Pages

Pages - Menu

Friday, January 30, 2015

ဦးစီးဌာန ၂၀ လျှော့ချမည်ဖြစ်ပြီး ၀န်ထမ်းအချို့ ဌာနပြောင်းမည်

RangonNewsDaily:: January . 30 .2015
ဝန်ကြီးဌာနများရှိ ဦးစီးဌာန ၂၀ ကို လျှော့ချ သွားမည်ဖြစ်ပြီး ယင်းဌာနများမှ ၀န်ထမ်းများအား အခြားလိုအပ်နေသည့်ဌာနများသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနများကို ဖျက် သိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ပေါင်းစည်းခြင်းတို့ ပြုလုပ် သွားမည်ဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ်မှ အောက် ခြေ၀န်ထမ်းအထိ လျှော့ချမည်မဟုတ်ဘဲ လိုအပ် ချက်အရ ဦးစီးဌာနပြောင်းရွှေ့၍ တာဝန်ထမ်းဆောင် ရမည့်သူများရှိလာမည်ဖြစ်သည်။

‘‘အသစ်ဖွဲ့တဲ့နေရာတွေကို လိုအပ်သလို ၀န် ထမ်းတွေ ရွှေ့ရမှာပေါ့။ ကလေးရှိတဲ့ ၀န်ထမ်းတွေအခက်အခဲမဖြစ်ရအောင် ပညာသင်နှစ်ပြီးမှ ပြောင်း ရွှေ့ဖို့နဲ့ ရုံးနဲ့ ၀န်ထမ်းအဆောက်အအုံတွေ အ ဆင်သင့်ဖြစ်မှ ပြောင်းရွှေ့ဖို့ ပြောထားပါတယ်။ အခု ဦးစီးဌာနတွေကိုတော့ မူအရ လျှော့ချလိုက်ပါပြီ’’ ဟု သမ္မတရုံးဝန်ကြီးဌာန အမှတ် (၅) မှ ဒုညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောသည်။

အစိုးရ ၀န်ကြီးဌာနများ၏ ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရာ တွင် ဦးစီးဌာန အရေအတွက် လျော့ကျသွားသော ၀န်ကြီးဌာန များရှိသကဲ့သို့ ဦးစီးဌာန တိုးချဲ့ လိုက်သော ၀န်ကြီးဌာနအချို့ လည်းရှိနေကြောင်း သတင်းရရှိ သည်။

‘‘ကျွန်တော်တို့ ပညာရေးဝန် ကြီးဌာနကတော့ ဦးစီးဌာန ကိုးခုကနေ အခု ခုနစ်ခုပဲ ရှိတော့တယ်။ တချို့ဝန်ကြီးဌာနတွေမှာ ဦးစီးဌာနတိုး သွားတာလည်း ရှိပါတယ်’’ဟု ၀န်ကြီးဌာနဖွဲ့စည်းပုံပြုပြင်ပြောင်း လဲရေးအစည်းအဝေးသို့ တက်ရောက်ခဲ့သော အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စုအစိုးရသည် တစ်နိုင်ငံလုံး လူဦး ရေ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ၀န်ကြီးဌာန ၃၆ ခု၌ ဦးစီးဌာန ပေါင်း ၉၀ ကျော်ဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်ပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ၀န်ကြီးဌာနနှင့် ၀န် ထမ်းဦးရေ ပိုများနေသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်မကုန်မီ ၀န်ကြီးဌာနများဖွဲ့စည်းပုံပြုပြင် ပြောင်းလဲဖွဲ့စည်းမှု ပြုလုပ်သွား မည်ဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်စတင်သည်နှင့် ပြည်သူများ နှစ် သက်သည့် အုပ်ချုပ်မှုယန္တရားဖြစ် စေရန် ပြောင်းလဲသွားမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က အဆင့်မြင့်အရာရှိကြီး များ အထူးမွမ်းမံသင်တန်းဖွင့်ပွဲ တွင် ပြောကြားထားသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment