Pages

Pages - Menu

Monday, January 26, 2015

ဝေဖန်ခံရပေမယ့် ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့မှာ ရွေးချယ်ခံရတဲ့ လူမင်း


RangonNewsDaily:: January . 26 .2015
မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံး ရွေးကောက်ပွဲအတွက် အဓိကဇာတ်ဆောင်အလွှာတွင် အဆိုပြုလွှာတင်ခဲ့၍ ဝေဖန်ခံခဲ့ရ သော်လည်း လူမင်းက မဲအများ ဆုံးရရှိခဲ့ပြီး ပြန်လည်ဖွဲ့စည်းမည့် အမှုဆောင်အဖွဲ့၌ ပါဝင်ခွင့်ရရှိခဲ့ သည်။

‘‘အခုလို ကိုယ့်အလွှာက လာရောက်မဲပေးသူ အများစုက ကိုယ့်ကို ရွေးချယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်နည်း အားဖြင့် ကိုယ့်ကိုရွေးချယ်တာက ယုံကြည်တယ်လို့ ယူဆပါတယ်။ အဲဒီယုံကြည်မှုတွေနဲ့ ထိုက်တန် အောင် ကြိုးစားပါ့မယ်’’ဟု လူမင်းက ပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး အမှုဆောင်ပြန်လည်ဖွဲ့ စည်းရန် အလွှာတစ်ခုချင်းစီ အလိုက် ကိုယ်စားပြုရွေးချယ်ခံ မည့်သူများကို ဇန်န၀ါရီ ၂၂ မှ ၂၄ ရက်အထိ သက်ဆိုင်ရာ အလွှာအလိုက် မဲစနစ်ဖြင့် ရွေး ချယ်ခြင်းကို ရုပ်ရှင်အစည်းအရုံး တွင် ပြုလုပ်ခဲ့သည်။

အလွှာတစ်ခုချင်းစီအလိုက် ကိုယ်စားပြုမည့်သူ နှစ်ဦးစီကို မဲ စနစ်ဖြင့် ရွေးချယ်ခဲ့ရာ အဓိက ဇာတ်ဆောင်အလွှာတွင် လူမင်း က မဲအများဆုံးရရှိခဲ့ခြင်း ဖြစ်သည်။အလွှာတစ်ခုတွင် နှစ်ဦးစီရွေး ချယ်ခြင်းဖြစ်သောကြောင့် လူမင်းနှင့်အတူ အဆိုပြုလွှာတင်ပြီး ရွေးချယ်ခံခဲ့သည့် ဝေဠုကျော် လည်း ပြန်လည်ဖွဲ့စည်းမည့် အမှု ဆောင်အဖွဲ့၌ ပါဝင်ခွင့်ရရှိခဲ့ သည်။

‘‘အလွှာတစ်ခုချင်းစီကနေ မဲစနစ်နဲ့ ရွေးချယ်လိုက်တဲ့သူတွေ မျက်နှာစုံညီတွေ့ဆုံပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနေရာတွေကို ပြန် လည်ရွေးချယ်သွားမှာပါ။ အဲဒီ ကိစ္စကိုလည်း လာမယ့်အပတ်ထဲ မှာ လုပ်ဖို့အစီအစဉ်ရှိပါတယ်’’ ဟု ရုပ်ရှင်အစည်းအရုံးရွေး ကောက်ပွဲဥက္ကဋ္ဌ ဦးနှင်းမိုးက ပြောသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment