွတ်ရေးဆွေးနွေးပွဲကျင်းပနေစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)

7Day Daily , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment