Pages
▼
Pages - Menu
▼
Wednesday, April 30, 2014
စည်သူလွင်နဲ့ မာရဇ္ဇတို့ တကိုယ်တော် ဖျော်ဖြေပွဲများ အသီးသီး ကျင်းပမည်
RangonNewsDaily: April . 30 .2014
တချိန်က နာမည်ကြီးခဲ့တဲ့ အဆိုတော်တွေ၊ နိုင်ငံခြားမှာ နှစ်ရှည်လများ သွားရောက်နေထိုင်ကြတဲ့ အဆိုတော်တွေ၊ တချိန်က နာ
မည်ကြီးပေမယ့် လက်ရှိ ဂီတဈေး ကွက်ကြောင်း စီးရီးအခွေမထွက်နိုင်သူတွေ၊ တချိန်ကကော၊ လက်ရှိမှာပါ နာမည်ကြီးနေသေး သူတွေဟာ အမျိုးမျိုး အဖုံဖုံသော စီစဉ်မှုတွေနဲ့၊ ဂီတသက်တမ်း ဘယ်လောက်ပြည့်၊ တချို့လည်း မွေးနေ့၊ တချို့လည်း ဘာအမှတ်
တရ၊ ဘယ်သူ ဘယ်ဝါ အမှတ်တရ စသည်ဖြင့် တကိုယ်တော် ဖျော်ဖြေပွဲတွေ ကျင်းပကြတာ လစဉ်လစဉ် မပြတ်သလောက်ပါပဲ။
နိုင်ငံတကာသတင်းထောက်များအား ပြည်ဝင်ခွင့်ဗီဇာ ပြောင်းလဲသတ်မှတ်
RangonNewsDaily: April . 30 .2014
နိုင်ငံတကာသတင်းထောက်များကို ပြည်ဝင်ခွင့်ဗီဇာ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ဧပြီ ၃၀ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာက ထုတ်ပြန်လိုက်ပါတယ်။ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေ ၀န်ကြီးအဆင့် အစည်းအဝေးတွေမှာ အဆင်ပြေစေဖို့ နိုင်ငံတွင်း သတင်းဌာန အခြေစိုက် ဖွင့်လှစ်ထားခြင်း မရှိတဲ့ နိုင်ငံတကာ သတင်းဌာနတွေက သတင်းထောက်တွေကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှု ပြောင်းလဲ တိုးမြှင့် ထောက်ခံပေးမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

တစ်ကိုယ်လုံး မီးစွဲလောင်မည့်ဘေးမှ လွတ်မြောက်ခဲ့သည့် ဘောလုံးပရိသတ်
RangonNewsDaily: April . 30 .2014
လုံခြုံရေး အရာရှိက ဆိုးသွမ်းပရိသတ်များကို ဟန့်တားရာတွင် အသုံးပြုသည့် ငရုတ်ကောင်းရည်ဘူးဖြင့် လှမ်း၍ ပက်ဖျန်းလိုက်ရာ အဆိုပါ ငရုတ်ရည်ငွေ့သည် မီးရှူးနှင့် ပေါင်းစပ်ပြီး လူတစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည့် မီးဘောလုံးကြီးအသွင် ကူးပြောင်းသွား ပိုလန်နိုင်ငံတွင် မီးရှူးကိုင်၍ သောင်းကျန်းနေသော ဘောလုံးပရိသတ် တစ်ဦးသည် တစ်ကိုယ်လုံး မီးစွဲလောင်မည့် အခြေအနေမျိုးမှ ကံသီစွာ လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။
မိုးကြိုးထိမှန်၍ မိခင် သေဆုံးသော်လည်း သုံးလအရွယ် ကလေးငယ် လွတ်မြောက်
RangonNewsDaily: April . 30 .2014
ကယားပြည်နယ် ဖရူဆိုမြို့နယ် မာခရောရှေ ကျေးရွာအုပ်စု ဒေါတတော ကျေးရွာ၌ ဧပြီ ၂၇ ရက် ညနေ ၃ နာရီက မိုးသက်လေပြင်း ကျ၍ မိုးကြိုးပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကယားပြည်နယ် ဖရူဆိုမြို့နယ် မာခရောရှေ ကျေးရွာအုပ်စု ဒေါတတော ကျေးရွာ၌ ဧပြီ ၂၇ ရက် ညနေ ၃ နာရီက မိုးသက်လေပြင်း ကျ၍ မိုးကြိုးပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လုပ်ငန်းပမာဏ အကြီးမားဆုံး မြန်မာကုမ္ပဏီ ထက်ဝက်နီးပါး ၀က်ဘ်ဆိုဒ်မရှိသေး
RangonNewsDaily: April . 30 .2014
လုပ်ငန်းပမာဏ အကြီးမားဆုံး မြန်မာ ကုမ္ပဏီတွေရဲ့ ထက်ဝက်နီးပါး လောက်မှာ ၀က်ဘ်ဆိုဒ် မရှိသေးဘူး လို့ မြန်မာ့စီးပွားရေး လုပ်ငန်းတွေကို လေ့လာနေတဲ့ ရန်ကုန်အခြေစိုက် မြန်မာ့ စီးပွားရေး ကဏ္ဍ တာဝန်ယူမှု ရရှိရေး အထောက်အကူပြု ဌာန (MCRB) ရဲ့ ပွင့်သစ်စ စီမံချက်က ဒီနေ့ပဲ သတင်းထုတ်ပြန် လိုက်ပါတယ်။

အရှိန်မထိန်းနိုင်သောယာဉ် ချောက်ထဲသို့ထိုးကျတိမ်းမှောက်၍ ၁၃ ဦးသေ၊ ၂၂ ဦးဒဏ်ရာရ
RangonNewsDaily: April . 30 .2014
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူ-မုံးကျွတ်-မုံးထသွား ကား
လမ်းပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်နေ ဖိုးဇော်(၂၉)နှစ်မောင်းနှင်လာသော ၈ဌ/xxxxxလေးလုံးထိုး ထော်
လာဂျီယာဉ်သည် မုံးထ-မုံးကျွတ်မှ နားကောင်းမူသို့ပြန်လာစဉ် ရေပူစမ်းအနီး၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် အနက်(၁၅)ပေရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူ-မုံးကျွတ်-မုံးထသွာ
လမ်းပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်နေ ဖိုးဇော်(၂၉)နှစ်မောင်းနှင်လာသေ
လာဂျီယာဉ်သည် မုံးထ-မုံးကျွတ်မှ နားကောင်းမူသို့ပြန်လာစဉ် ရေပူစမ်းအနီး၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် အနက်(၁၅)ပေရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
ကုန်သည်ကြီးများ ဟိုတယ် ဆူးလေရှန်ဂရီလာ အမည်ပြောင်း
RangonNewsDaily: April . 30 .2014
ကုန်သည်ကြီးများဟိုတယ် ဆူးလေရှန်ဂရီလာ အမည်ပြောင်း မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့၏ အချက်အချာ ကျသည့် နေရာရှိ ကြယ်ငါးပွင့် အဆင့်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကို လွန်ခဲ့သော နှစ်ပါင်း ၂၀၀၀ ကျော်ခန့် ကတည်းက ရှိခဲ့သော ဆူးလေစေတီတော်ကို အစွဲပြု၍ ဆူးလေရှန်ဂရီလာသို့ (Sule Shangri-La) အမည် ပြောင်းလဲလိုက်ကြောင်း အဆိုပါ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆော်ဒီအာရေဗျ နိုင်ငံတွင် MERS ဗိုင်းရပ် ကူးစက် ပြန့်ပွားမှုအတွက် WHO က ကူညီမည်
RangonNewsDaily: April . 30 .2014
ဆော်ဒီအာရေဗျ နိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါပိုး Middle East respiratory syndrome coronavirus ( Mers-CoV) မားစ်ကိုရိုနာ ဗိုင်းရပ် ကူးစက် ပြန့်ပွားမှု ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ယနေ့ အချိန်အထိ ရောဂါပိုး ကူးစက်ခံရသူ ၃၃၉ ဦးရှိပြီး ၄င်းတို့အနက် သေဆုံးသူ ၁၀၂ ဦး ရှိပြီ ဖြစ်ကြောင်း ဆောဒီ ကျန်းမာရေး ၀န်ကြီးဌာန က သတင်း ထုတ်ပြန်သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၌ လူသတ်မှုဖြစ်
RangonNewsDaily: April . 30 .2014
၂၈.၄.၂၀၁၄ ရက်နေ့ ၁၃၀၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲ စခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာအရှေ့ဘက် လယ်ကွင်းအတွင်း၌ အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် လဲကျ သေဆုံးနေကြောင်း ညောင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးမှ အကြောင်း ကြားလာသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။
၂၈.၄.၂၀၁၄ ရက်နေ့ ၁၃၀၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲ
အခွန် နှုန်းထားသစ် အရ လစာ ဝင်ငွေခွန် ပေးဆောင် ရမည့် သတ်မှတ် ဝင်ငွေ ပြောင်းလဲ
RangonNewsDaily: April . 30 .2014
မကြာမီက အတည်ပြုလိုက်သော အခွန်နှုန်းထားသစ်အရ လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်နှစ်စာ သတ်မှတ်ဝင်ငွေ ပြောင်းလဲသွားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။ယခင်က တစ်နှစ်စာဝင်ငွေ ငွေကျပ် တစ်ဆယ့် လေးသိန်း လေးသောင်း ရရှိပါက သတ်မှတ်အခွန် ရာခိုင်နှုန်းအတိုင်း အခွန်ပေးဆောင်နေရာမှ ယခုနှုန်းသစ်အရ တစ်နှစ်လုံးတွင် ငွေကျပ် သိန်းနှစ်ဆယ်နှင့် သိန်းနှစ် ဆယ်အောက် ဝင်ငွေရှိသူများမှာ အခွန်ပေးဆောင်ရန် မလိုတော့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်းနှင့် နယူးဇီလန် သံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ
RangonNewsDaily: April . 30 .2014
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာရိုရှိဟိကိုနိုဒနှင့် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Anthony John Lynch တို့အား ဧပြီ ၂၉ ရက်က နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း ဧပြီ ၂၉ ရက်ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားတွင် သတင်းဖော်ပြချက်အရ သိရသည်။