Pages

Pages - Menu

Tuesday, September 23, 2014

တရားမ၀င်ဆေးဝါး ၅ မျိုး မသုံးစွဲရန် ကြေညာ


RangonNewsDaily:: September . 23 .2014
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ဈေးကွက်အတွင်းရှိ ဆေးဝါးတွေကို စိစစ်ခဲ့ရာ ဆေးဝါး ၅ မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တရားမဝင်ဆေးဝါးတွေ ဖြစ်ကြောင်း စိစစ်တွေ့ရှိလို့ မသုံးစွဲကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံမှာ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေကို ဝယ်ယူသုံးစွဲတာ မပြုကြဖို့နဲ့ မှတ်ပုံတင်ရရှိထားတဲ့ ဆေးဝါးတွေကိုလည်း ဆရာဝန် ညွှန်ကြားချက်နဲ့ ဝယ်ယူ သုံးစွဲကြဖို့ အသိပေး ကြေညာထားပါတယ်။
ပြည်သူ့ကျန်းမာရေးအတွက် စောင့်ရှောက်မှုဆောင်ရွက်ပေးသူတွေ အနေတဲ့ မိမိတို့ သုံးစွဲနေတဲ့ ဆေးဝါးနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် တစုံတရာ ရှိပါက သတင်းပေးပို့ အကြောင်းကြားဖို့လည်း ကြေညာချက်က ဆိုပါတယ်။
::
မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေ၊ ဆေးဝါးအတုနဲ့ စံမညီဆေးဝါးတွေ တင်သွင်းဖြန့်ဖြူးရောင်းချတာ လုံးဝ မပြုလုပ်ဖို့နဲ့ လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါး ဥပဒေပုဒ်မ (၁၈)အရ တရားစွဲဆို အရေးယူမယ်လို့ အသိပေးထားပါတယ်။

7daydaily.::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment