Pages

Pages - Menu

Wednesday, April 30, 2014

"တောခိုနေတဲ့ကဗျာ နဲ့´ `တောပုန်းနေတဲ့ ငါ"


RangonNewsDaily: April . 30 .2014
ငါက

မှန်အိမ်ထဲက ငါး

သီအိုရီ အမှားတွေနဲ့ ည

ဆန္ဒက ဘဝထဲ အကျဉ်းကျ

ဘဝက ကဗျာထဲ အမှောင်ချ

ဒဏ်ရာရ ကဗျာထဲမှာ သွေးကြွ

ဒါပေမယ့်

ခံစားချက်ကို ဝတ်ရုံလုပ်

ကုန်ကြမ်းမြှုပ်လို့ ကဗျာချုပ်

ရင်ခုန်ခြင်းကို ခေါင်းစဉ်တပ်

ဓါးစာခံအဖြစ် ဖြတ် ညှပ် ကပ်လို့

ကဗျာကို ပုံနှိပ်လို့ အသက်မသွင်းဖူး


ငါက

လှောင်အိမ်ထဲက ငှက်ခါး

ခြေချုပ်မိနေတဲ့ အကျဉ်းသား

ဘဝနာကျ ဒဏ်ရာတွေသာ ခြစား

ချောင်ပိတ်နေတဲ့ လွတ်လပ်ခြင်းနဲ့

့ဒေါင့်ကပ်နေတဲ့ ပျော်ရွှင်မှုကို တုံးခု

ယုတ္တိတော့ မဲ့တယ် ဒါပေမယ့် ချစ်တယ်


ရင်ခုန်သံ တပိုင်းတစနဲ့

မျှော်လင့်ချက် လက်ကျန်ကို ဖျစ်ညစ်

သံယောဇဉ် အတုနဲ့ ဖြစ်ဖြစ်

လမ်းစပျောက်နေတဲ့ ရင်တွင်းကဗျာကို

အာမခံနဲ့ လာထုတ်ပေးပါလား ချစ်သူ


ဖြူစဉ်နွေး { လားရှိုး }


KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment