Pages

Pages - Menu

Friday, June 6, 2014

ရထားစီးပြီးအိမ်ပြန်တဲ့ တောင်ကိုရီးယားက ဆိုးလ်မြို့ တော်ဝန် Park Won-soon

Photo: - “ ကိုရီးယားက ဆိုးလ်မြို့ တော်ဝန် Park Won-soon။ 
RangonNewsDaily: June . 6 .2014
ရထားစီးပြီးအိမ်အပြန်လမ်းမှာ တနေ့ တာ ၀န်ကိုထမ်းပြီးပန်းသမျှကို လမ်းတခဏ
မှာ မှေးစက်ရင်းနဲ့ ဖြေလေရဲ့ ။ ပြည်သူထဲက ပြည်သူတဦး ဖြစ်လို့  သူ့ တာဝန် မြို့ တော်ဝန်ရာထူးဟာသူ့ အတွက်တော့ အလုပ်တခုသာ။ ဘယ်မှာလဲ အာဏာစည်းစိမ်ပေါ်မှာ ယစ်မူးနေတဲ့  အရိပ်လက္ခဏာတွေ။ ”
တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံ စစ်တပ်က အာဏာသိမ်းမခံရမီထိ မြန်မာနဲ့ စီပွားရေးအဆင့်အတန်းမှာ အဆင့်တူတွေပါ။မြန်မာကတောင် နည်းနည်းပိုသာချင်သာပါလိမ့်မယ်။

ဒီပုံလေးမှာဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့မြို့တော် ဆိုးမြို့တော်ဝန်ရဲ့အခွင့်ထူးမခံ၊ အခြေခံပြည်သူဘ၀လိုနေပြီး ရုံးတက်၊ ရုံးဆင်းနေတဲ့ပုံလေးပါ..။

သူတို့မြို့တော်ဝန်ရဲ့ အခွင့်ထူးမခံ၊ ရိုးရှင်းစွာဖြတ်သန်းနေတဲ့ဘ၀ကိုမြင်ပြီးဆိုးမြို့တော်သူ၊ မြို့တော်သားတွေဟာ အတော်ချီးကျူးဂုဏ်ယူနေကြပါတယ်။

ဒီပုံလေးကို သူနဲ့အတူ ရထားအတူစီးနေတဲ့ ကိုရီးယားပြည်သူတစ်ဦးက မှတ်တမ်းတင်ထားတာပါ။ သူတို့တိုင်းပြည်တွေဖွံ့ဖြိုးတာဘာကြောင့်လဲဆိုတဲ့ အဖြေတွေထဲက အဖြေတစ်ခုကို ဒီပုံရိပ်တွေကနေတွေးယူဆင်ခြင်နိုင်ပါတယ်။

ရန်ကုန်မြို့ရဲ့ မြို့တော်ဝန် အောင်သိန်းလင်းကို ပြေး သတိရမိတယ်။

မိုးများသည်းရင် ကိုယ်ရုံးထိုင်တဲ့ မြို့တော်ခန်းမနားမှာတောင် မြောင်းပေါက်တွေ

အမှိုက်ဆို့ပြီး ရေကြီးတတ်တော့ ... အင်း ... အံ့မခန်း ရှိလိုက်လေ ...

လမ်းတစ်ခြမ်းခင်း အဘ အောင်သိန်းလင်းရေ ...။


KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment