Pages

Pages - Menu

Wednesday, January 14, 2015

နှစ်ယောက်တွဲစီးရီးအပြီးမှာ တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်တော့မယ့် နန်းသူဇာ


RangonNewsDaily:: January . 14 .2015
နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်းတို့က သူတို့နှစ်ယောက်တွဲထွက်ရှိခဲ့တဲ့Friend စီးရီးရဲ့DVD ကို ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ပါ တယ်။ တစ်နှစ်ကျော်ကြာ အချိန်ယူရိုက်ကူးခဲ့တဲ့ ဒီFriend စီးရီး DVD မှာတော့ ပရိသတ်တွေ ကြည့်ရတာလည်းအဆင်ပြေအောင် သေချာရိုက်ကူး ထားတယ်လို့ နန်းသူဇာက ပြောပြပါတယ်။

“သီချင်းအသစ်Bonus အနေနဲ့ ထည့်ဖို့ကို အချိန်ကလည်း တစ် နှစ်ကျော်လောက်ကြာသွားပြီဆိုတော့ ထပ်ထည့်ရင် အချိန်မရမှာစိုး လို့ မထည့်ဖြစ်ဘူး။ ဒီထဲမှာ နန်းသူဇာတို့ နှစ်ယောက်တွဲဆိုထားတဲ့ ‘သူမလာလာလာ လာလာလာ’ သီချင်းကို ကိုနေတိုးနဲ့ သရုပ်ဆောင် ထားတယ်။ 

အဲဒီအပုဒ်လေးကတော့ စိတ်ဝင်စားဖို့ကောင်းမှာပါ။ အခွေထွက်လာရင် ကြည့်ကြည့်ပါ” လို့ နန်းသူဇာက ပြောပြပါ တယ်။ နန်းသူဇာတို့ Friend စီးရီးDVD ရိုက်ကူးနေချိန်မှာ Let’s Go ပရိုဂရမ်နဲ့အတူ ခရီးတွေသွားနေတာ ဖြစ်တဲ့အ တွက် အဲဒီကအရုပ်တွေကော ပါဦးမလားဆိုတော့ ပရိုဂရမ် နဲ့ အလုပ်များနေတာကြောင့် မပါဖြစ်ဘူးလို့ပြောပါတယ်။ 

နန်းသူဇာက အခုလို စီးရီးသစ် DVD လည်း ထွက်ရှိလာ နိုင်တော့မှာဖြစ်တဲ့ အတွက်Showေ တွမှာလည်း သီချင်း သစ်တွေ ပိုပြီးဆိုလို့ရလာတယ်လို့ ပြောပါတယ်။ နန်းသူဇာက သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ Friend စီးရီးDVD ထွက်ရှိ ပြီးရင် တော့ သူ့ရဲ့တစ်ကိုယ်တော်အခွေ ထွက်ရှိမှာဖြစ်ပြီးFriend အတွဲခွေကို အားပေးကြတဲ့အတွက်လည်း တစ်ကိုယ်တော် အခွေ အတွက်လုပ်ဖို့ အားပိုရှိလာတယ်လို့ ပြောပါတယ်။

“တစ်ကိုယ်တော်အခွေလုပ်ဖို့ နှစ်ယောက်လုံးအတွက် အားရှိသွား တာပေါ့။ ကိုယ်ပိုင်သီချင်းတွေရှိပြီဆို တော့ ကိုယ့်ကိုယ်ကိုယ်လည်း အားရ တယ်။Friend တွေမှာလည်း ပရိ သတ်တွေကFriend ထဲက သီချင်း တွေအပြင် တစ်ကိုယ်တော်အတွက်လည်း လုပ်ဖို့ပြောကြတယ်။ 

အဲဒီ အတွက်လည်း ပြင်ဆင်နေပါတယ်။ သီချင်းတွေကတော့ မရသေးဘူး။ ဘန်နီဖြိုးတို့၊ လွှမ်းပိုင်တို့ကို သီချင်း တွေအပ်ထားတယ်။ Friend DVD ထွက်ပြီးရင်တော့ တစ်ကိုယ်တော်ကို ဇောက်ချပြီးလုပ်ဖြစ်ပါ့မယ်” လို့ နန်းသူဇာက ပြောပြခဲ့ပါတယ်။

ဓာတ်ပုံ-မင်းမင်းထွန်း
Popular Journal el Bilad , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment