Pages
▼
Pages - Menu
▼
Friday, May 23, 2014
WeChat လစဉ်အသုံးပြုသူ ၃၉၆ သန်းရှိလာ
RangonNewsDaily: May . 23 .2014
Tencent ၏ ၂၀၁၄ ခုနှစ်၊ ပထမသုံးလပတ် ဘဏ္ဍာရေး အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ကုမ္ပဏီ၏ WeChat messaging app ကိုလစဉ်အသုံးပြုသူဦးရေ ၃၉၆ သန်းအထိ မြင့်တက်လာကြောင်း သိရသည်။ WeChat အသုံးပြုသူဦးရေသည် ၂၀၁၃ ခုနှစ်၊ နှစ်ကုန်က ၃၅၅ သန်းရှိခဲ့ပြီးလွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က ၁၉၅ သန်းသာရှိခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ယင်လပ်၊ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် စစ်တပ်သို့ လာရောက် သတင်းပေးပို့
RangonNewsDaily: May . 23 .2014
စံခလပူရီ၊ မဇ္ဈိမ။ ။ နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေး ကောင်စီ အဖွဲ့ (National Peace and Order Maintaining Council) က ထုတ်ပြန် ကြေငြာထားချက် အတိုင်း
မေလ ၂၃ရက် နံနက် ၁၁ နာရီ ၅၉ မိနစ်တွင် ယခင် ဝန်ကြီးချုပ်ဟောင်း မစ္စစ် ယဉ်လပ် ရှင်နာဝါဒ်က ကြည်းတပ် စစ်ဦးစီး ချုပ်ရုံးသို့ သွားရောက် သတင်းပို့ ခဲ့သည်။
လူများကို တိုက်မိမည်စိုး၍ ဓါတ်တိုင်ကို ၀င်တိုက်လိုက်ရသည့်ယာဉ်တိုက်မှု လှည်း တန်း၌ ဖြစ်ပွား
RangonNewsDaily: May . 23 .2014
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးလမ်း၌ မေလ (၂၂)ရက် ညနေ (၁၄း၅၀) အချိန် ခန့်က ခရီးသည်တင်ယာဉ်ဘရိတ်ပေါက်ပြီး လှည်းတန်းကုန်းဆင်းဘေး ကျောင်းရှေ့မှတ်တိုင်အနီး ဓါတ်တိုင်ကို ၀င်ရောက်တိုက်မိမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ သိရှိရသည်။

INVEST 92B အား မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေအဆင့်အား "Medium" သို့ လျှော့ချ ၊ မိုးသက်လေပြင်းကျရောက်နိုင်မည့် အခြေအနေ ဆက်လက်ရှိနေသေး
ယနေ့ နံနက် မြန်မာစံတော်ချိန် ၉ နာရီတွင် JTWC မှ INVEST 92B ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ကြောင်း သတိပေးချက်အား ပယ်ဖျက်ကြောင်း၊ ၄င်းတို့ ခန့်မှန်းချက်များအရ မုန်တိုင်း ဖြစ်နိုင်ခြေ အားနည်းသွားပြီဖြစ်သဖြင့် လာမည့် ၂၄ နာရီအတွင်း INVEST 92B မှ မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေအဆင့်အား "Medium" သို့ လျှော့ချလိုက်ကြောင်း စသည်ဖြင့် ပါရှိပါသည်။
မူးယစ်ဆေး ရောင်းဝယ်သည်ဟုသတင်းထွက်နေသည့် အိမ်တွင် ရဲတပ်ဖွဲ့ဝင်နှစ် ဦးကို ဖမ်းမိ
RangonNewsDaily: May . 23 .2014
မြစ်ကြီနားမြို့ မန်ခိန်ဆရာက ထောင်ရပ်ကွက်အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ်
သုံးစွဲသည်ဟု ကျော်ဇောသတင်းထွက်နေသည့် နေအိမ်ကိုရပ်ကွက်နေသူ၁၀၀ ကျော်
ပါသည့်အဖွဲ့က မေလ ၂၁ ရက်တွင် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် အရပ်သားနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ဦးဆောင် ပါဝင်သူ မန်ခိန် ဆရာကထောင် ရပ်ကွက်မှ နှစ်ခြင်း အသင်းတော် သင်းအုပ်ဆရာ ထိန်နန်တူးက ပြောကြားသည်။

အတုမရှိဂျာနယ်ထုတ်ရန် ရဟန်းနှင့် လူပုဂ္ဂိုလ် ၄၁ ဦးကို မန္တလေး မဘသ သင်တန်းပေး
RangonNewsDaily: May . 23 .2014
အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) ဖွဲ့စည်းရန် အတုမရှိ ကျောင်းတော်ကြီးတွင် သံ
ဃာသုံးသောင်းကျော် တက်ရောက်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘက်မလိုက်သည့် လူမှုရေး၊ ဘာသာရေး သ
တင်းများကို ရေးသား ဖော်ပြရန်အတွက် အတုမရှိ ဂျာနယ် ထုတ်ဝေမည် ဖြစ်ပြီး ရဟန်းနှင့် လူပုဂ္ဂိုလ် ၄၁ ဦးကို မေလ ၂၀ ရက်နေ့မှစတင်ကာ သင်တန်းပေးလျက် ရှိကြောင်း အဆိုပါအဖွဲ့ ဦးဆောင်ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။

အမေရိကတွင် မူလတန်းကျောင်းသားနှစ်ဦးက ဆရာမကို အဆိပ်ခတ်
RangonNewsDaily: May . 23 .2014
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် မူလတန်း ကျောင်းသားနှစ်ဦးက ဆရာမ၏ ရေဘူးအတွင်းသို့ အဆိပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။
အသက် ၉ နှစ်နှင့် ၁၂ နှစ်အရွယ်ရှိ ကျောင်းသားနှစ်ဦးသည် တနင်္လာနေ့ နေ့လယ်ခင်းတွင် ၎င်းတို့ ဆရာမ၏ ရေဘူးအတွင်းသို့ အဆိပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ထိုအဆိပ်ပါသောရေကို သောက်မိသည့် ဆရာမမှာ နောက်တစ်နေ့တွင် ပျို့အန်ချင်သော ဝေဒနာကို ခံစားခဲ့ရကာ ဆေးကုသမှု ခံယူခဲ့ရသည်။

ပုဒ်မ ၄၃၆ ကို ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီက ပြင်ဆင်ဖို့ သဘောတူ
RangonNewsDaily: May . 23 .2014
အခုတလော ၈၈ မျိုးဆက် ( ငြိမ်း/ ပွင့်) နဲ့ NLD ပါတီတို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ် ရှားမှု တွေ အရှိန်မြင့်မားနေချိန်မှာပဲ လွှတ်တော်ထဲက အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက သူတို့ဆွေးနွေး အပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခက်တွေ့နေတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်မယ်လို့ သဘောတူ လိုက်ကြပါပြီ။