Pages

Pages - Menu

Friday, January 2, 2015

ဒီ တစ် ပတ် ကြည့် ရ မယ့် ဟော လိ ၀ုဒ် ရုပ် ရှင်


RangonNewsDaily:: January . 2 .2015
ဒီတစ်ပတ်အတွက်တော့ သည်း ထိတ်ရင်ဖို အက်ရှင်ကား တစ် ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက ထွက်ထားတာ မကြာသေးပေမယ့် ဒီမှာတော့ ရုံတင်ပြသခြင်းမရှိခဲ့ပါဘူး။ Free Fall ဆိုတဲ့ ဒီဇာတ်လမ်းကို ဒီက ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ Final Distination ရုပ်ရှင်ရိုက်ကူးတဲ့ ကုမ္ပဏီကထုတ်လုပ်တာဖြစ်ပါတယ်။ ဇာတ်လမ်းက အဓိက ဇာတ်ဆောင်မင်းသမီးရဲ့ စွန့်စား ခန်းဇာတ်လမ်းမျိုးဖြစ်ပါတယ်။

ဂေါ့ထ်ကက်ပီတယ်ကုမ္ပဏီ ရဲ့ အရေးပါတဲ့ ဝန်ထမ်းတစ် ယောက် မတော်တဆဆန်ဆန် သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီဝန်ထမ်းသေဆုံးမှုကို သူနဲ့ အရင်းနှီးဆုံးနေတဲ့ ဂျိန်းဟာ သံသယစိတ်ဖြစ်ခဲ့ပါတယ်။ 

ဒီအမှုမှာ မသမာမှုတစ်ခုခုရှိနေတယ်ဆိုတာသိရတဲ့အတွက် ဂျိန်းက ဒီအဖြစ်ကို စုံစမ်းပါတယ်။ ကွယ်လွန်သူရဲ့ စားပွဲမှာတွေ့တဲ့ မမ်မိုရီစတစ်ကိုတွေ့ပြီးတဲ့နောက်မှာတော့ ဒီထဲမှာပါတဲ့ အချက်အလက်တွေအရ ကုမ္ပဏီရဲ့ငွေကြေးစာရင်းတွေထဲမှာကြီးမားတဲ့ ငွေအလွဲသုံးစားမှုတစ်ခုရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေကို ကုမ္ပဏီက အထက်အရာရှိတစ်ဦးကို ဖွင့်ပြောခဲ့ပါတယ်။ ဒီလိုဖွင့်ပြောလိုက်တာဟာ သူ့အတွက် ကံဆိုးစေခဲ့ပါတယ်။ ကုမ္ပဏီက အဲဒီအရာရှိက သူ့ကိုလုပ်ကြံဖို့ ညတွင်းချင်းပဲ လူသတ်သမားတစ်ဦးကို ခေါ်ခဲ့ပြီး ကုမ္ပဏီမှာ ညှိနှိုင်းရေးတာဝန်ခံအနေနဲ့ မိတ်ဆက်ပေးပါတယ်။ ဒါပေမဲ့ တကယ်တမ်းဂျိန်းက အဲဒီလူနဲ့စကားပြောကြည့်တဲ့အခါမှာတော့ သူ့ကိုနှုတ်ပိတ်မယ့် လူတစ်ဦးဖြစ်တာကို သိရှိခဲ့ပြီး ဒီလူလက်ကနေလွတ်မြောက်ဖို့ ကြိုးစားပါတော့တယ်။ 

ဒီဇာတ်ကားက အဲဒီအခန်းကနေစပြီး အမျိုးသမီးတစ်ဦး ကုမ္ပဏီရုံးကြီးတစ်ခုထဲမှာ လူသတ်သမားတစ်ဦးရဲ့ လက်ကနေ လွတ်မြောက်အောင်ကြိုးစားရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံး အဆောက်အအုံတစ်ခုတည်းမှာပဲ ပြီးသွားတာ ဖြစ်ပေမယ့် ရက်စက်တဲ့လူသတ်သမားကို မိန်းမသားတစ်ဦး အနေနဲ့ အနိုင်ရဖို့ ဘယ် လောက်ရုန်းကန်ရပုံ၊ ဒုက္ခကြုံချိန်မှာ ကိုယ်တိုင်အားကိုးပြီး ရုန်းထွက်သင့်ပုံတွေကို ဒီကားထဲမှာ သင်ခန်းစာတွေယူနိုင်ပါတယ်။ ။

KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment