Pages

Pages - Menu

Wednesday, January 14, 2015

ဗဟိုစည်ဆေးရုံအပါအဝင် ရန်ကုန်မြို့တွင် တစ်နေ့တည်း နှစ်နေရာမီးလောင်

RangonNewsDaily:: January . 14 .2015
ဇန်နဝါရီ ၁၃ ရက်က ဗဟိုစည်ဆေးရုံ ၆လွှာ မီးလောင်မှု အပါအ၀င် ရွှေပေါက္ကံမြို့သစ် အတွင်း နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။
လမ်းမတော်မြို့နယ်၊ ၁၀ရပ်ကွက်၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ ဗဟိုစည် အိမ်ရာဝင်းအတွင်းရှိ ဗဟိုစည်ဆေးရုံ ၆လွှာ သန္ဓေသားဖွားဧည့်ခန်းဆောင်တွင် မီးလောင်မှု ဇန်န၀ါရီလ ၁၃ရက် နေ့လည် ၁၂နာရီခန့် က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆေးရုံ၏ မီးလောင်မှုဖြစ်စဉ်မှာ သားဖွားဧည့်ခန်းဆောင် မျက်နှာကြက်တွင် တပ်ဆင်ထားသည့် ၄ ပေ မီးချောင်းချုပ် အပူလွန်ကဲရာမှ အောက်ရှိ ဆိုဗာထိုင်ခုံပေါ်သို့ ပြုတ်ကျစဉ် စတင်မီး လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
::
မီးလောင်မှုကြောင့် အဆိုပါဧည့်ခန်းဆောင်ရှိ သုံးယောက်ထိုင် ဆိုဖာထိုင်ခုံတစ်လုံး နှင့် တစ်ယောက်ထိုင် ဆိုဖာထိုင်ခုံ တစ်လုံး၊ နံရံနှင့် မျက်နှာကြက်အနည်းငယ် မီးလောင်ခဲ့ခြင်း၊ ၄ပေ မီးချောင်း နှစ်စုံနှင့် Panasonic အဲယားကွန်းကာဗာတို့ မီးလောင်ခံခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ် ၂၀၅၀၀၀ ခန့် ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆေးရုံမှ လျှပ်စစ်တာဝန်ခံ ဦးဌေးစိန်အား လမ်းမတော်မြို့နယ်ရဲစခန်းမှ ၁၀/ ၂၀၁၅၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူထားသည်။
::
ထိုနေ့ နံနက် ၈နာရီ ခွဲခန့်က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် ငမိုးရိပ်ချောင်းဘေး၊ အမှတ် ၁၁- ၁ ရပ်ကွက်၊ ငုရွှေဝါလမ်းသွယ်၊ အိမ်အမှတ် ၇၇၇ (အိမ်ရှင် စုံစမ်းဆဲ) သွပ်မိုး၊ ထရံကာ၊ ဝါးခင်း မြေစိုက်အိမ် တစ်လုံး မီးသွေးမီးဖို မီးအကြွင်းအကျန်ကတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရကာ ကျပ်တစ်သောင်းခန့် ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ဆိုပါတယ်။
::
ထိုမီးလောင်မှုဖြစ်စဉ်ကြောင့် အိမ်ရှင်အား အရေးယူဆောင်ရွက်နိုင်ရေး စုံစမ်းဆဲဖြစ်သည်ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment