Pages
▼
Pages - Menu
▼
Tuesday, September 23, 2014
လက်ရှိချန်ပီယံ စောငမန်းကို အလဲထိုးပြီး ထွန်းထွန်းမင်း အသက်အငယ်ဆုံး ချန်ပီယံဖြစ်လာ
RangonNewsDaily:: September . 23 .2014
မြန်မာပြည် လက်ဝှေ့ ချန်ပီယံဆုကို ငါးနှစ်ကြာ ထိန်းသိမ်းထား နိုင်ခဲ့သော စောငမန်း(ရွှေဖူး) ထံမှ ချန်ပီယံဘွဲ့ကို အသက် (၂၃) နှစ်အရွယ် ဆီဂိမ်းရွှေတံဆိပ် ဆုရှင် ထွန်းထွန်းမင်းက (လေးချီမြောက်တွင်) အလဲထိုး၍ ရယူနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ချန်ပီယံဆုရှင် ဖြစ်ခဲ့ကြောင်း ရိုရားလက်ဝှေ့ အဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးဇော်မင်းနိုင်က ပြောသည်။
MPT ဆင်းမ်ကတ်များ ဝယ်ယူစဉ် မှတ်ပုံတင်မပြုလုပ်ပါက လိုင်းပိတ်သိမ်းသွားမည်
RangonNewsDaily:: September . 23 .2014
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ကျပ် ၁၅၀၀ ဖြင့် အရောင်းဆိုင်များတွင် ရောင်းချပေးနေသော မိုဘိုင်းဖုန်းများကို ဝယ်ယူ အသုံးပြုရာတွင် မှတ်ပုံတင် (Register) ပြုလုပ်ခြင်းမရှိဘဲ အသုံးပြုပါက နောက်ပိုင်းတွင် ဖုန်းလိုင်းများ ပိတ်သိမ်းသွားနိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဆိုသည်။
အခွန်ဆိုင်ရာသတ်မှတ်ပြီးပါက ၀ိုင်တင်သွင်းမှု စတင်နိုင်မည်ဟုဆို
RangonNewsDaily:: September . 23 .2014
ဝိုင်တင်သွင်းခွင့်ကို စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာနမှ ပထမဆုံးအနေ ဖြင့် ခွင့်ပြုလိုက်ပြီဖြစ်၍ အခွန် ဆိုင်ရာ သတ်မှတ်ပြီးပါက မကြာ မီခွင့်ပြုပေးသွားမည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
ဖုန်းမှာ ORIGINAL အသံတိုးလို့မြှင့်တင်ချင်သူတွေအတွက် - VOLUME BOOSTER PRO V2.10 APK
RangonNewsDaily:: September . 23 .2014
အခုကျွန်တော်တင်ပေးလိုက်တဲ့ Application လေးကတော့ ဖုန်တွေမှာ စ၀ယ်လာကတည်းက အသံတိုးနေ တဲ့သူများနဲ့ ဖုန်းရဲ့အသံကိုထပ်ပြီး မြှင့်ချင်သူများအတွက် အသုံးတည့်စေမှာပါ။ Volume Booster Pro v2.10 ဆိုတဲ့ Application လေးဖြစ်ပါတယ်ဗျာ။ ဖိုင်ဆိုဒ်ကလည်း 2MB လေးသာရှိတာမို့ ဒေါင်းယူထားစေချင်ပါ တယ်ဗျာ။
Iphone 6 နှင့် 6 Plus ဖုန်းများ ရန်ကုန်တွင် စတင်ရောင်းချ
RangonNewsDaily:: September . 23 .2014
အမေရိကန်အခြေစိုက်ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Apple၏ စမတ်ဖုန်းထုတ်ကုန်အသစ်နှစ်ခုဖြစ်သော iPhone 6 နှင့် iPhone 6 Plus တို့ ကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့တွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
KDDI နှင့် ပူးပေါင်းထားသည့် MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းများ ဆက်တိုက် ကျဆင်းမှုများ ဖြစ်ပေါ်နေ
RangonNewsDaily:: September . 23 .2014
ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်းပြီးနောက် MPT က ၎င်းတို့၏ အမှတ်တံဆိပ်သစ် ဆင်းမ်ကတ်များကို ပထမဆုံးစတင် ရောင်းချမှုများ ပြုလုပ်လာသော်လည်း MPT မိုဘိုင်းအင်တာနက် အမြန်နှုန်းများသည် ယခုရက်ပိုင်းအတွင်း ယခင်ကထက် ပိုမိုကျဆင်းလျက်ရှိကြောင်း မိုဘိုင်းဖုန်းအသုံးပြု သူအများစုထံမှ စုံစမ်းသိရသည်။
ခေါင်းလောင်းရှာသော သောင်တူးသင်္ဘော အစိုးရ ပြန်သိမ်း
RangonNewsDaily:: September . 23 .2014
ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် အသုံးပြုသော သောင်တူးသင်္ဘောကို အစိုးရက ပြန်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
တောင်ငူမြို့ ရွှေဆံတော်ဘုရားကြီးတွင်ဘုရားအလှူခံပုံးမှန်ရိုက်ခွဲ၍နှိုက်ယူထွက်ပြေးသူဖမ်းမိ
RangonNewsDaily:: September . 23 .2014
တောင်ငူမြို့အမှတ်(၁၃)ရပ်ကွက်ရွှေဆံတော်ဘုရားကြီးတွင်ဂေါပကအဖွဲ့ရုံးအဖွဲ့မှူးဦးဆန်း
ကြည်သည်ဂေါပကရုံးတွင်ရှိနေစဉ်ရွှေဆံတော်ဘုရားကုန်းပေါ်တွင်လုံခြုံရေးတာဝန်ကျနေသည့်
ကိုအောင်လင်းဦးနှင့်ဦးမြင့်ဆွေတို့ ရောက်ရှိလာပြီးဘုရားအနောက်ဘက်မုခ်တွင်ရှိသော
ကြေးသွန်းဘုရားကြီး၏အာရုံခံတန်ဆောင်းအတွင်းရှိ အလှူ ခံပုံးအား
တောင်ငူမြို့အမှတ်(၂)ရပ်ကွက်နေသူများဖြစ်ကြသောဇင်လတ်(၃၇)နှစ်
ဆိုသူနှင့်နေမျိုးအသက်(၄၀)တို့နှစ်ဦးကနှစ်ပေခွဲပတ်လည်ရှိအလှူ ခံပုံးမှန်ကိုရိုက်ခွဲကာ
အလှူခံရရှိငွေများကိုနှိုက်ယူထွက်ပြေးသွားကြောင်းသိရ၍ တောင်ငူ
အမှတ်(၂)နယ်မြေရဲစခန်းကိုသတင်းပို့ ခဲ့သည်။
ကြည်သည်ဂေါပကရုံးတွင်ရှိနေစဉ်ရွှေဆံတော်ဘုရားကုန်းပေါ်တွင်လုံခြုံရေးတာဝန်ကျနေသည့်
ကိုအောင်လင်းဦးနှင့်ဦးမြင့်ဆွေတို့ ရောက်ရှိလာပြီးဘုရားအနောက်ဘက်မုခ်တွင်ရှိသော
ကြေးသွန်းဘုရားကြီး၏အာရုံခံတန်ဆောင်းအတွင်းရှိ အလှူ ခံပုံးအား
တောင်ငူမြို့အမှတ်(၂)ရပ်ကွက်နေသူများဖြစ်ကြသောဇင်လတ်(၃၇)နှစ်
ဆိုသူနှင့်နေမျိုးအသက်(၄၀)တို့နှစ်ဦးကနှစ်ပေခွဲပတ်လည်ရှိအလှူ ခံပုံးမှန်ကိုရိုက်ခွဲကာ
အလှူခံရရှိငွေများကိုနှိုက်ယူထွက်ပြေးသွားကြောင်းသိရ၍ တောင်ငူ
အမှတ်(၂)နယ်မြေရဲစခန်းကိုသတင်းပို့ ခဲ့သည်။
ဟာဂ်ျဘုရားဖူး ခရီးသည်များကို အီဘိုလာ စစ်ဆေး
RangonNewsDaily:: September . 23 .2014
အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ ဟာဂ်ျဘုရားဖူးရာသီအတွင်း အာဖရိကဘုရားဖူးတချို့ အပါအဝင် ဘုရားဖူးအယောက် ၃ သန်း လောက် လာရောက်မှာဖြစ်ပြီး ဆော်ဒီအာဏာပိုင်တွေက အီဘိုလာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးနေပါတယ်။