Pages

Pages - Menu

Sunday, June 29, 2014

ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ ရေးသူကို ညစ်ညမ်းစာပေ ရေးသားမှုဖြင့် သင်္ကန်းကျွန်းရဲစခန်း အမှုဖွင့်

RangonNewsDaily:: June . 29 .2014
ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာဖန်တီးသူ စာအုပ်ကို ရေးသားသည့် စာရေးဆရာ အောင်ရင်ငြိမ်းကို သင်္ကန်ကျွန်းမြို့မ ရဲစခန်း
မှ ပုဒ်မ ၂၉၂ဖြင့် ဇွန်၂၄ရက်တွင် စခန်းမှုးကတရားလိုပြုကာ အမှုဖွင့်လိုက်သည်ဟု သင်္ကန်ကျွန်းမြို့မရဲစခန်းမှ ဒုရဲမှူးဦး
သိန်းဟန်က မဇ္ဈိမကို ပြောသည်။
"၂၄ ရက်နေ့က စခန်းမှုးက တရားလိုလုပ် ဖွင့်လိုက်တယ်။ ညစ်ညမ်စာရေးသားမှုကြောင့် ဖွင့်ထားတဲ့ ပုဒ် မ၂၉၂ အမှုဖွင့်
ထားပါတယ်။ အခုကတော့စုံစမ်းဆဲပါ " ဟုပြောသည်။

ဇွန်လ ၁၆ရက်နှင့် ၁၇ရက်တွင် သင်္ကန်းကျွန်းမြို့နယ် Junction ဇဝန ဈေးရောင်းပွဲတော်၌ ရိုမန်ဘော့ထ်တွေရဲ့ ကမ္ဘာ

စာအုပ်ကို ရောင်းချခဲ့သည့်အတွက် သင်္ကန်းကျွန်းမြို့မ ရဲစခန်းက အမှုဖွင့်ရခြင်း ဖြစ်သည်ဟု ဒုရဲမှူး ဦးသိန်းဟန်က ဆိုသည်။

ရိုမန်ဘော့ထ်တွေရဲ့ ကမ္ဘာ စာအုပ်ရေးသားသူနှင့် ပတ်သက်၍ ကဗျာဆရာကိုဇ်ာလူစိမ်းက စာရေးဆရာ အောင်ရင်ငြိမ်း

သည် ယခင်က ကဗျာများ ရေးရာမှ ရသစာပေဘက်ကို ကူးသွားခြင်းဖြစ်ပြီး ရသစာပေ ကူးပြောင်းရာတွင် အပြာဆန်ဆန် ရေးသားမှုများမှာ အန္တရယ်ရှိနိုင်သည်ဟု ဆိုသည်။

"လွတ်လပ်မှုနဲ့ အတူတာဝန်ယူမှုရှိရမယ်။ ကလောင်ပါရင် တာဝန်ယူရမယ်။ လုံးဝ တရားရင်ဆိုင်တာမျိုးကို လိုလားတယ်။ သူ့အတွက်လည်း တရားခွင်မှာ လွတ်လွတ်လပ်လပ် ထုတ်ဖော်လို့ရတယ်။"ဟု၎င်းကပြောသည်။


ရသစာပေရေးသားမှုနှင့် ပတ်သက်၍တရားရင်ဆိုင်မှသာ အများရှေ့တွင် စာရေးသူအနေဖြင့် မည်သည်ခံယူချက်ကြောင့်

 ရေးသားသည်ကို ထုတ်ဖော်ပြောမှသာ အများ၏ အမြင် ရှင်းသွားမည်ဟုလည်း ကဗျာဆရာ ကိုဇော်လူစိမ်းမှ ဆိုသည်။

စာရေးဆရာ အောင်ရင်ငြိမ်းက "အခု ရိုမန်းဘော့ထ်တွေရဲ့ နောက်ဆက်တွဲ ပြသနာတွေအဖြစ် ကျွန်တော့် စာအုပ်ဟာ အစိုးရရဲ့ နောက်ကွယ် ကြိုးကိုင်မှုနဲ့ ပုဒ်မ ၄၃၆ လှုပ်ရှားမှုကို အာရုံလွှဲပြောင်းဖို့ အစီအစဉ်တကျ ပေါ်ထွက်လာတဲ့ စာအုပ်

တစ်အုပ်ဖြစ်တယ်ဆိုတဲ့ ကိုယ်လိုရာ ဆွဲတွေးမှန်းဆချက်တွေ ထွက်ပေါ် လာတယ်လို့ သိရပါတယ်။ 

ကျွန်တော်ပြောတဲ့ အမှောင်ခေတ် အလွန် အရူးခေတ်ရဲ့ ရယ်မောစရာ အကောင်းဆုံး ဟာသပြက်လုံး တစ်ခုပါပဲ။ ဒါဟာ ကျွန်တော့်ကို လုပ်ကြံ တိုက်ခိုက်မှု အသစ်တစ်ခု ဖန်တီးလိုက်တာလို့လည်း ယူဆမိပါတယ်။" ဟု သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

အောင်ရင်ငြိမ်း၏ စာအုပ်ကို၂ဝ၁၄ ခုနှစ်ဇွန်လတွင် လူငယ်တစ်ယောက်စာပေမှ ပထမဆုံး အကြိမ် ရိုက်နှိပ်ကာ ပင်လယ်

သစ် စာပေမှ မြန်မာတစ်နိုင်ငံလုံးသို့ တစ်အုပ်လျှင် ၂၅ဝဝ ကျပ်ဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ ထုတ်ဝေဖြန့်ချိခဲ့ပြီး ပြင်ပတွင်
မူ ယင်းစာအုပ်မှာ ကျပ် တစ်သောင်းဝန်းကျင်အထိ ပေါက်နေပြီး ရောင်းအား အကောင်းဆုံး စာရင်းဝင်လျက်ရှိသည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment