Pages

Pages - Menu

Thursday, November 13, 2014

အမုန်းပွားစေသော စကားများကို ဖြေရှင်းပေးရန် မူစလင် ငြိမ်းချမ်းရေး ကွန်ရက်က အိုဘားမားမှ တစ်ဆင့် တောင်းဆို

RangonNewsDaily:: November . 13 .2014
အမုန်းပွားစေသော စကားများကို အောက်ခြေ အဆင့်ထိ ဖြေရှင်းပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်း ပေးရန် အထက် မြန်မာပြည် မူစလင် ငြိမ်းချမ်းရေး ကွန်ရက်မှ တောင်းဆိုခဲ့ကြောင်း ယင်းကွန်ရက်မှ သတင်း ရရှိသည်။ ယင်းကဲ့သို့ တောင်းဆိုမှုကို အမေရိကန် သံရုံးမှ တစ်ဆင့် အမေရိကန် သမ္မတထံ စာရေးသား ပေးပို့ကာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
Hate Speech တွေနဲ့ ပတ်သက်ပြီး ဥပဒေ ပြဋ္ဌာန်းဖို့နဲ့ တည်ရှိနေတဲ့ ဥပဒေနဲ့ အရေးယူ နိုင်တဲ့ ကိစ္စတွေကို အောက်ခြေကနေ ထိထိ ရောက်ရောက် ကိုင်တွယ် ဖြေရှင်းမှုကို ဦးသိန်းစိန် တစ်ယောက်တည်း မဟုတ်ဘူး။ အစိုးရ အဖွဲ့ကိုပါ တိုက်တွန်းဖို့ပါ။ လွှတ်တော် အဖွဲ့ ကိုလည်း တိုက်တွန်းပေး ဖို့ပါ ဟု အထက် မြန်မာပြည် မူစလင် ငြိမ်းချမ်းရေး ကွန်ရက် တာဝန်ခံ တရား လွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

အမေရိကန်သမ္မတ အိုဘားမား ထံသို့ စာရေးသား တောင်းဆိုရာတွင် နိုင်ငံတော်မှ ဆောင်ရွက် နေသည့် အဓိက အစီအစဉ်များ ကိုအားဖြည့် ပြီး ပံ့ပိုးမှုများ ပြုလုပ်ပေးရန်၊ နှစ်ဖက် အသိုင်းအ၀ိုင်း အကြား ပြန်လည် သင့်မြတ်ရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက် နေသော လူမှုရေး လုပ်ငန်း များကို အမေရိကန် နိုင်ငံက ကူညီ ဆောင်ရွက်ပေးရန် စသည့် အချက်များ ကိုလည်း ထည့်သွင်း တောင်းဆိုခဲ့သည်။
::
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ ဆက်လက် မဖြစ်ပွားစေရန် အတွက် အမုန်းပွားနေသော စကားလုံး များကို လျှော့ချ ပေးရန် လိုအပ် နေပြီး၊ မြို့နယ်များနှင့် ကျေးလက် ဒေသများတွင် အမုန်း တရားပွားများ စေသော ဟောပြောမှုများ၊ သီချင်းများကို နေ့စဉ် နေ့တိုင်းလိုလို ကြားသိနေ ရကြောင်း ၎င်းက ဆိုသည်။
::
အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့ များတွင် ရောက်ရှိမည် ဖြစ်သည်။ အထက် မြန်မာပြည် မူစလင် ငြိမ်းချမ်းရေး ကွန်ရက်သည် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားစေရန် အတွက် လှုပ်ရှား ဆောင်ရွက် နေသော ကွန်ရက် တစ်ခု ဖြစ်သည်။

Messenger News ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment