Pages

Pages - Menu

Monday, January 12, 2015

ဖုန်းဆိုင်အတွင်းမှ ဟန်းဆက်များ၊ ဆက်စပ်ပစ္စည်းများနှင့် ငွေများ စုစုပေါင်းတန်ဖိုး သိန်း (၁၅၀)ကျော် ခိုးယူခံရမှုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှဖော်ထုတ်ဖမ်းဆီးရမိ


RangonNewsDaily:: January . 12 .2015
၃.၁.၂၀၁၅ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ဦးကျော်ဇင်ဝင်းသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ ပင်လုံလမ်းတွင်ဖွင့်လှစ်ထားသော ၎င်းပိုင် ဖုန်း
အရောင်းဆိုင်အား သော့ပိတ်၍နေအိမ်သို့ပြန်လာခဲ့ပြီး ၄.၁.၂၀၁၅ ရက်နေ့ ၀၉၀၀ အချိန်ခန့်တွင် ဆိုင်အားသွားရောက်ဖွင့်လှစ်ရာ အတွင်း၌ ပစ္စည်းများပြန့်ကျဲနေပြီး ဟန်းဆက်မျိုးစုံ(၄၈)လုံး
၊ ဖုန်း ငွေဖြည့်ကတ်မျိုးစုံ၊ ဆင်းကတ်(၃၀)ကတ်၊ ဖုန်းအပိုပစ္စည်းများနှင့် ငွေကျပ်(၉၈၉၀၀၀၀)၊
စုစုပေါင်း တန်ဖိုးငွေကျပ်(၁၅၄၆၁၅၀၀)ခန့်မှာပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့်
ခိုးယူသွားသူအား စုံစမ်းအရေးယူပေးရန်တိုင်တန်းချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ
ရဲစခန်း(ပ)၉/၂၀၁၅၊ပြစ်မှုပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၁)ရပ်ကွက်နေ ခိုး
မှု ပြစ်ချက်ဟောင်းရှိသူ ပေါက်စီ(ခ)ချစ်ဝင်းအောင်၊ (၁၈)နှစ်မှာ ယင်းအမှုကိုကျူးလွန်ထားကြောင်း မင်္ကာဖွယ်စုံစမ်းရရှိသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၎င်းကို ၉.၁.၂၀၁၅ ရက်နေ့
၂၂၁၅ အချိန်တွင် (၃၂)ရပ်ကွက်၊ ကျောင်းလမ်းပေါ်၌ အမှုမှပါဆုံးသွားသည့် ဆင်းကတ်များ
ပါလက်ကိုင်ဖုန်း(၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ပေါက်စီ(ခ)ချစ်ဝင်းအောင်အား အမှုနှင့်ပတ်သက်၍စစ်ဆေးခဲ့ရာ ၎င်းသည် ၃.၁.၂၀၁၅ ရက်နေ့ ၂၄၀၀ အချိန်ခန့်တွင် အခင်းဖြစ်ဖုန်းဆိုင်သို့
သွားရောက်ခဲ့ပြီး ပြူတင်းပေါက် ဆလိုက်မှန် တံခါးအားတွန်းဖွင့်ကာ အတွင်းမှ
ကာရံထားသည့် ဖော်မီကာပြားအား ၀က်အူလှည့်၊ ဓါးတို့ဖြင့်အပေါက်ဖောက်၍ ၀င်ရောက်ခဲ့ပြီး ဟန်းဆက်များ၊ ဖုန်းဆင်းကတ်များ၊ ငွေဖြည့်ကတ်များ၊ မန်မိုရီ ကတ်နှင့် ငွေကျပ်(၉၈)သိန်းကျော်ကို ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
::
ထိုသို့ပေါ်ပေါက်ချက်အရ ၎င်းထံမှ အမှုမှပါဆုံးသွားသော ပစ္စည်းများအနက် ဟန်းဆက်(၄၃)လုံး၊ ငွေဖြည့်ကတ်(၂၀၅)ကတ်၊ ဆင်းကတ်(၁၄)ကတ်၊ မန်မိုရီကတ်(၅၉)ကတ်၊ ဆင်းကတ်(၂)ကတ်ထည့်ထားသည့် လက်ကိုင်ဖုန်း
(၁)လုံး၊ ဆင်းကတ်(၁)ကတ်ထည့်ထားသော လက်ကိုင်ဖုန်း(၁)လုံးနှင့် ငွေကျပ်
(၅၇၈၈၅၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၅၆၀၀၀၀)ခန့်အား ပြန်လည်
သိမ်းဆည်းနိုင်ခဲ့ကာ ၎င်းကို အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment