Pages

Pages - Menu

Sunday, May 25, 2014

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းပြန်ဖြစ်လာရန် တာစူ


RangonNewsDaily: May . 25 .2014
မုန်တိုင်းငယ်အဖြစ်မှ အားလျော့သွားသော လေဖိအား နည်းရပ်ဝန်းသည် ဘင်္ဂလားပင် လယ်အော်အနောက်အလယ်
ပိုင်းတွင် အားပြန်ပျိုးနေပြီး မုန်တိုင်း အ ဆင့်သို့ ပြန်ရောက်လာနိုင်ကြောင်းနိုင်ငံတကာ မိုးလေ၀သ ဂြိုဟ်တုများ၏ ခန့်
မှန်းချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က သတိပေးသည်။

တရားခံပြေးလာဖမ်းသည့် ရဲနှစ်ဦးကို ရွာသားများ ၀ိုင်းရိုက်ပြီး ရဲကင်း မီးရှို့

RangonNewsDaily: May . 25 .2014
တရားခံပြေးလာဖမ်း သော ရဲနှစ်ဦးကို ရွာသားများက ဖမ်းဆီးပြီး ရိုက်နှက်ကာ ရဲကင်း ကို မီးရှို့မှု စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။မေလ ၂၂ ရက်ညနေက ဗန်း မောက်မြို့နယ်၊ မန်စီကြီးရဲ
စခန်း ပိုင် နယ်မြေ လိတ်စောရဲကင်းမှ ရဲတပ်သားနှစ်ဦးသည် ဟော့ယော ကျေးရွာတွင်ရှိနေသည့် တရားခံ ပြေးတစ်ဦး
အား သွားရောက်ရှာ ဖွေခဲ့ရာ မတွေ့သဖြင့် ကျေးရွာ အုပ်ချုပ်မှူးနှင့်အတူ ရွာလမ်း အတိုင်းပြန်လာစဉ် အောင်ရွှေ ဆိုသူ ဦးဆောင်သည့် ရွာသား ဆယ်ဦးခန့်က အော်ဟစ်ကာ ၀ိုင်းလာသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အိမ်ထဲတွင် ၀င်
ပုန်းခဲ့ရသည်။

ဗဟန်းမြို့နယ်တွင် ဓာတ်ကြိုးပြတ်ကျသဖြင့် နှစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါ အ၀င် လူလေးဦး ဓာတ်လိုက်ဒဏ်ရာရ


RangonNewsDaily: May . 25 .2014
ဗဟန်းမြို့နယ်တွင် ဓာတ်ကြိုးတစ်ကြိုး ပြတ်ကျသဖြင့် နှစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအဝင် လူလေးဦး ဓာတ်လိုက်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒု သမ္မတ ဦးဉာဏ်ထွန်းရဲ့ တရက် ၀င်ငွေ ၂၀၀၀ ကျပ် လက်တွေ့မကျဟု ဝေဖန်နေ


RangonNewsDaily: May . 25 .2014
ဒု သမ္မတကြီး ဦးဉာဏ်ထွန်း ပြောတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ မြေယာတွေ သိမ်း
ဆည်းတာဖြစ်သလို ပြည်သူ တယောက် အနေနဲ့ တရက် ဝင်ငွေ ကျပ် ၂၀၀၀ ရှိရင် ရပ်တည်ဖို့ လုံလောက်ကြောင်း ပြောဆို
ချက်တွေနဲ့ ပတ်သက်ပြီး အခု လတ် တလော သတင်း မီဒီယာတွေနဲ့ လူမှုကွန်ရက် စာမျက်နှာ အများအပြားမှာ လက်တွေ့ မကျကြောင်း ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဘရွှေ(အငြိမ်းစား) ကိုယ်တိုင်သင်ကြားသော အာဏာသိမ်းနည်းလမ်းညွှန် ရက်တိုသင်တန်း


RangonNewsDaily: May . 25 .2014
ဘရွှေ(အငြိမ်းစား) ကိုယ်တိုင်သင်ကြားသော အာဏာသိမ်းနည်းလမ်းညွှန် ရက်တိုသင်တန်း

စတုထ္ထအကြိမ်လက်ပံတောင်းတောင်ကျိန်စာတိုက်ပွဲယမန်နေ့က ပြုလုပ်


RangonNewsDaily: May . 25 .2014
စတုထ္ထအကြိမ်လက်ပံတောင်းတောင်ကျိန်စာတိုက်ပွဲကို လက်ပံတောင်းတောင်ခြေ ဆည်တဲ ရွာမြောက်ဖက် တွင်ပြုလုပ်ရန်သွားနေသည့်ရွာသားများကို မေ၂၄ရက်နေ့က တွေ့ရစဉ်

“စစ်တွေမြို့၌ UN-INGO Watch Team ဖွဲ့စည်းမည်ဟုဆို”

RangonNewsDaily: May . 25 .2014
စစ်တွေမြို့တွင် UN-INGO အဖွဲ့များအား စောင့်ကြည့်သည့် အဖွဲ့ ဖွဲ့စည်းမည်ဟုဆိုသည်။ထိုအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် အစည်းအဝေးကို စစ်တွေမြို့ စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်း၌ မေလ ၂၅ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ပုပ်ပွနေသော လူသေ အလောင်းတွေ့

RangonNewsDaily: May . 25 .2014
မင်္ဂလာတောင်ညွန့်မြို့နယ် ဖို့မြေရပ်ကွက် မြန်မာ့ဂုဏ်ရည်လမ်းရှိ ငပလီ ဆောက်လုပ်ရေး ကုမ္ပဏီက တည်ဆောက်နေလျက် ရှိသော ကွန်ဒိုဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ပုပ်ပွသေဆုံးလျက် ရှိသော အသက် ၂၀ အရွယ် နေ့စား အလုပ်သမားတစ်ဦး၏ အလောင်းကို မတ်လ ၂၃ ရက် နံနက် ၈ နာရီခန့်က တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အမြန်လမ်းမှာ ကံစမ်းပါ

နေပြည်တော်အသွားလမ်းဘက်အခြမ်း
ကအမြန်လမ်းပေါ် ရောက်ကျောက်တုံးများ
RangonNewsDaily: May . 25 .2014
(သရော်စာ) အမြန်လမ်းလား၊ မပြန်လမ်းလားမသိ၊ ကာတွန်းတွေက ကလိလှပြီ။ 

ဆိုင်ကယ်စီး လုယက်မှုများတနေ့တခြားတိုးလာသော မန္တလေး နှင့် နံပတ်ပြား မပါသော ဆိုင်ကယ် ........

RangonNewsDaily: May . 25 .2014
ယခုအစိုးရရဲ့ နောက်ဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးအပြီးမှာ မန္တလေးမြို့မှာ တနေ့တခြား ကြားလာရတာတွေကတော့ ဆိုင်ကယ်စီးနင်းလာသူ မိန်းမသားများထံမှ ပိုက်ဆံအိတ်၊လက်ဝတ်ရတနာ နှင့် မိုဘိုင်းဖုန်းများ လုယက်ခံရသည် ဆိုသော သတင်းများမှာ တနေ့တခြားပိုပိုဆိုးဝါးလာတယ်လို့ ထင်မိပါတယ် ......။

ဖမ်းဝရမ်း ထုတ်ထားတဲ့ ပဲခူးက တရားသူကြီးဇနီး ၂ နှစ်ကျော်အထိ ရဲတပ်ဖွဲ့ မဖမ်းနိုင်သေး


RangonNewsDaily: May . 24 .2014
ပဲခူးမြို့နယ် တရားသူကြီးဇနီးတဦးကို အသက် ၁၅ နှစ် အရွယ် အိမ်အကူ အလုပ်သမ တဦးအား ညှဉ်းပန်း နှိပ်စက်မှုတွေနဲ့ တရား ရုံးက ဖမ်းဝရမ်း ထုတ်ထားပေမယ့် ၂ နှစ်ကျော် ကြာတဲ့အထိ မဖမ်းဆီးနိုင်သေးဘူးလို့ သိရပါတယ်။