Pages
▼
Pages - Menu
▼
Sunday, June 29, 2014
ဆရာ အောင်ထွန်းသက် ၏ မှတ်သားဖွယ်စကားများ
RangonNewsDaily:: June . 29 .2014
အလုပ်တိုင်းဟာ သိက္ခာ(Dignity) ရှိတယ်။ လခနည်းတာ၊ ရာထူးငယ်တာ အရေးမကြီးဘူး။ လုပ်နေရတာကိုက သိက္ခာရှိတာ။ အလုပ်လက်မဲ့ဆိုရင် သိက္ခာမရှိတော့ဘူး။သူများချီးကျူးတာကို လက်မခံပါနဲ့။ သူများက ကိုယ့်အပေါ်မှာ ဘယ်လိုမြင်လဲဆိုတာ အရေးမကြီးပါဘူး။ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲဆိုတာ အရေးကြီးပါတယ်။ Self-respect ကိုယ့်သိက္ခာကိုယ် လေးစားဖို့ လိုပါတယ်။
တာဝန်လစ်ဟင်းရင် နှုတ်ထွက် ပေးတဲ့ စနစ် ရှိသင့်
RangonNewsDaily:: June . 29 .2014
ဒီမိုကရေစီစနစ်မှာ အစိုးရတာဝန်ရှိသူတွေဟာ တာဝန်မကျေပြွန်တဲ့အခါ နှုတ်ထွက်ပေးကြတဲ့ ယဉ်ကျေးမှု ရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာလည်း အဲဒီလို ယဉ်ကျေးမှုမျိုးဖြစ်လာအောင် ပြည်သူတွေ အားလုံးက ကြိုးစားရမှာဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
မိုးကြိုးပစ်၍ ဓါတ်ကြိုးပြတ်ကျစဉ် ဆိုင်အတွင်းမှ ထွက်လာသူအပေါ်သို့ ပြုတ်ကျသဖြင့် သေဆုံး
RangonNewsDaily:: June . 29 .2014
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ဒရယ်မီးရပ်ကွက်အတွင်း လျှပ်စစ်ဓါတ်ကြိုးပြတ်ကျ၍ သေဆုံး/ဒဏ်ရာရရှိမှုများဖြစ်ပွားကြောင်း သတင်းအရ ဒိုက်ဦးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦး ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြား
RangonNewsDaily:: June . 29 .2014
နေပြည်တော်ရှိ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ် တွင် အမေရိကန်ပစိဖိတ်ရေးရာ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီယို က အမေရိကန်တပ်မတော်မှ စစ် ဘက်ဆိုင်ရာထိပ်တန်းအရာရှိ တစ်ဦးနေအဖြင့် ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း(၂)
بسم اللہ الرحمن الرحیم
" လမြတ်ရမဿွာန်ရိုဇာ၏ အရေးကြီးပုံ "
RangonNewsDaily:: June . 29 .2014
ရမဿွာန်လမြတ်၌အရေးကြီးဆုံး အေဗာဒတ်မှာ ရိုဇာပင်ဖြစ်သည်။
ရှရီအသ်တရားတော်၏ ဝေါဟာရ၌ ရိုဇာ၏ အဓိပ္ပါယ်မှာ ( တစ်ဦးတစ်ယောက်သည် ရိုဇာ၏ နီယသ်ထား၍ ဆွဗ်ဟေ့စွာဒစ်က် (နံနက်မိုးသောက်အာရုဏ်ဦးချိန်)မှ ညနေနေဝင်သည့်အချိန်ထိ စားခြင်း၊ သောက်ခြင်း၊ သံသဝပြုခြင်းတို့မှ မိမိကိုယ်ကိုယ် ထိန်းချုပ်ထားခြင်းအား ခေါ်ဆိုပေသည် )

လမြတ်ရမဿွာန်မည်သို့ဖြတ်သန်း ရမည်နည်း အပိုင်း ( ၁ )
RangonNewsDaily:: June . 29 .2014
ရမဿွာန်လသည် အစ္စလာမ့်လများထဲမှ နဝမမြောက် လတစ်လဖြစ်သည်။ ထိုရမဿွန်လ၏ ထူးမြတ်မှုများမှာ အလွန်ပင် များပြားလှပေသည်။ ထိုရမဿွာန်
လ၌ပင် ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ခဲ့သည်။ ရမသွာန်လသည် အလ္လာဟ်အရှင်မြတ်၏ အေဗာဒတ်များ၊ အမိန့်နာခံမှုများ၊ ကောင်းမှုကု
သိုလ်များ များမြောင်စွာပြုလုပ်ရမည့် လဖြစ်ပြီး တစ်ခြားသူများအားလည်း ကူညီဖေးမမှုများ ပြုလုပ်ရမည့် လဖြစ်သည်။
ဘရာဇီး ကွာတာတက်ပြီး ချီလီအသင်း အိမ်ပြန်ရပြီ
RangonNewsDaily:: June . 29 .2014
ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက် အဆင့် ပထမဆုံးပွဲစဉ်အဖြစ် ဒီကနေ့ည ကစားခဲ့ကြတဲ့ ဘရာဇီးအသင်းနဲ့ ချီလီအသင်းတို့
ရဲ့ ပွဲမှာ မိနစ် ၁၂၀ ကစားပြီး ၁-၁ ဂိုး သရေကျနေတဲ့ အတွက် ပင်နယ်တီ အဆုံးအဖြတ် ကစားရာမှာ ၃-၂ ဂိုးနဲ့ အိမ်ရှင် ဘရာဇီး အသင်းက အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို အစောဆုံး တက်သွားပြီဖြစ်ပါတယ်။
အကြွေး မဆပ်နိုင်သည့် အလုပ်သမားများကို အလုပ်ရှင်က ဖမ်းဆီးချုပ်နှောင်မှု ဖြစ်ပွား
အလုပ်သမားများအား ဖမ်းဆီးချုပ်နှောင်ထားသည် ဆိုသော အချူပ်ခန်းကို အလုပ်သမားခေါင်းဆောင် ကိုရှမ်းလေး (လက်ညှိုးထိုးပြနေသူ) က ပြသနေစဉ် (ဓာတ်ပုံ – ဧရာဝတီ)
RangonNewsDaily:: June . 29 .2014ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ရေကျော်ကျေးရွာ အနီးရှိ အုတ်လုပ်ငန်း တခု၌ ပိုက်ဆံ အကြွေး မဆပ်နိုင်သည့် အလုပ်သမားများကို အလုပ်ရှင်က ကိုယ်ပိုင် အချုပ်ခန်း တခု ပြုလုပ်ကာ ဖမ်းဆီးချုပ်နှောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ ရေးသူကို ညစ်ညမ်းစာပေ ရေးသားမှုဖြင့် သင်္ကန်းကျွန်းရဲစခန်း အမှုဖွင့်
RangonNewsDaily:: June . 29 .2014
ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာဖန်တီးသူ စာအုပ်ကို ရေးသားသည့် စာရေးဆရာ အောင်ရင်ငြိမ်းကို သင်္ကန်ကျွန်းမြို့မ ရဲစခန်း
မှ ပုဒ်မ ၂၉၂ဖြင့် ဇွန်၂၄ရက်တွင် စခန်းမှုးကတရားလိုပြုကာ အမှုဖွင့်လိုက်သည်ဟု သင်္ကန်ကျွန်းမြို့မရဲစခန်းမှ ဒုရဲမှူးဦး
သိန်းဟန်က မဇ္ဈိမကို ပြောသည်။
ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာဖန်တီးသူ
မှ ပုဒ်မ ၂၉၂ဖြင့် ဇွန်၂၄ရက်တွင် စခန်းမှုးကတရားလိုပြုကာ အမှုဖွင့်လိုက်သည်ဟု သင်္ကန်ကျွန်းမြို့မရဲစခန်းမှ ဒုရဲမှူးဦး
သိန်းဟန်က မဇ္ဈိမကို ပြောသည်။