Pages
▼
Pages - Menu
▼
Friday, June 6, 2014
ပုဒ်မ ၄၃၆ပြင်ဆင်ရေး မိမိလက်မှတ်မထိုးသော်လည်း ပြည်ခိုင်ဖြိုးပါတီဝင်များ လက်မှတ်ထိုးရာတွင် ပါဝင်နိုင်ဟု ဒုဥက္ကဋ္ဌ ဦးဌေးဦးပြော
ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဌေးဦး
RangonNewsDaily: June . 6 .2014ရန်ကုန်၊ ဇွန် ၅ - ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၄၃၆ပြင်ဆင်ရေးအ တွက် မိမိအနေဖြင့်လက်မှတ်ထိုးမည် မဟုတ်သော်လည်း လက်မှတ်ထိုးရာ တွင် ပြည်ခိုင်ဖြိုးပါတီဝင်များပါဝင် ကောင်းပါဝင်နိုင် ကြောင်း ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဌေးဦးက ပြောသည်။
မိုင်းပျဉ်း လက်တက်ကျေးရွာမှ NLD ဒီချုပ်ဒုဥက္ကဋ္ဌတစ်ဦး အသတ်ခံရ
RangonNewsDaily: June . 6 .2014
ရှမ်းပြည်နယ်တောင် ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်းရှိ သိမ်း ဆည်းခံလယ်ယာမြေများ အရေး ဆောင်ရွက်ပေးနေသော မိုင်းပျဉ်း လက်တက်ကျေးရွာမှ အင်န်အယ်လ်ဒီ ပါတီဝင် တစ်ဦးအား ဇွန်လ ၄ ရက်ညတွင် လူနှစ်ဦးကလာရောက် ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သတင်းရရှိသည်။

ရထားစီးပြီးအိမ်ပြန်တဲ့ တောင်ကိုရီးယားက ဆိုးလ်မြို့ တော်ဝန် Park Won-soon
Photo: - “ ကိုရီးယားက ဆိုးလ်မြို့ တော်ဝန် Park Won-soon။
RangonNewsDaily: June . 6 .2014ရထားစီးပြီးအိမ်အပြန်လမ်းမှာ တနေ့ တာ ၀န်ကိုထမ်းပြီးပန်းသမျှကို လမ်းတခဏ
မှာ မှေးစက်ရင်းနဲ့ ဖြေလေရဲ့ ။ ပြည်သူထဲက ပြည်သူတဦး ဖြစ်လို့  သူ့ တာဝန် မြို့ တော်ဝန်ရာထူးဟာသူ့ အတွက်တော့ အလုပ်တခုသာ။ ဘယ်မှာလဲ အာဏာစည်းစိမ်ပေါ်မှာ ယစ်မူးနေတဲ့  အရိပ်လက္ခဏာတွေ။ ”
တစ်နိုင်ငံလုံး ဇွန်လ ၈ ရက်နောက်ပိုင်း အချိန်ပိုင်းသာ လျှပ်စစ်မီး ပေးနိုင်မည်
RangonNewsDaily: June . 6 .2014
မန္တလေးတိုင်းဒေသကြီး ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတွင် သတ်မှတ်သည့်ရေပမာဏ မရရှိသဖြင့်တစ်နိုင်ငံလုံးအတွက် ငါးရက်သာ လျှပ်စစ်ဓာတ်အားအပြည့်အဝ ပေးနိုင်သည့် အခြေအနေဖြစ်ပေါ်နေသောကြောင့်ဇွန်လ ၈ ရက်နေ့ နောက်ပိုင်း၌ တစ်နိုင်ငံလုံးသို့ အချိန်ပိုင်းသာ လျှပ်စစ်မီး ပေးနိုင်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
မြန်မာသင်္ဘောသားများပါသည့် ပင်လယ်ကူးသင်္ဘော ဓားပြတိုက်ခံရ
RangonNewsDaily: June . 6 .2014
မြန်မာသင်္ဘောသား (၉) ဦးလိုက်ပါလာတဲ့လောင်စာဆီတင် ပင်လယ်ကူးသင်္ဘော
၁ စီး တောင်တရုတ်ပင်လယ် နိုင်ငံတကာရေပိုင်နက်ထဲမှာ အမည်မသိ လက်နက်
ကိုင် ပင်လယ်ဓားပြတွေရဲ့ စီးနင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ အသက်ဘေးက လွတ်မြောက်လာတဲ့ ကာယကံရှင် မြန်မာသင်္ဘောသားတွေက ပြောပါတယ်။

`ဆရာဝန်ဘွဲ့ရထားသူများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားမည်မဟုတ်ဟု ကျန်းမာရေးဒုဝန်ကြီးဆို´
RangonNewsDaily: June . 6 .2014
ဆရာဝန်ဘွဲ့ရ ကျောင်းသားများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားပေးရန် အစီအစဉ် မရှိဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်က ပြောသည်။
ဆရာဝန်ဘွဲ့ရ ကျောင်းသားများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားပေးရန် အစီအစဉ် မရှိဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်က ပြောသည်။
ရန်ကင်းတီတီစီ ကျောင်းအုပ်ကြီးကို ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူသွားရန်ရှိ
RangonNewsDaily: June . 6 .2014
ယခုနှစ် ကျောင်းအပ်ရာသီတွင် ဖြစ်ပွားခဲ့သော ရန်ကင်း တီတီစီ ကျောင်းနှင့် ပတ်သတ်၍ ရန်ကင်း တီတီစီ ကျောင်းအုပ် ဆရာမကြီးအား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ကာ အပြစ်ကျူးလွန်ထားပါက ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက Tomorrow ဂျာနယ်သို့ ပြောကြားခဲ့သည်။
The Hunger Games ရုပ်ရှင်ထဲမှပုံစံဖြင့် ဆန္ဒမပြရ
RangonNewsDaily: June . 6 .2014
ထိုင်းနိုင်ငံတွင် စစ်တပ်ကို "The Hunger Games" ရုပ်ရှင်ဇာတ်ကားထဲမှပုံစံမျိုး အတုခိုးပြီး စစ်အာဏာသိမ်းမှုကို အမူအရာဖြင့် အသံတိတ်အလေး ပြု ဆန္ဒပြခြင်းများအား စောင့် ကြည့်စစ်ဆေးသွားမည်ဟု စစ် အာဏာသိမ်းသူများက ပြောကြား သည်။ စစ်တပ်ကို အလေးပြုရာ ၌ လက်အောက်ချရန် သတိပေး ချက်ကို လျစ်လျူရှုသည့်အုပ်စု များကို ဖမ်းဆီးသွားမည်ဟု ဆိုသည်။