Pages
▼
Pages - Menu
▼
Thursday, November 13, 2014
အမေရိကန် သမ္မတ ဘားရတ်အိုဘားမား စီးနင်းလိုက်ပါလာသည့် Air Force One လေယာဉ် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ရက် ည၇နာရီ ၅၀မိနစ်ခန့်က ဆိုက်ရောက်
RangonNewsDaily:: November . 13 .2014
အမေရိကန် သမ္မတ ဘားရတ်အိုဘားမား စီးနင်းလိုက်ပါလာသည့် Air Force One လေယာဉ်
သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ရက် ည၇နာရီ ၅၀မိနစ်ခန့်က ရောက်ရှိလာပြီး နိုဝင်ဘာ ၁၃ရက်တွင် ၂၅ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး
တက်ရောက်ကာ နိုဝင်ဘာ ၁၄ရက်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမတွင် မိန့်ခွန်းမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေအား ဘန်ကီမွန်းထံ တင်ပြမည်
RangonNewsDaily:: November . 13 .2014
အာဆီယံ ထိပ်သီး အစည်းအဝေးသို့ လာရောက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ရခိုင် ပြည်နယ်၏ လက်ရှိ အခြေအနေကို တင်ပြ သွားမည်ဟု ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောဆို ခဲ့ကြောင်း ကမန် အမျိုးသား တိုးတက်ရေး ပါတီမှ သတင်း ရရှိသည်။
ရွှေပြည်သာ ပတ္တမြားဈေးရှိရွှေဆိုင်တစ်ဆိုင်ဆိုင်ခင်းရန်ပြင်ဆင်နေချိန်အလစ်သုတ်မှု ယနေ့မနက် ပိုင်းကဖြစ်ပွား
RangonNewsDaily:: November . 13 .2014
ရွှေပြည်သာမြို့နယ် ပတ္တမြားဈေးရှိ ရတနာဖူးရွှေဆိုင်တွင် ယနေ့မနက်ပိုင်းကအလစ်သုတ်မှုဖြစ်ပွားခဲ့သည်။
အမုန်းပွားစေသော စကားများကို ဖြေရှင်းပေးရန် မူစလင် ငြိမ်းချမ်းရေး ကွန်ရက်က အိုဘားမားမှ တစ်ဆင့် တောင်းဆို
RangonNewsDaily:: November . 13 .2014
အမုန်းပွားစေသော စကားများကို အောက်ခြေ အဆင့်ထိ ဖြေရှင်းပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်း ပေးရန် အထက် မြန်မာပြည် မူစလင် ငြိမ်းချမ်းရေး ကွန်ရက်မှ တောင်းဆိုခဲ့ကြောင်း ယင်းကွန်ရက်မှ သတင်း ရရှိသည်။ ယင်းကဲ့သို့ တောင်းဆိုမှုကို အမေရိကန် သံရုံးမှ တစ်ဆင့် အမေရိကန် သမ္မတထံ စာရေးသား ပေးပို့ကာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် တပ်မတော်အရာရှိဟန်ဆောင်သူ အမျိုးသားအား အရေးယူ
Thursday :- 13 : November :- 2014
၁၁.၁၁.၂၀၁၄ရက်နေ့ ၁၃၃၀ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ မိဂဒါ
ဝုန်ကျောင်းတိုက်သို့ ဒုတိယဗိုလ်မှူးကြီးအဆင့်တံဆိပ်ပါ တပ်မတော်ယူနီဖောင်းကိုဝတ်ဆင်
ထားသည့် အမျိုးသား တစ်ဦးရောက်ရှိလာပြီး ၎င်းမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်
မှူးကြီး စိုးမိုးအောင်ဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော်အားလာရောက်ဖူးမျှော်ခြင်းဖြစ်ကြောင်း
ပြောဆိုခဲ့ပါသည်။