Pages
▼
Pages - Menu
▼
Friday, February 7, 2014
မန္တလေးတွင် ဆက်သွယ်ရေးစခန်း ၁၀၀ ကျော်နှင့် တာဝါတိုင် ၆၀ ကျော် မေလအပြီး တည်ဆောက်မည် Friday, February 7, 2014 မန္တလေးတိုင်း ဒေသကြီးအတွင်း ဖုန်းအင်တာနက် အသုံးပြုမှုများ ပိုမို မြန်ဆန်လာစေရန်နှင့် ဖုန်းလိုင်းကျပ်ခြင်း နည်းပါးစေရန် ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် ဆက်သွယ်ရေးစခန်း တစ်ရာကျော်ကို လာမည့် မေလအပြီး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လက်ရှိ အဆိုပါ ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် စခန်း ၁၀၀ကျော် တည်ဆောက်ရန် မြေနေရာ ရှာထားပြီး ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်သဖြင့် မေလတွင်အပြီး တပ်ဆင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “အခုက ဖုန်းသုံးစွဲသူဦးရေကလည်း အရင်နဲ့ မတူတော့ဘူး။ များလာတယ်ဆိုတော့ ဖုန်းလိုင်းတွေက ကျပ်လာတယ်။ ခေါ်ဆိုမှု ခက်ခဲလာတာကို တွေ့နေရတယ်။ ဒီလိုမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ ဘက်ကလည်း ဆက်သွယ်ရေးစခန်းတွေ ထပ်မံတိုးချဲ့ တည်ဆောက်နေပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါကြဖို့ တိုက်တွန်းပါတယ်။ ပူးပေါင်း ပါဝင်ဖို့ ဆိုတာကလည်း တာဝါတိုင်တွေ လိုအပ်တဲ့ နေရာတွေမှာ စိုက်ထူတော့မယ်ဆိုရင် အဲဒီ နေရာမှာရှိတဲ့ ပြည်သူတွေက တာဝါတိုင်နေရာ တစ်ခုအတွက် နေရာတစ်ခုခု ပေးနိုင်ရင် ကောင်းမယ်ပေါ့၊ ဒါမျိုးကို ဆိုလိုတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် GSM ဆက်သွယ်ရေး စခန်းပေါင်း ၂၃၃ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၃ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ၃၅ ခု၊ CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၄၃ ခု ရှိပြီး မန္တလေးမြို့တွင်းတွင် GSM ဆက် သွယ်ရေး စခန်းပေါင်း ၁၄၂ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၀ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ကိုးခုနှင့် CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၁၇ ခုခန့် ရှိကာ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၂၃၈ခု ခန့် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ The Voice Weekly
RangonNewsDaily: February . 7 .2014
မန္တလေးတိုင်း ဒေသကြီးအတွင်း ဖုန်းအင်တာနက် အသုံးပြုမှုများ ပိုမို မြန်ဆန်လာစေရန်နှင့် ဖုန်းလိုင်းကျပ်ခြင်း နည်းပါးစေရန် ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် ဆက်သွယ်ရေးစခန်း တစ်ရာကျော်ကို လာမည့် မေလအပြီး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တွံတေးက လယ်မြေ သိမ်းဆည်းခံ လယ်သမားများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့နယ်အတွင်းရှိ မြနန္ဒာပန်းခြံ၌ မြေအသိမ်းခံရသည့် လယ်သမားများ ဇူလိုင်လ ၁၅ ရက်နေ့က လာရောက် ဆန္ဒပြနေစဉ် |
RangonNewsDaily: February . 7 .2014
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်မှ လယ်မြေ သိမ်းဆည်းခံ လယ်သမား ၂၀ က ၎င်းတို့၏ လယ်မြေများ ပြန်လည်ရရှိရေး နှင့် နစ်နာကြေးများ ရရှိရန်အတွက် ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

ခရစ်ယာနှ်နှင့် မွတ်စလင်တွေ အခွင့်အရေး လေးစားမှ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာ ပြန်ဝင်နိုင်မည် ဟု အိုဘာမားပြော
RangonNewsDaily: February . 7 .2014
ဘာသာရေး လွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာပါဝင်လာနိုင်ရေးအတွက်အခရာ
ကျသလို အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေး အတွက်လည်း အရေးကြီးတဲ့ အကြောင်း သမ္မတ အို
ဘားမားက၀ါရှင်တန်မြို့တော်မှာကျင်းပတဲ့အမေရိကန်ရိုးရာNational Prayer Breakfast ခေါ် နှစ်ပတ်လည်
ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

ဒုချီရာတန်း မီးလောင်မှု DVB သို့ဖြေကြားချက်ကြောင့် ဦးရွှေမောင်အား သမ္မတ ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးမှ စစ်ဆေး
လွှတ်တော် အမတ် ဦးရွှေမောင် ပြောကြားချက်နှင့်ပတ်သက်၍သမ္မတညွှန်ကြားချက်ဖြင့် ပြည်ထဲရေးမှ တွေ
့ဆုံ စစ်ဆေးမည့် အကြောင်း ဦးရွှေမောင်မှ ၄င်း၏ FB စာမျက်နှာတွင် အောက်ပါ အတိုင်းရေးသား ဖော်ပြခဲ့ပါ
သည်။
Viber က Message တွေကို Backup လုပ်ပေးနိုင်တဲ့ - Backup Text For Viber v.0.9.5 APK
RangonNewsDaily: February . 7 .2014
ခေါင်းစဉ်ကိုဖတ်လိုက်တာနဲ့တင်ဘဲ
တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ကျွန်တော်တို့ Viber ကို
သာသုံးနေကြတာပါ။ Message တွေကို Backup လုပ်လို့မရဘူးဆိုတာလူတိုင်းသိပါတယ်။
Pocket Girlfriend Apk v1.29 (အသက်18နှစ်အထက်ယောက်ကျားလေးများသာကစားရန်)
RangonNewsDaily: February . 7 .2014
Game
တွေမတင်ပေးရတာကြာလာလို့ အခု Game တွေဖက်ကို လှည့်လိုက်ပါဦးမယ်ဗျာ။
အခုတင်ပေးလိုက် တဲ့ Game လေးကတော့ ကျွန်တော့်ဘော်ဒါတွေ 18နှစ်ပြည့်ပြီးသား
ယောက်ကျားလေး များအတွက်သီးသန့် Android Game လေးပါ။
ဂေါ်ဒူသာရ ကျေးရွာမှ ရိုဟင်ဂျာ နေအိမ်များမီးရှို့ခံနေရ
RangonNewsDaily: February . 7 .2014
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာရှိ ရိုဟင်ဂျာလူမျိုးများ၏ နေအိမ်များကို ရခိုင်အစွန်းရောက်များက နံနက်လင်းအားကြီး ၁ နာရီ ၁၀ မိနစ် အချိန်တွင် မီးစတင်ရှို့ခဲ့ပြီး၊ ရွာအတွင်း အိမ်များမီးလောင်လျက်ရှိနေကြောင်း မျက်မြင်သက်သေတစ်ဦးမှ RB News သို့ ဖုန်းဖြင့် သတင်းပေးပို့ထားသည်။

ချစ်သူများနေ့ ဂီတဖျော်ဖြေပွဲ ရွှေထွဋ်တင်ကွင်းတွင် ပြုလုပ်မည်
RangonNewsDaily: February . 7 .2014
နာမည်ကျော်တေးသံရှင် ခြောက်ဦး၏ အချစ်သီချင်းကောင်း များစွာကို နားဆင်ခံစားရမည့် ချစ်သူများနေ့ ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ အချိန်တွင် တာမွေမြို့နယ်၊ စူပါဝမ်း ကုန်တိုက်အနီးရှိ ရွှေထွဋ်တင်ကွင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲကို စီစဉ်သည့် ဦးပီးပေါ်က ပြောကြားသည်။

သမ္မတနှင့် HRW တွေ့ဆုံစဉ် မြန်မာနိုင်ငံ ထောင်အတွင်း ၀င်ရောက်လေ့လာခွင့် တင်ပြ
RangonNewsDaily: February . 7 .2014
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) သည် မြန်မာနိုင်ငံရှိ ထောင်များအတွင်း ၀င်ရောက်လေ့လာ ခွင့်အတွက် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံချိ န်တွင် တင်ပြဆွေးနွေးခဲ့သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ဦးရဲထွဋ်က မဇ္ဈိမကို ပြောသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သည် သမ္မတနှင့်တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံသို့လာရောက်သည့်
ရည်ရွယ်ချက်နှင့် ရပ်တည်ချက်များကို သံခင်းတမန်ခင်းဖြစ်
ဆွေးနွေးခဲ့ခြင်းဖြစ်ကာ အသေးစိတ် ဆွေး နွေးသဘောတူညီချက်များကို
ချမှတ်ခဲ့ခြင်းမရှိဟု ၎င်းက ဆိုသည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွ