Pages

Pages - Menu

Sunday, January 11, 2015

ကျောက်မဲမြို့နယ်တွင် ရဲအရာရှိတစ်ဦး ပစ်ခတ်လုပ်ကြံခံရ

RangonNewsDaily:: January . 11 .2015
ကျောက်မဲမြို့နယ်တွင် ဇန်န၀ါရီ ၁၀ ရက်က ရဲအရာရှိ တစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ် ကြံခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူကိုရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေ ကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ် ပုံဝိုးရဲစခန်းမှ ဒုရဲအုပ် ထွန်းဇော်မောင်သည် ဇန်ဝါရီ ၁၀ ရက် ညနေက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။ အခင်းဖြစ်ရာ နေရာသို့ ခရိုင်အဆင့် ရဲအရာရှိများ သွား ရောက်နေပြီး ဒဏ်ရာအခြေအနေ ကို အသေးစိတ်မသိရသေး၍ ရှင်း မပြနိုင်သေးကြောင်း အဆိုပါရဲအ ရာရှိက ပြောသည်။

‘‘ဖြစ်စဉ်အတိအကျကို သိဖို့ ကျွန်တော်တို့ဆီက ခရိုင်မှူး၊ မြို့ နယ်မှူးနဲ့ တခြားတပ်ဖွဲ့ဝင်တွေ သွားပါတယ်ဗျ။ သူတို့ပြန်လာမှ သိရမှာပါ’’ ဟု ပြောသည်။

ဒုရဲအုပ် ထွန်းဇော်မောင်မှာ ဆိုင်ကယ်မောင်း၍ ရဲစခန်းထဲမှ ထွက်သွားပြီး မကြာမီ သေနတ် ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုဖြစ်စဉ် မတိုင်မီ လွန်ခဲ့သော သုံးရက်ခန့်က ပုံဝိုး ရဲစခန်းကို လက်နက်ကိုင်အဖွဲ့အချို့က သေနတ်ဖြင့် လာပစ်ခဲ့ပြီး လုံခြုံရေးသတိပေးထားသည့် အချိန်မှာပင် လုပ်ကြံခံခဲ့ရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက အတည်ပြုသည်။

ဒဏ်ရာရသည့် ရဲအရာရှိနှင့် ပတ်သက်၍ နောက်ဆုံးရသော သတင်းမှာ ဆေးရုံတွင် ကုသနေရပြီး အသက်အန္တရာယ် အထူး စိုးရိမ်စရာမရှိတော့ကြောင်း သိရ သည်။

ပြစ်မှုကျူးလွန်သူ အရေအတွက် အတိအကျကို မသိရသေးသော်လည်း အခင်းဖြစ်ရာ ရဲစခန်းပိုင်နယ်မြေတွင် ဇန်န၀ါရီ ၁၀ ရက် ညအထိ ခရိုင်အဆင့် ရဲအရာရှိများ ရုံးထိုင်ကာ စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့တွင် ပြီးခဲ့ သော တစ်ပတ်ခန့်က အရပ်သားအချင်းချင်း သေနတ်ဖြင့် ပစ် ခတ်လုပ်ကြံမှုဖြစ်ခဲ့ပြီး သီပေါမြို့ တွင်လည်း ထိုဖြစ်စဉ်မျိုး ရှိခဲ့ သည်။

ထို့ပြင် ဇန်န၀ါရီ ၇ ရက် နေ့လယ်က သိန်းနီမြို့ ပန်ဖတ်ရွာအ နီးတွင် နယ်မြေလုံခြုံရေး ဆောင် ရွက်နေသည့် စစ်တပ်ယာဉ်တန်း ကို အဝေးထိန်းမိုင်းဖြင့် လုပ်ကြံ ဖောက်ခွဲခံရကာ တပ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်။ နောင်ချို၊ လား ရှိုးမြို့တို့တွင်လည်း ကျောက်စိမ်း မှောင်ခိုကူးသူများနှင့် ရဲတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ခဲ့သည်။ ရှမ်းပြည် နယ်တောင်ပိုင်း လင်းခေးမြို့တွင် လည်း သစ်မှောင်ခိုဖမ်းထားသည် ကို စစ်ဆေးရန်သွားသည့် သစ် တော အရာရှိလေးဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရမှု လွန်ခဲ့ သောလက ဖြစ်ပွားခဲ့သည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment