Pages

Pages - Menu

Friday, May 2, 2014

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် အိမ် ၁၈ လုံး မီးလောင်


RangonNewsDaily: May . 2 .2014
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁၁ ရပ်ကွက် မြကျွန်းသာ (၂) လမ်းတွင် အလုပ်သမားနေ့ မေလ ၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က လူနေအိမ် တစ်လုံးမှ စတင် လောင်ကျွမ်းခဲ့သော မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၈ လုံး မီးလောင်ပြာကျခဲ့ပြီး အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ကျားမ စုစုပေါင်း ၉၀ နီးပါး နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း တောင်ငူမြို့ခံများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတို့ထံမှ စုံစမ်းသိရှိရသည်။

မွန်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ခဲ့ခြင်း မရှိသည့် သတင်းသမားများ မွန်လူငယ်များ ကွန်ဖရင့်တွင် သတင်းယူခွင့် ပိတ်ပင်

RangonNewsDaily: May . 2 .2014
မွန်ပြည်နယ် မော်လမြိုင် သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းတွင် မေလ ၁ ရက်နေ့က ပြုလုပ်ကျင်းပသည့် ပထမဆုံးအကြိမ် မွန်လူငယ်များကွန်ဖရင့် (Mon Youth Conference) ၌ သတင်းဌာန အသီးသီးက သတင်းထောက်များ မွန်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ခဲ့ခြင်း မရှိသောကြောင့် သတင်းယူခွင့် မရခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတိုက်မှ သတင်းထောက် မုဒုံဆက်နေက ပြောကြားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် တစ်ဦးကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်

RangonNewsDaily: May . 2 .2014
မွန်ပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဗဟိုဥက္ကဋ္ဌ နိုင်ငွေသိန်းနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးမင်းချစ်ဦးတို့ကို ဧပြီလ ၂၇ ရက်နေ့တွင် ပါတီ၏ ပါတီတာဝန်မှ ရပ်ဆိုင်းလိုက်ပြီး ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) နိုင်စံတင်က ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် စံချိန်စံနှုန်းနှင့် မကိုက်ညီ၍ သတိထားမောင်းနှင်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ ပြောကြား


RangonNewsDaily: May . 2 .2014
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ စံချိန်စံနှုန်းနှင့် မကိုက်ညီသေးသည့်အတွက် ယာဉ်မောင်းများအနေဖြင့် သတိထားမောင်းနှင်ရန် အရေးကြီးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက မေ ၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

တောင်ကိုရီးယားတစ်နိုင်ငံလုံးကို စိတ်ဒဏ်ရာရစေသော သင်္ဘောနစ်မြုပ်မှု ကြမ္မာဆိုး


RangonNewsDaily: May . 2 .2014
တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်း၏ အဓိကလမ်းမကြီးပေါ်မှာ အ၀ါရောင်လိုင်းများက မျဉ်းသားထားသည့်နှယ်။ ကားလမ်းတစ်
လျှောက် ခြောက်ပေအကွာတိုင်းမှာ ချည်နှောင်ထားသော အ၀ါရောင်ဖဲကြိုးများက ဖြတ်သန်းသွားသည့်ကားများမှ လေတိုးဝှေ့တိုင်း ၀ဲလွင့်နေကြသည်။

သာကေတအ၀ိုင်းပတ်အတွင်း ယာဉ် (၄)စီးဆင့်ကဲတိုက်မှုဖြစ်ကာ ယာဉ်မောင်း (၁)ဦးဒဏ်ရာရ


RangonNewsDaily: May . 2 .2014
၁.၅.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန် သာကေတမြို့နယ်၊ သန်လျင်တံတားချဉ်းကပ်လမ်းအတိုင်း သန်လျင်တံတားဘက်မှ သာကေတ
အ၀ိုင်းဘက်သို့ ယာဉ်မောင်း အောင်ကျော်သူ (၃၉)နှစ်၊ (ဘ)ဦးထွန်းဝေ၊ (၁၃)ရပ်ကွက်၊ရွှေပေါက္ကံ၊ မြောက်ဥက္ကလာပမြို့နယ်နေ
သူမောင်းနှင်လာသော ၂ဂ---၊ NISSAN DIESEL ၀ါ/စိမ်းရောင်၊ ဘိလပ်မြေဖျော်သည့်ယာဉ်သည် သာကေတအ၀ိုင်းအရောက် အ၀ိုင်းပတ်ယာဉ်ကြောအတွင်းသို့ဝင်စဉ်

ဒုတိယခွေက နားထောင်လိုက်တာနဲ့ မိုက်တယ်ဆိုတဲ့ အနေအထားဖြစ်အောင် ကြိုးစားထားတယ်လို့ဆိုတဲ့ ပိုပို


RangonNewsDaily: May . 2 .2014
ပရိသတ်တွေ သဘောကျနှစ်ခြိုက်အားပေးခဲ့ကြတဲ့ အရင်ပါပဲ အရင်တိုင်းပဲ၊ ဘာမှမလိုဘူးတို့သီချင်းတွေရဲ့ ပိုင်ရှင် အဆိုတော်ပိုပိုနဲ့တွေ့ဆုံခိုက်မှာ ပြောဖြစ်ခဲ့တာတွေကတော့ ‘ ခု ပို နယ်ရှိုးတွေဆိုဖြစ်နေတယ်။ ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။

မလေးရှားအစိုးရက ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်


RangonNewsDaily: May . 2 .2014
ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်နဲ့ ပတ်သက်ပြီး စာမျက်နှာ ၅ မျက်နှာပါ အစီရင်ခံကို မလေးရှားအစိုးရက မေလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စေ့စပ်ကြောင်းလမ်းခြင်းဂယက် စာနယ်ဇင်းများမှတစ်ဆင့် ပြန်လည် ဖြေရှင်း သွားမည်ဟု ဆုပန်ထွာဆို


RangonNewsDaily: May . 2 .2014
နိုင်ငံပိုင်သတင်းစာ တစ်စောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ ဧပြီလ ၂၉ ရက်နေ့က ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ဇနီးဖြစ်သည်ဆိုသူ ဒေါ်မဉ္ဇူအောင်က ရှေ့နေမှတစ်ဆင့် ကြေညာချက်ထုတ်ကာ ကန့်ကွက်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ဖြေရှင်းဖို့ ဆန္ဒမရှိသေးပေမယ့် စေ့စပ်ကြောင်းလမ်းခြင်း ဂယက်နဲ့ ပတ်သက်ပြီး မကြာခင်မှာ စာနယ်ဇင်းများမှ တစ်ဆင့် ပြန်လည် ဖြေရှင်းသွားမှာ ဖြစ်ကြောင်း သရုပ်ဆောင် ဆုပန်ထွာက ပြောပါတယ်။

ရန်ကုန်တွင် မီးပျက်မှုများ ဆက်ရှိနေမည်ဟု တိုင်းလျှပ်စစ်ဝန်ကြီး ဝန်ခံ

RangonNewsDaily: May . 2 .2014
လျှပ်စစ်ဗို့အား ပြည့် သည့် ဓာတ်အားလိုင်းကြိုး လဲ လှယ်ခြင်းလုပ်ငန်းများ ကျန်ရှိ နေသောကြောင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ တွင် မီးပြတ်ခြင်း၊ မီးအားနည်း ခြင်းများ ရှိနေသေးမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးÓဏ် ထွန်းဦးက ဧပြီ ၂၈ ရက်တွင်ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ပထမအကြိမ် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြေသယ်ယာဉ်ပေါ်၌ အိပ်ပျော်နေသည့် လူငယ်တစ်ဦး မြေကြီးပိသေဆုံး

RangonNewsDaily: May . 2 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ မြောက်ဒဂုံမြို့နယ်၊ ကုန်းဘောင်အိမ်ယာအတွင်း၌ ရပ်ထားသောမြေသယ်ယာဉ်ပေါ်တွင် အိပ်ပျော်နေသူ လူငယ်
တစ်ဦး မြေကြီးပိ၍ သေဆုံးခဲ့သောဖြစ်စဉ်တစ်ခု မေလ ၁ရက်၊ နံနက် ၉နာရီခွဲ အချိန်ကဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။မြေကြီးပိ၍ သေဆုံးသူမှာ အသက်(၁၆)နှစ်သာ ရှိသေးပြီး မြေကြီးချပေးစဉ် မြေညှိသောလုပ်ငန်းကို လုပ်ကိုင်သူဖြစ်သည်။

တောင်ကိုရီးယားတွင် မြေအောက်ရထား နှစ်စင်း တိုက်ခိုက်မှု ဖြစ်ပြီး လူပေါင်း ၇၀ ကျော် ဒဏ်ရာ ရရှိ


RangonNewsDaily: May . 2 .2014
မြေအောက်ရထား နှစ်စင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် တောင်ကိုရီးယားမြို့တော် ဆိုးလ်တွင် လူပေါင်းများစွာ ဒဏ်ရာရရှိ
ခဲ့ကြောင်းသိရှိရသည်။

မှော်ဘီရှိ သားရေစက်ရုံဝန်ထမ်း ၃၃ ဦး အစာအဆိပ်သင့်


RangonNewsDaily: May . 2 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်၊ ကြာဂန်သင်္ချိင်းအနီးရှိ အသေးစားသားရေစက်ရုံ ၀န်ထမ်း ၃၃ ဦး အစာအဆိပ်သင့်ကာ မေလ ၂ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင်ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ အထွေထွေရောဂါ ကုဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည် ဟု ဆေးရုံအုပ် ဒေါက်တာဒေါ်သန်းလှက ပြောသည်။