Pages

Pages - Menu

Monday, January 12, 2015

စည်းစိမ်အကုန်ရင်းပြီး ရုပ်ရှင်တစ်ကားပြီးအောင်ရိုက်ခဲ့တဲ့ ဗင်ဒီဇယ်


RangonNewsDaily:: January . 12 .2015
ဗင်ဒီဇယ် ကို Fast and Furious ကားမောင်း အက်ရှင် ရုပ်ရှင် ကြည့်ဖူးသူများ သိမှာပါ။ သူ့မှာ အခြားသော အောင်မြင်တဲ့ ဇာတ်ကားပေါင်း များစွာ ရှိနေသေးပြီး ယင်းထဲမှာ Riddick လည်း ပါဝင်ပါတယ်။ ၂၀၁၃ ခုနှစ်က ရုံတင်ပြသတဲ့ Riddick ကို ရိုက်ဖို့အတွက် ပရိုဂျူဆာနဲ့ ဒါရိုက်တာတို့မှာ ငွေ အလုံအလောက် မရှိပါဘူး။
ဒါနဲ့ ဗင်ဒီဇယ်ဟာ သူ့ရဲ့ အိမ်ကိုပါ အပေါင်အဖြစ် ထားပြီး ရတဲ့ ငွေကို ရုပ်ရှင် ဇာတ်ကားအတွက် ထုတ်ပေးခဲ့ပါတ်။ နောက်တော့ ဇာတ်ကားဟာ အောင်မြင်သွားပြီး ငွေလည်း များစွာ ပြန်လည်ရရှိခဲ့ပါတယ်။ အင်တာဗျူး တစ်ခုမှာ ဖြေတော့ သူ့အနေနဲ့ အဲ့ဒီ ဇာတ်ကားသာ ပြီးအောင် မရိုက်နိုင်ခဲ့ရင် သူဟာ အိမ်ခြေမဲ့ တစ်ဦး ဖြစ်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ ပါတယ်။

ဒါကြောင့်မို့ အောင်မြင်သူများကို ကြည့်လိုက်တဲ့အခါမှာ စွန့်စားရဲတဲ့ စိတ် တစ်ခုကိုလည်း သွားတွေ့လိုက်ပါတယ်။ အောင်မြင်ရန် ယုံကြည်ပြီး ရဲရဲဝံ့ဝံ့ စွန့်စား သူများဟာ လိုရာ ပန်းတိုင်ကို ရောက်ရှိကြ စမြဲ ဖြစ်ပါတယ်။
.
Ref: dyknow , (ရိုးရာလေး)
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment