Pages

Pages - Menu

Wednesday, January 14, 2015

ရန်ကုန်လူဦးရေ ခုနစ်သန်းကျော် လုံခြုံရေးအတွက် ရဲအင်အား ၅,ဝ၀ဝ ကျော်သာ အသုံးပြုနိုင်သေး


RangonNewsDaily:: January . 14 .2015
ရန်ကုန်တိုင်းအတွင်း နေထိုင်သည့် လူဦးရေ ခုနစ်သန်းကျော် လုံခြုံရေးအတွက် ရဲအင်အား ၅,ဝ၀ဝ ကျော်ကိုသာ
အသုံးပြုနိုင်သေးကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်က ဇန်နဝါရီ ၁၃ ရက် စင်ထရယ်ဟိုတယ်တွင် ပြုလုပ်သည့် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် မဇ္ဈိမကို ပြောသည်။

၎င်းက "ရန်ကုန်တိုင်းမှာ လူ ၁,၃၀ဝ အတွက် ရဲတစ်ယောက်ပဲ တာဝန်ယူနိုင်တယ်။ အဲဒါကိုလည်းတိုးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြထားပါတယ်။ ဘယ်အချိန် တိုးမြှင့်နိုင်မလဲဆိုတာကိုတော့ အတိအကျ ပြောလို့မရပါဘူး" ဟု ဆိုသည်။

ရန်ကုန်တိုင်း လူဦးရေ ၇,၃၅၅,ဝ၇၅ ဦးရေအတွက် ရဲအင်အား ၅,၆၅၇ ဦးသာ အသုံးပြုပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို
ဆောင်ရွက်ပေးနေရသဖြင့် လူ ၁,၃၀ဝ လုံခြုံရေးအတွက် ရဲတစ်ဦးဖြင့်သာ ဆောင်ရွက်နိုင်သည့် အနေအထားဖြစ်နေသည်။

ချင်းပြည်နယ် ရဲမှူးကြီး မြင့်လွင်က "ချင်းပြည်နယ်ဆိုရင် လူ ၆၀ဝ ကို ရဲတစ်ယောက်လောက်သုံးနိုင်ပါတယ်။ ဒီမှာက ကျယ်ပေမယ့် လူဦးရေ နည်းတယ်လေ။ ရန်ကုန်လို လူဦးရေသိပ်သည်းတဲ့အခါ ဒီကိစ္စကဖြစ်ပါတယ်" ဟု ဆိုသည်။

နိုင်ငံတကာ စံနှုန်းအရ ရဲတစ်ဦးလျှင် ပြည်သူ ၆၀ဝ နှုန်းအထိသာ အများဆုံး တာဝန်ယူရန် သတ်မှတ်ထားပြီး ဥရောပသမဂ္ဂ စံနှုန်းအရ ဆိုပါက ရဲတစ်ဦးက ပြည်သူ ၄၀ဝ ဦးကိုသာ အများဆုံး လုံခြုံရေးတာဝန်ယူပေးရခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက "ထပ်တိုးဖို့၊ ထပ်ပြီးချဲ့နေတာရှိပေမယ့် ထပ်ချဲ့တဲ့ အင်အားကလည်း မလုံလောက်တဲ့ အနေအထားဖြစ်နေတော့ ကန့်သတ်ချက်တွေ ဖြစ်နေတယ်" ဟု ပြောသည်။
ရန်ကုန်တိုင်းအတွင်း အမှုအခင်းဖြစ်ပွားနှုန်းမှာလည်း ၂၀၁၃ခုနှစ်ထက် ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း ၃,၁၄၁ မှုထိ မြင့်တက်ခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ရုံးမှသိရသည်။

ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သန်းခေါင်စာရင်းကောက်ခံမှုတွင် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းအပေါ် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်များက သံရုံးရှေ့တွင် လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်။ 

(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment