Pages

Pages - Menu

Thursday, January 30, 2014

ထန်းတပင်မြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မိကာ မီးလောင်မှုဖြစ်

RangonNewsDaily:: January . 30 .2014
၃၀.၁.၂၀၁၄ရက်နေ့၁၂၃၀အချိန်ထန်းတပင်မြို့နယ်၊ရန်ကုန်-ညောင်တုန်း
လမ်း၊ မိုင်တိုင်အမှတ်(၁၇/၄)နှင့်(၁၇/၅)အကြားတွင် ရန်ကုန်မှဟင်္သာတ
သို့ ယာဉ်မောင်းဦးမောင်ဦး မောင်းနှင်လာသော ၆ဂ/---- မေတ္တာရှင် ခရီးသည်တင်ယာဉ်နှင့် ညောင်တုန်းမှရန်ကုန်သို့ ယာဉ်မောင်း ဦးမောင်ချို
မောင်းနှင်လာသော ၇ခ/---- ဒိုင်နာကုန်တင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ဒိုင်နာယာဉ်မှ ဂက်စ်ယိုစိမ့်ကာ ၁၂၃၀အချိန်မှ၁၃၂၀အချိန်ထိ ယာဉ်(၂)စီးလုံးမီးလောင်ခဲ့ပါသည်။

မြန်မာ့ဂုဏ်ရောင်ရပ်ကွက် ပြည်သူများနစ်နာမှုဆန္ဒထုတ်ဖော်

Photo

RangonNewsDaily:: January . 30 .2014
တတိယကြိမ် တရားမဝင်ဖျက်သိမ်းခံရသော တာမွေမြို့နယ်ရှိ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်နေ ပြည်သူများနစ်နာမှုအတွက် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက တာမွေမြိုနယ် ဈေးကလေးမှတ်တိုင် (ကြက်ဘဲဈေးအနီး) တွင် ဆန္ဒထုတ်ဖော်လျှက်ရှိသည်။

ဂျက်စတင်ဘီဘာကို ဌာနေသို့ပြန်ပို့မည့်ကိစ္စ အိမ်ဖြူတော်အကြောင်းပြန်မည်

Photo: ဂျက်စတင်ဘီဘာကို ဌာနေသို့ပြန်ပို့မည့်ကိစ္စ အိမ်ဖြူတော်အကြောင်းပြန်မည်
Thursday, January 30, 2014

အမေရိကန် နိုင်ငံရဲ့  အသနားခံစာတင် ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ "We the People" ပေါ်မှာ ဂျက်စတင်ဘီဘာကို ဌာနေနိုင်ငံ ကနေဒါသို့ ပြန်ပို့ရန် လက်မှတ်ပေါင်း ၁သိန်းကျော်နဲ့ ထောက်ခံခဲ့ကြပါတယ်။ ယင်း ဝဘ်ဆိုဒ်က အမေရိကန်ပြည်သူတို့ မကျေနပ်တာရှိရင် အသနားခံစားများကို လက်မှတ်နဲ့ တကွတင်ရတဲ့ ဆိုဒ်ဖြစ်ပြီး တစ်သိန်းပြည့်တိုင်း အိမ်ဖြူတောင်က ထည့်သွင်းစဉ်းစား ဖြေရှင်းပေးရခြင်း ဖြစ်ပါတယ်။ ယခုတော့ ဂျက်စတင်ဘီဘာ ပါဝင်လာပါပြီ။ 

ဂျက်စတင်ဘီဘာမှာ ၂၀၁၃ တစ်ခုနှစ်လုံးနဲ့ ၂၀၁၄ နှစ်ဆန်းမှာ အမေရိကန်နိုင်ငံသားတို့ စိတ်ပျက်စေတဲ့ လုပ်ရပ်များပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။ သက်တမ်းကုန်နေတဲ့ ဒရိုင်ဘာလိုင်စင်နဲ့ ကားမောင်းနှင်မှု၊ ကားကို အရှိန်ဖြင့်မောင်းနှင်မှု၊ အရက်အလွန်အကျွံသောက်ပြီး မောင်းနှင်မှု၊ ဖမ်းဆီးအရေးယူမှုအပေါ် ပြန်လည်ခုခံမှု၊ မူးယစ်ဆေးဝါးများ အသုံးပြုမှု အစရှိသဖြင့်တို့နဲ့ အမှုများ ဆက်တိုက်ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ အများစုကို ဒဏ်ငွေနဲ့ ဖြေရှင်းလို့ ပြီးသွားပေမယ့် သူ့လုပ်ရပ်များက လူငယ်များ လိုက်တုစရာဖြစ်မှာကို စိုးရိမ်ခြင်း ဖြစ်ပါတယ်။ 

ဒါကြောင့် အသက် ၁၉ နှစ်သာရှိသေးတဲ့ ဂျက်စတင်ဘီဘာကို ဌာနေ ကနေဒါနိုင်ငံသို့ ပြန်လည် စေလွတ်စေရန်၊ အမေရိကန်နိုင်ငံကထုတ်ပေး ထားသော Green Card ကိုပြန်လည်သိမ်းဆည်းစေရန် ဝိုင်းဝန်း တောင်း ဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။ အမေရိကန်က အားပေးသူ ပရိတ်သတ်အခိုင် အမာရှိထားတဲ့ ဂျက်စတင်ဘီဘာ ဟာ သူ့ကို မုန်းတီးသူ များလည်း အခိုင်အမာရှိနေကြောင်း အသနားခံစာတင်တဲ့ ဝဘ်ဆိုဒ်က သက်သေပြ လိုက်ပါတယ်။ 

ဒါကြောင့်မို့ ယခု ရက်ပိုင်းအတွင်း အမေရိကန်အိမ်ဖြူတော်က ဆုံးဖြတ်ချက် ချမှတ်လို့ အဖြေတစ်ခု ထွက်လာနိုင်ဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: January . 30 .2014
အမေရိကန် နိုင်ငံရဲ့  အသနားခံစာတင် ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ "We the People" ပေါ်မှာ ဂျက်စတင်ဘီဘာကို ဌာနေနိုင်ငံ ကနေဒါသို့ ပြန်ပို့ရန် လက်မှတ်ပေါင်း ၁သိန်းကျော်နဲ့ ထောက်ခံခဲ့ကြပါတယ်။

" ကိုယ်ပိုင်သံစဉ် သီချင်း ခွေစီစဉ်နေတဲ့ စိုးသူ "

Photo: " ကိုယ်ပိုင်သံစဉ် သီချင်း ခွေစီစဉ်နေတဲ့ စိုးသူ "
Thursday, January 30, 2014

တစ်ကိုယ်တော်တေးစီးရီး စီစဉ်နေတဲ့ အကယ်ဒမီစိုးသူက သူ့ရဲ့ တေးစီးရီးမှာပါဝင်မယ့် လေပြည်ဆိုတဲ့သီချင်းကို ဇန်နဝါရီ ၂၁ ရက်နေ့ မှာ ဒါရိုက်တာ ဝင်းလွင်ထက်နဲ့ အမ်တီဗီအဖြစ်ရိုက်ကူးပုံဖော်နေတာတွေ့ရပါတယ်။ 

တစ်ကိုယ်တော်အခွေထဲကတေးသီချင်း လေး၊ငါးပုဒ်ကို မိဘပြည်သူတွေအရင်ကြည့်ရှုနိုင်အောင် ရိုက် ကူး ခြင်းဖြစ်ေ ကြာင်းကို စိုးသူက “ကျွန်တော်က အနုပညာနဲ့ ပတ်သက်လို့ အနုပညာပစ္စည်း ထုတ်လုပ်မှုသိပ်အများကြီး မလုပ်ဖြစ်ဘူး။ ဝါသနာအရင်းခံရှိတာကို စိတ်တူတဲ့ လူတွေနဲ့ နည်းနည်းပါးပါးလုပ်ဖြစ်တယ်။

သီချင်းခွေ တစ်ခွေစီစဉ်ပြီး ဒီအချိန်၊ ဒီကာလနဲ့ လိုက်ဖက် တာကို ကောင်းကောင်းလေး စီစဉ်မယ်ဆိုပြီး ဆောင်ရွက်ကြတယ်။Majester က အရင် ညီအစ်ကိုတွေကိုပဲ ပြန်ပြီး အကူအညီတောင်း ရတယ်။သူတို့နဲ့တိုင်ပင်ပြီးစီစဉ်တယ်။ ကျောင်း နေဖက်သူငယ်ချင်းဒေါက်တာစန်းယု၊ ကိုပီးပေါ်၊ ကိုနဂါးလေး (ကိုဝင်းသူရလှိုင်)၊ ကိုကျော်ဝင်းတို့ လည်းပါတယ်။ အားလုံးနဲ့စုစည်းတိုင်ပင်ပြီး စီစဉ်ဖြစ်တယ်။Majester ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းခွေတစ်ခွေ စီစဉ်ပြီး အသံသွင်းကြ တယ်။ အားလုံး ကိုယ် ပိုင်သံစဉ် သီ ချင်းတွေပဲ။ မသွင်းခင်ကထုတ်ခဲ့သလို ကိုယ်ပိုင်သံစဉ်ပဲ။ ဒါပေမဲ့ အခုခေတ်၊ အခုကာလနဲ့လိုက်ဖက်တဲ့ ကိုယ်ပိုင် သံစဉ်တွေကို ကျွန်တော်တို့အသက် အရွယ်နဲ့လိုက်ဖက်မယ့်အကြောင်း အရာတွေကို စဉ်းစားပြီးသီချင်းရေး ဆရာအစုံနဲ့ သီချင်း လေးတွေရှာတယ်။

အားလုံးကလည်း လူသစ်၊ လူဟောင်း စေတနာအပြည့်နဲ့ ကူညီကြတယ်။ သီချင်းတွေအများကြီး ရှာပေးကြတယ်။ ရေး ပေးကြတယ်။ အဲဒီထဲကမှ အဆင်ပြေဆုံးဖြစ် မယ့်အကြောင်းလေးတွေကို သီချင်းသွင်းတယ်။ဒီသီချင်းတွေထဲက ကောင်း နိုးရာရာသီချင်း တွေကို မိဘပြည်သူတွေ ခံစားနိုင်အောင် သီချင်း သုံး၊လေး၊ငါး ပုဒ်ကိုရိုက်ချင်တယ်။ 

ရိုက်ချင်တယ်ဆိုပြီး လာပြောကြတဲ့ အသံ လွှင့်ဌာနတွေလည်းရှိတယ်။ အဲဒီ အတွက် သီးသန့်အချိန်တွေအများ ကြီးပေးပြီး ရိုက်ဖြစ် ဖို့ကတော့ ချက်ချင်းမရှိသေးဘူး။ ရိုက်တော့ ရိုက်မှာပါ။ ဒီအခွေအသစ်ထဲက သီချင်း တွေကိုရိုက်ပြီး အားလုံးကို လက် ဆောင်ပေး လိုက်မယ်လို့ စိတ်ကူးပြီး ဒီသီချင်းတွေကို ရိုက်ဖြစ်တာပါ။ သီချင်း ဟောင်းထဲက တစ်ပုဒ်ပါ တယ်။ အရင်ကြိုက်တဲ့ အထဲက အားလုံးသိတဲ့သီချင်းလေးပါပဲ။

ကျန် တဲ့ သီချင်းသစ် လေး ပုဒ်လောက်ကို မိဘပြည် သူ တွေ အရင်ကြည့်ရှု ခံစားနားဆင်နိုင်အောင် တင်ဆက် ပေးတာပါ” လို့ပြောပါတယ်။ သီချင်း တွေကို မကြိုက်မချင်း စိတ်တိုင်းကျဖြစ်အောင် အသံပြန်သွင်းနေတာ မို့ အဆိုပိုင်းအနည်းငယ်သာ ကျန်ရှိပြီး မန္တလေး မြို့မှာ ကျင်းပမယ့် တစ်ကိုယ်တော်ရှိုးမတိုင်ခင် ပရိသတ်တွေနားဆင်ခံစားနိုင်အောင် ကြိုးစား စီစဉ်နေကြောင်းပြောပါတယ်။

မန္တလေး တစ် ကိုယ်တော်ရှိုးကိုတော့ အချိန်အလုံ အလောက် ယူပြီးဆောင်ရွက်ချင်တာကြောင့် မနှစ်က ရန်ကုန်မှာ Past & Present Live Show ပြုလုပ်ခဲ့တဲ့မတ်လကုန် လောက်မှာပဲ Past & Present Live Show တုန်းကလိုလူတွေ အများ ကြီးအခမဲ့အားပေး ကြည့် ရှုနိုင်အောင်စီစဉ်နေကြောင်း စိုးသူက ပြောပါ တယ်။

ခိုင်ဝေလွင်
Popular Journal

RangonNewsDaily:: January . 30 .2014
တစ်ကိုယ်တော်တေးစီးရီး စီစဉ်နေတဲ့ အကယ်ဒမီစိုးသူက သူ့ရဲ့ တေးစီးရီးမှာပါဝင်မယ့် လေပြည်ဆိုတဲ့သီချင်းကို ဇန်နဝါရီ ၂၁ ရက်နေ့ မှာ ဒါရိုက်တာ ဝင်းလွင်ထက်နဲ့ အမ်တီဗီအဖြစ်ရိုက်ကူးပုံဖော်နေတာတွေ့ရပါတယ်။

အာဆင်နယ်နှင့် ဝင်းဂါး သက်တမ်းတိုး စာချုပ်မည့် သတင်းကို မော်ရင်ဟိုကြိုဆို

Photo: အာဆင်နယ်နှင့် ဝင်းဂါး သက်တမ်းတိုး စာချုပ်မည့် သတင်းကို မော်ရင်ဟိုကြိုဆို
Thursday, January 30, 2014
    
အာဆင်နယ်တွင် မန်နေဂျာ အာစင်ဝင်းဂါး စာချုပ်သက်တမ်းတိုးပြီး ဆက်နေမည်ဆိုသော သတင်းကို ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ကြိုဆိုလိုက်သည်။

အာဆင်နယ် အမှုဆောင်ချုပ် အိုင်ဗန်ဂါဇီဒစ်ရော၊ မန်နေဂျာ ဝင်းဂါးကိုယ်တိုင်ကပါ အာဆင်နယ်တွင် နောက်ရာသီ ဆက်ရှိနေမည်ဟု ပြောဆိုပြီး စာချုပ်သက်တမ်း တိုးမြှင့်မည့် ကိစ္စကို အတည်ပြုခဲ့ကြသည်။ ဝင်းဂါးသည် အာဆင်နယ်တွင် (၁၇)နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ၎င်း၏ စာချုပ်သည် ယခုနှစ်ကုန်ပိုင်းတွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ ပေါ်တူဂီသား မန်နေဂျာက ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုနီးပါး အာဆင်နယ်အသင်း ဖလားလက်မဲ့ ဖြတ်သန်းခဲ့သော်လည်း ဝင်းဂါးအပေါ် ယုံကြည်မှု မပျက်ယွင်းသည့်အတွက် အာဆင်နယ်ကို ချီးကျူးစကား ပြောဆိုခဲ့သည်။

"အာဆင်နယ်လို ထိပ်တန်းကလပ် တစ်ခုဟာ သူတို့မန်နေဂျာအပေါ် ယုံကြည်အားကိုးမှု ဆက်ပြီးတော့ ပြသနေတာ မြင်ရတော့ ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ သူတို့ ဆုဖလားတစ်ခုခု ရနိုင်မရနိုင် မသိသေးဘဲနဲ့ မန်နေဂျာကို စာချုပ်သစ်တစ်ခု အပ်နှင်းဖို့ စီစဉ်ခဲ့တယ်။ ဒါဟာ အသင်းရဲ့ တည်ငြိမ်မှုအတွက် ကောင်းကျိုးရှိစေပါတယ်။ ဘောလုံးမှာ ဒါဟာ ဥပမာကောင်း ဖြစ်သင့်တယ်လေ။ တခြားအသင်းတွေကလည်း ဒီလိုကျင့်သုံးမယ်ဆိုရင် ကောင်းမွန်တဲ့ လုပ်ဆောင်မှု ဖြစ်နေမှာပါ။ ဝင်းဂါးဟာ ဘောလုံးပွဲတွေထဲမှာ အကောင်းဆုံး မန်နေဂျာ တစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်။ သူ့အနေနဲ့ ဆုဖလား တစ်လုံးမှ မရလို့တော့ ကျွန်တော့်အမြင်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အာဆင်နယ်မှာ သူဆက်ရှိနေတာကို ကျွန်တော် ပျော်ပါတယ်"ဟု မော်ရင်ဟိုက ပြောကြားသွားသည်။

Soccer Myanmar

RangonNewsDaily:: January . 30 .2014
အာဆင်နယ်တွင် မန်နေဂျာ အာစင်ဝင်းဂါး စာချုပ်သက်တမ်းတိုးပြီး ဆက်နေမည်ဆိုသော သတင်းကို ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ကြိုဆိုလိုက်သည်။

ရခိုင် ရေနံပိုက်လိုင်း လုပ်ငန်းခွင် တရုတ်နှင့်မြန်မာ ၀န်ထမ်း ပဋိပက္ခ လူ ၂၀ ကျော် ဖမ်းဆီးခံရ

Photo: ရခိုင် ရေနံပိုက်လိုင်း လုပ်ငန်းခွင် တရုတ်နှင့်မြန်မာ ၀န်ထမ်း ပဋိပက္ခ လူ ၂၀ ကျော် ဖမ်းဆီးခံရ
Thursday, January 30, 2014

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းတွင် အလုပ်လုပ်ကိုင် နေကြသော တရုတ် နိုင်ငံသားများနှင့် မြန်မာများ အကြား ပဋိက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြန်မာ ၂၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းတောင်အုပ်စု ရေနံပိုက်လိုင်း ကြားခံစခန်းတွင် တာဝန် ထမ်းဆောင်နေကြသည့် တရုတ်နှင့်မြန်မာ ၀န်ထမ်းများသည် ဇန်န၀ါရီ ၂၆ ရက်က အချင်းများရာမှတဆင့် အဆောက်အအုံ တချို့ကို ဖျက်ဆီးမှု၊ မီးရှို့မှုများ ဖြစ်ပွားခဲ့ကြောင်း အမ်းမြို့နယ် ရဲ စခန်းက ပြောပြသည်။

“လူ ၂၀ ကျော်ကို ခဏ ထိန်းသိမ်း စစ်ဆေး နေပါတယ်၊ အသေးစိတ်တော့ ပြောလို့ မရသေးပါဘူး”ဟု အမ်း ရဲစခန်း တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာနှင့် တရုတ် ၀န်ထမ်းများသည် အိမ်တအိမ်တည်း၌ အတူ နေထိုင်ကြကြောင်း၊ အပေါ်ထပ်တွင် နေထိုင်သည့် တရုတ် ၀န် ထမ်း တချို့က အပေါ်ထပ်မှ ရေသွန်ချရာ အောက်ထပ်တွင် နေထိုင်သည့် မြန်မာ အလုပ်သမား နှစ်ဦး ရေစိုသွားခြင်းကို မကျေနပ်သည့် အတွက် မြန်မာ အလုပ်သမားများက နေအိမ်အား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဆီဂိုဒေါင်တခု မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ယမန်နေ့က အစိုးရ သတင်းစာများ၌လည်း ရေးသားထားသည်။

အိမ်အပေါ်ထပ်တွင် နေထိုင်သည့် တရုတ် ၀န်ထမ်းများသည် အောက်ထပ်သို့ မကြာခဏ ရေသွန်ချခြင်း၊ အမှိုက်များ ပစ်ချခြင်း၊ အော့အန်ထားသည့် အညစ်အကြေးများကို ပစ်ချခြင်း စသည်တို့ကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု သိရှိရကြောင်း အမ်း ဒေသ ခံ ဒေါ်သွယ်သွယ်စိုးက ဧရာဝတီကို ပြောပြသည်။

“အိမ်အောက်ထပ်မှာ နေထိုင်တဲ့ သူတွေဟာ မကွေးတိုင်းထဲက တောင်ပေါ်နေ ချင်းတိုင်းရင်းသား လူမျိုးတွေပါ၊ ဒီလူတွေဟာ အင် မတန် ရိုးသားတဲ့ သူတွေပါ၊ အပေါ်ထပ်က ရေသွန်ချတာ၊ အန်ချတာတွေ မကြာခဏ လုပ်ပေမယ့် အလုပ်အကိုင် ရှားပါးတာ၊ ဆင်း ရဲ တာတွေကြောင့် ပြန်မပြောရဲဘဲ သည်းခံနေကြတဲ့ သဘောပါ၊ အခုမှ သည်းမခံနိုင်တော့တဲ့ အတွက် အခုလို ပေါက်ကွဲပြီး မီးရှို့တဲ့ အထိ ဖြစ်သွားရတယ်”ဟု ၎င်းက ဆိုသည်။

နှစ်ဘက် အကြား စကားများကြ ပြီးနောက် ဇန်န၀ါရီလ ၂၇ ရက်တွင် လောင်စာဆီ သိုလှောင်ထားသည့် ဆီဂိုဒေါင် တလုံးနှင့် ယာ ယီ ငါးခန်းတွဲ နှစ်ထပ် အဆောက်အအုံ တလုံးကိုပါ မီးရှို့လိုက်ကြောင်း၊ မီးရှို့သူများသည် ထွက်ပြေး လွတ်မြောက်နေသည့်အတွက် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ အာဏာပိုင်များက ဆောင်ရွက်နေကြောင်း အစိုးရ သတင်းစာများက ဖော်ပြသည်။

ပဋိပက္ခများနှင့် ပတ်သက်၍ အမ်းမြို့နယ် ရဲစခန်း၌ ဖမ်းဆီး စစ်ဆေးနေကြောင်း၊ နှစ်ဘက် အကြား ဖြစ်ပွားသည့် ပြဿနာတွင် မြန်မာ ၀န်ထမ်းများကိုသာ တဖက်သတ် ဖမ်းဆီး စစ်ဆေးနေခြင်းသည် မျှတမှု မရှိကြောင်း ဒေါ်သွယ်သွယ်စိုးက ပြောဆိုသည်။

“ပြဿနာ ဖြစ်အောင် အရင်စတဲ့ တရုတ် လူမျိုးတွေကို တယောက်မှ မဖမ်းဘဲ ကိုယ့်နိုင်ငံသားတွေကိုပဲ ဖမ်းတာဟာ တရားမမျှတဲ့ လုပ်ရပ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

အမ်းမြို့နယ် ရဲစခန်း တာဝန်ရှိသူ တဦးက ပြောဆိုရာတွင် ခေါ်ယူ စစ်ဆေး နေသူများ၌ တရုတ် လူမျိုး တဦးလည်း ပါဝင်ကြောင်း ဧရာဝတီကို ပြောသည်။

ယခု ဖြစ်ပွားသည့် နေရာသည် အမ်းမြို့မှ ၂၂ မိုင်ခန့် ဝေးကွာပြီး ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ဒေသ ဖြစ်ပြီး ရန်ကုန်-စစ်တွေ လမ်းပေါ်တွင် ရှိသည့် ဆီသန့်ထုတ် ကြားခံစခန်းတခု ဖြစ်သည်။

ထိုစခန်း၌ တရုတ် ၀န်ထမ်း ၈၀ ခန့်နှင့် မြန်မာနိုင်ငံသား အလုပ်သမား ၁၅၀ ၀န်းကျင် လုပ်ကိုင်လျက်ရှိပြီး မြန်မာဝန်ထမ်း အများစု မှာ တောင်ပေါ် ချင်း တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူ ဒေသ၌ လုပ်ဆောင်နေသည့် ရေနံပိုက်လိုင်း၊ ဂက်စ်ပိုက်လိုင်းများတွင် တာဝန် ထမ်းဆောင်နေကြသည့် တရုတ် လူမျိုးများသည် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် ဆက်ဆံရာတွင် ယဉ်ကျေးမှု နည်းပါးပြီး ရိုင်းပြသည့် အပြုအမူ ပြောဆိုမှုများကြောင့် လုပ်ငန်းခွင် အတွင်း ပဋိပက္ခ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ဒေသခံများက ပြောသည်။

ရေနံပိုက်လိုင်းသည် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံ ယူနန် ပြည်နယ်သို့ သွယ်တန်းထားပြီး မကွေးတိုင်း၊ မန္တလေး တိုင်း နှင့် ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း ဖောက်လုပ် ထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မဒေးကျွန်းမှ စတင်ပြီး တရုတ်နိုင်ငံသို့ သွယ်တန်းသည့် ရေနံပိုက်လိုင်း အမ်းမြို့ကို ဖြတ်သွားသော မြေပုံ (ဓာတ်ပုံ – ရွှေဂက်စ်)

ဧရာဝတီ

RangonNewsDaily:: January . 30 .2014
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းတွင် အလုပ်လုပ်ကိုင် နေကြသော တရုတ် နိုင်ငံသားများနှင့် မြန်မာများ အကြား ပဋိက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြန်မာ ၂၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရွေးကောက်ပွဲများအား စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်

Photo: ထိုင်းနိုင်ငံ ရွေးကောက်ပွဲများအား စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်
Thursday, January 30, 2014

ထိုင်းယာယီ အစိုးရအဖွဲ့ အနေဖြင့် ရွေးကောက်ပွဲများအား ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ပြီး သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း ထိုင်းဒုတိယ
ဝန်ကြီးချုပ် Phongthep Thepkanjana က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အစိုးရအနေဖြင့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းလိုက်ခြင်းဖြင့် ပြဿနာအားလုံး ကိုဖြေရှင်း နိုင်မည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ကျင်းပခြင်းဖြင့်သာ ဖြေရှင်း ဆောင် ရွက်နိုင်လိမ့်မည် ဖြစ်ကြောင်း၊ ယာယီဝန်ကြီးချုပ် ရင်လပ်က ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအကြား ကျင်းပသည့် အစည်းအဝေး တစ်ရပ်တွင် ပြောကြားခဲ့ သည်။ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို သဘောတူညီခြင်း မရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အကောင်း ဆုံး ဖြစ်အောင် ဆောင်ရွက်နေ ဆဲ ဖြစ်ကြောင်း ရွေးကောက် ပွဲ ကော်မရှင်နာ မင်းကြီး Somchai Srisu-thiyakorn က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

 ဖေဖော်ဝါရီ ၂ ရက်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် ဆိုပါက ပထမဆုံးအကြိမ် အောက်လွှတ်တော် အစည်းအဝေးသည် သုံးလမှလေးလ အထိနှောင့်နှေး သွားနိုင်ကြောင်းနှင့် ၎င်းက ဆန္ဒပြ သူများ၏ ဟန့် တားနှောင့်ယှက်မှုကြောင့် ကြိုတင်မဲပေးနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ် ၈၃ ခုအတွက် ရွေးကောက်ပွဲသစ်များအား ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ကျင်းပနိုင်ဖွယ် ရှိကြောင်း Somchai က ပြောကြားခဲ့သည်။

မြ၀တီ

RangonNewsDaily:: January . 30 .2014
ထိုင်းယာယီ အစိုးရအဖွဲ့ အနေဖြင့် ရွေးကောက်ပွဲများအား ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ပြီး သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း ထိုင်းဒုတိယ
ဝန်ကြီးချုပ် Phongthep Thepkanjana က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

မော်ရင်ညိုရဲ့ ဝေဖန်ချက်ကို တုန့်ပြန်လိုက်တဲ့ အလာဒွိုက်

Photo: မော်ရင်ညိုရဲ့ ဝေဖန်ချက်ကို တုန့်ပြန်လိုက်တဲ့ အလာဒွိုက် 
Thursday, January 30, 2014

စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၀က်စ်ဟမ်းအသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင် ကစားသွားခဲ့ကြရာ ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်သွားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဧည့်သည် ၀က်စ်ဟမ်းအသင်း၏ ကစားပုံကို မော်ရင်ညိုက ဝေဖန်သွားခဲ့သလို၊ နည်းပြဖြစ်သူ အလာဒွိုက်၏ နည်းဗျူဟာကိုလည်း ၁၉ ရာစုက နည်းဗျူဟာဖြစ်ကြောင်း ဝေဖန်သွားခဲ့သည်။ 

အဆိုပါ ဝေဖန်ချက်နှင့် ပတ်သက်ပြီး အလာဒွိုက်က - "မော်ရင်ညိုအနေနဲ့ ရလာဒ်ကို လက်မခံနိုင်ပဲ ဖြစ်နေတာပါ၊ သူ့အနေနဲ့ ကြိုက်သလို ဝေဖန်နိုင်ပါတယ်၊ ကျွန်တော်ကတော့ အဖက်လုပ် ဂရုစိုက်နေမှာ မဟုတ်ပါဘူး၊ ကျွန်တော့် အနေနဲ့ ချဲလ်ဆီး ကစားသမားတွေ ဒိုင်နားသွားပြီး စောဒကတက် ညည်းတွားပြီး ခြိမ်းခြောက် ကြိမ်းမောင်း ပြောနေကြတဲ့  မြင်ကွင်းကို ကြည့်ရတာကို အရမ်း သဘောကျတယ်၊ မော်ရင်ညိုနဲ့ ရင်ဆိုင်တဲ့ အချိန် အရှုံးဆိုတဲ့ ရလာဒ်ကနေ ရှောင်လွဲနိုင်တာဟာ တကယ့်ကို ကောင်းမွန်တဲ့ ရလာဒ်ပါ၊ ဂျို့စ် ခင်ဗျား ကံဆိုး ခဲ့ပါတယ်" ဟု တုန့်ပြန်သွားခဲ့သည်။

Written by အောင်ဇော်လတ်(မိုးနဲ)
FOOTBALL CAFE

RangonNewsDaily:: January . 30 .2014
စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၀က်စ်ဟမ်းအသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင် ကစားသွားခဲ့ကြရာ ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်သွားခဲ့သည်။

မန်ယူနိုက်တက်မှာ အထိုင်ကျနေပြီလို့ ခံစားရပါတယ် (မာတာ)

Photo: ယူနိုက်တက်မှာ အထိုင်ကျနေပြီလို့ ခံစားရပါတယ် (မာတာ) 
Thursday, January 30, 2014

မန်ယူနိုက်တက် ကစားသမားသစ် ဂျူအန်မာတာက ၎င်းအနေဖြင့် အသင်းသစ်တွင် အထိုင်ကျနေပြီဟု ခံစားမိကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။ ချဲလ်ဆီးအသင်းမှ ပေါင်(၃၇.၁)သန်းဖြင့် ပြောင်းရွေ့ရောက်ရှိလာသော မာတာသည် ယူနိုက်တက် အသင်းဖြင့် လေ့ကျင့်ခန်း နှစ်ကြိမ်ဆင်းအပြီးတွင် ကာဒစ်ဖ်အား ရင်ဆိုင်ခဲ့သော ပွဲစဉ်တွင် ပွဲဦးထွက်အဖြစ် ပါဝင် ကစားခွင့် ရခဲ့သည်။

 အသက်(၂၅)နှစ်အရွယ် မာတာက - "၀င်ရောက်ကစားခွင့် ရခဲ့တဲ့ ပထဦးဆုံး မိနစ်မှာ ကတည်းက ဒီအသင်းမှာ အထိုင်ကျနေသလို ခံစားမိပါတယ်၊ အချိန်တွေ အရမ်းကုန်မြန်ခဲ့သလို၊ ယူနိုက်တက်ရဲ့ ကြိုဆိုမှုကလည်း သြချလောက်ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီပွဲမတိုင်ခင်မှာ အပြောင်းအရွေ့ကြောင့် ယူနိုက်တက် အသင်းနဲ့ အချိန်အနည်းငယ်သာ လေ့ကျင့်ခန်း ဆင်းချိန် ရခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော် ဒီထက် အများကြီး တိုးတက်လာအောင် လုပ်နိုင်မယ်ဆိုတာ ကျွန်တော့ကိုယ် ကျွန်တော်သိပါတယ်" ဟု ထုတ်ဖော်ပြောကြား သွားခဲ့သည်။

 မာတာသည် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကာဒစ်ဖ်အသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သော ပွဲစဉ်တွင် ယူနိုက်တက် အတွက် ပွဲဦးထွက် ပါဝင် ကစားခွင့် ရခဲ့သည်။

Written by အောင်ဇော်လတ်(မိုးနဲ)

FOOTBALL CAFE

RangonNewsDaily:: January . 30 .2014
မန်ယူနိုက်တက် ကစားသမားသစ် ဂျူအန်မာတာက ၎င်းအနေဖြင့် အသင်းသစ်တွင် အထိုင်ကျနေပြီဟု ခံစားမိကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။

မဲရုံမသွားကြရန် ထိုင်းဆန္ဒပြခေါင်းဆောင် တိုက်တွန်း

Photo: မဲရုံမသွားကြရန် ထိုင်းဆန္ဒပြခေါင်းဆောင် တိုက်တွန်း
Thursday, January 30, 2014

ဖေဖော်ဝါရီ ၂ ရက် ထိုင်းရွေးကောက်ပွဲမှာ မဲစာရွက်တွေကို ဖျက်ဆီးတာနဲ့ မဲပေးမှု လုပ်ငန်းစဉ်တွေကို နှောင့်ယှက်တာတွေလုပ်မယ့်အစား မဲရုံကို မသွားကြဖို့ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းဆုဘန်က သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။

မဲမပေးတာတွေနဲ့ ကန့်ကွက်မဲပေးတာတွေအတွက် စဉ်းစားတွန့်ဆုတ်နေဖို့ မလိုဘူး။ ကျနော်တို့ အားလုံးက မဲရုံကို မသွားဘူးဆိုတာ သေချာအောင် လုပ်ကြစို့လို့ ဇန်န၀ါရီ ၂၉ ရက်နေ့က ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက မဲဆန္ဒနယ်အတော်များများကတော့ ကိုယ်စားလှယ်တင်သွင်းမှု မရှိတာကြောင့် ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင်ဟာ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို ရာထူးက ဖယ်ရှားရေး အစိတ်အပိုင်းအနေနဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်မယ်လို့ ဆန္ဒပြသူတွေက ကတိပြုထားတာကြောင့် ထိုင်းအစိုးရက ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲအတွက် မြို့တော်ဘန်ကောက်မှာ ရဲဝန်ထမ်း ၁ သောင်း တာဝန်ချထားမှာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတည်းက ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံရေး ဆန္ဒပြမှုတွေကြောင့် ဒီရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေ ပိုဖြစ်စေနိုင်ပြီး တိုင်းပြည်တွင်း နိုင်ငံရေး ကွဲလွဲမှုတွေ ဆိုးဆိုးရွားရွား တိုးလာနိုင်တယ်လို့ ပညာရှင်တွေနဲ့ အကဲခတ်တွေက သတိပေးထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်ရေး ရွေးကောက်ပွဲကော်မရှင်က အဆိုပြုပြီး အခြေခံဥပဒေခုံရုံးက ခွင့်ပြုပေမယ့် ထိုင်းအစိုးရကတော့ နဂို သတ်မှတ်ရက်အတိုင်း ကျင်းပဖို့ ဇန်န၀ါရီ ၂၈ ရက်က ဆုံးဖြတ်ခဲ့ပါတယ်။

အခု ဖြစ်နေတဲ့ ထိုင်းနိုင်ငံရေးအကျပ်အတည်းဟာ ဘန်ကောက်ဝန်းကျင်က လူလတ်တန်းစားတွေ၊ ဘုရင်စနစ်ကို သစ္စာခံသူ ဒီမိုကရက်တွေ၊ လက်ရှိ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် မောင်နှမတွေကို ထောက်ခံတဲ့ ကျေးလက်နေ ဆင်းရဲသား လူတန်းစားကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေးလွန်ဆွဲပွဲ နောက်ဆုံးကဏ္ဍလည်း ဖြစ်ပါတယ်။

DVB TV News

RangonNewsDaily:: January . 30 .2014
ဖေဖော်ဝါရီ ၂ ရက် ထိုင်းရွေးကောက်ပွဲမှာ မဲစာရွက်တွေကို ဖျက်ဆီးတာနဲ့ မဲပေးမှု လုပ်ငန်းစဉ်တွေကို နှောင့်ယှက်တာတွေလုပ်မယ့်အစား မဲရုံကို မသွားကြဖို့ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းဆုဘန်က သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။

တိုက်ပွဲ မဖြစ်၍ အပစ်ရပ်ရေးဆွေးနွေးပွဲ “ဝ” တပ်ဖွဲ့ မတက်ဟု ဦးအောင်မင်း ပြော

Photo: တိုက်ပွဲ မဖြစ်၍ အပစ်ရပ်ရေးဆွေးနွေးပွဲ “ဝ” တပ်ဖွဲ့ မတက်ဟု ဦးအောင်မင်း ပြော
Thursday, January 30, 2014

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မြန်မာအစိုးရအကြား တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသောကြောင့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးပွဲများတွင် “ဝ” တပ်ဖွဲ့ မတက် ရောက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲ မတက်ရောက်သည့် “ဝ” တပ်ဖွဲ့ကို အထင်မလွဲကြရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Green Lake Resort တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ပေါင်းစု ဖွဲ့စည်း ထားသော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့ (NCCT) နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ် ဦးအောင်မင်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

UWSA အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးပြောဆိုမှုများတွင် ပါဝင်ရန် အစိုးရ က ဖိတ်ခေါ်ခဲ့သော်လည်း မြန်မာအစိုးရ တပ်နှင့် UWSA အကြား တိုက်ပွဲများမဖြစ်ပွား၍ အဆိုပါ ဆွေးနွေးပွဲများ တက်ရောက်မည်မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲတွင်သာ ပါဝင်မည်ဟု အကြောင်းပြန် ကြားထားကြောင်း ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။

“အရင်တုန်းက တိုက်ပွဲတွေက ဗကပ လက် ထက်ကသာ တိုက်ပွဲတွေဖြစ်ခဲ့တာတဲ့။ တကယ်တမ်း ပြောရမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးလည်း ဘာမှ လုပ်စရာမလိုဘူးတဲ့။ ဖြစ်မှ မဖြစ်တာတဲ့။ အဲဒါကြောင့်မို့ ဒီအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ တွေ ဘာတွေကို သူတို့ လာကိုမတက်တာ။ ဒါပေမယ့် သူက နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကျရင်တော့ လာ တက်မှာပေါ့။ တက်တဲ့အခါကျရင်လည်း သူက သူ့ ပြည်နယ်နဲ့ ပတ်သက်တာ၊ “ဝ” လူမျိုးတွေနဲ့ ပတ် သက်တာ၊ သူ အဲဒီအခွင့်အရေးတွေလည်း တောင်း မှာပေါ့။ သူတောင်းတဲ့ ဟာကိုလည်း ဒီဘက်က ကြည့်ပြီး ပေးလို့ရတဲ့ဟာကို ပေးမှာပေါ့။ ဒါကြောင့် “ဝ” အပေါ်မှာ တမျိုးမထင်ပါနဲ့၊ “ဝ” က မတက်တာ မဟုတ်ဘူး၊ အားမပေးတာ မဟုတ်ဘူး။ သူ့ အလုပ် မဟုတ်ဘူးလို့ ယူဆလို့ သူက လာကို မလာတာ” ဟု ဦးအောင်မင်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ငြိမ်း ချမ်းရေး ဖြစ်စဉ်သည် ဆက်လက်ဖော်ဆောင်နေဆဲ ဖြစ်သည့်အတွက် အောင်မြင်နေသည်ဟု ဆိုနိုင်ကြောင်း ဦးအောင်မင်းက ဆိုသည်။

“ခြုံပြီးပြောရမယ်ဆိုရင် ဒီ Process ဟာ Still Going Process ဖြစ်တာပေါ့။ ရပ်သွားတယ်ဆိုရင်တော့ မအောင်မြင်ဘူး ပြောလို့ရတာပေါ့။ ဒါကြီးက သွားနေတယ်။ အားလုံးကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ကျေကျေလည်လည်နဲ့ အခက်အခဲမရှိဘဲ ဆွေးနွေး နိုင်တယ်ဆိုကတည်းက ဒါ အောင်မြင်တဲ့ Process လို့ ပြောလို့ရတာပေါ့” ဟု ၄င်းက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်တွင်ပြုလုပ်သည့် ဆွေးနွေးပွဲ သို့ UPWC မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှ တာဝန်ရှိသူ များ၊ NCCT မှ တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်ကြပြီး မကြာသေးခင်က ကရင်ပြည်နယ် လောခီးလာ (လေးဝါး) တွင် ကျင်းပခဲ့သည့် တိုင်း ရင်းသားညီလာခံမှရရှိခဲ့သည့် အပစ်ရပ်ရေးမူကြမ်း အပေါ် မူတည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“လေးဝါး အစည်းအဝေးမှာ သဘောတူခဲ့တဲ့ ဟာတွေကို လာပြီးတော့ လက်ခံနေတာလေ။ ယူရုံနဲ့ ဒီတိုင်းပဲ မယူဘူး၊ သူတို့ ရှင်းပြတာကို နားထောင် တယ်။ နားထောင်ပြီးတော့ ဒါကို ယူပြီးပြန်မယ်။ ဆုံးဖြတ်ချက်တွေဘာတွေ ဘာမှ မပေးဘူးလေ။ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ လိုလားချက်တွေ၊ တင်ပြချက်တွေ လာယူတာပဲဖြစ်တယ်” ဟု ဝန်ကြီး ဦးအောင်မင်းက ဆက်ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လော ခီးလာ (လေးဝါး) ဆွေးနွေးပွဲ ရလဒ်များသည် တိုး တက်သည့် ခြေလှမ်းများဖြစ်သည်ဟု ဦးအောင်မင်း က ဆိုသည်။

“Political Dialogue (နိုင်ငံရေး ဆွေးနွေးမှု) ပြီးမှ အပစ်အခတ်ရပ်စဲမယ်လို့ ပြောခဲ့တာ။ ဒါပေ မယ့် လေးဝါး အစည်းအဝေးမှာတော့ ဆုံးဖြတ်ချက် တခု ကျသွားတယ်။ အပစ်အခတ်ရပ်စဲရေး ပြီးမှပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လုပ်မယ်ဆိုတာ။ ဒါ တိုးတက်တက်ခြေလှမ်းတွေပါပဲ”ဟု သူကဆိုသည်။

လောခီးလာ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက သဘောတူညီချက် ယူထားခဲ့သည့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းတွင် အခန်း ၁၁ ခန်းရှိပြီး စာမျက်နှာ ၂၈ မျက်နှာ ရှိကြောင်း ဦးလှမောင်ရွှေက ပြောသည်။

ချင်းမိုင်ဆွေးနွေးပွဲတွင် အဓိကအားဖြင့် လော ခီးလာ သဘောတူညီမှုပါ စကားလုံးများ၊ မူဘောင် များနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ်နှင့် ကြိုတင်ဆွေးနွေးခြင်း ဖြစ်ကြောင်း NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ဧရာဝတီကို ပြောသည်။

“တချို့ စာလုံးတွေကတော့ သူတို့အနေနဲ့ မထည့်စေချင်ဘူး၊ ပြင်စေချင်တယ်၊ အဲဒါကို ကျနော် တို့က လက်မခံနိုင်ဘူးဆိုရင် သူတို့က ယူသွားပြီး တော့ အထက်အရာရှိတွေနဲ့ ညှိနှိုင်းမယ်။ အခု ဒီမှာက တော်လှန်ရေးဆိုတဲ့ဝေါဟာရကို သူတို့ဘက် က ပြင်ချင်တယ်ဆိုတဲ့ဟာ ပြောတယ်” ဟု နိုင်ငံသာ က ဆိုသည်။

ဖက်ဒရယ် စကားရပ်နှင့်ပတ်သက်၍ ချင်းမိုင် ဆွေးနွေးပွဲတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ၄င်းကိစ္စကို နိုင်ငံရေးဆွေးနွေးပွဲတွင် မပါမဖြစ် ထည့်သွင်းရန် တိုင်းရင်းသားများက လုပ်ဆောင်လျက် ရှိသည်ဟု သိရှိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အစိုးရနှင့် တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ တခုကို လာမည့်မတ်လအတွင်း ကျင်းပရန်ရည်ရွယ် ထားပြီး ဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လည်း ဖိတ်ကြားမည်ဖြစ်ကြောင်း အစိုးရငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။

ဧရာဝတီ

RangonNewsDaily:: January . 30 .2014
“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မြန်မာအစိုးရအကြား တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသောကြောင့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးပွဲများတွင် “ဝ” တပ်ဖွဲ့ မတက် ရောက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲ မတက်ရောက်သည့် “ဝ” တပ်ဖွဲ့ကို အထင်မလွဲကြရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်သည်။

မကွေး လက်နက်စက်ရုံအတွက် မြေသိမ်းမှု အခြေအနေတင်းမာ

Photo: မကွေး လက်နက်စက်ရုံအတွက် မြေသိမ်းမှု အခြေအနေတင်းမာ
Thursday, January 30, 2014

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် တပ်မတော် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုအရာရှိ ချုပ်ရုံး (ကပစ ၂၅) က လက်နက်စက်ရုံတည်ဆောက် ရန် မြေဧကထောင်ချီ သိမ်းယူခဲ့ပြီး လက်နက်စက်ရုံ တည်ဆောက်ရန် မြေယာရှင်းလင်းမှုပြုလုပ်ရာတွင် ဒေသခံများနှင့် စစ်တပ်အကြား တင်းမာမှုများ ဖြစ် ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ၄င်း၏မဲဆန္ဒနယ်မြေဖြစ် သော ဆောမြို့နယ်၊ ပေါက်ပံဆိုင်းကျေးရွာ၊ ငလယ်ဂုံ ကျေးရွာ၊ နက်ပြာကျေးရွာမှ လယ်ယာမြေ ထောင် ပေါင်းများစွာကို ကပစ ၂၅က စစ်အစိုးရ လက်ထက် တွင် သိမ်းယူခဲ့ကြောင်း၊ သိမ်းဆည်းထားသောမြေယာ များပေါ်တွင် လက်နက်စက်ရုံ တည်ဆောက်ရန်အတွက် မြေယာရှင်းလင်းမှုများ စတင်လုပ်ဆောင်လာ ချိန်တွင် တပ်မတော်နှင့် ဒေသခံ ရွာသားများအကြား တင်းမာမှုများ အကြီးအကျယ် ပေါ်ပေါက်လျက်ရှိ ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“မြေသိမ်းထားတာက အရင်အစိုးရလက်ထက် မှာကတည်းက သိမ်းထားတာ။ ဟိုတုန်းက လူတွေက မပြောရဲ၊ မဆိုရဲနဲ့ဖြစ်ကြတော့ မသိခဲ့ဘူး။ အခုက ပွင့်လင်းလာပြီဖြစ်တာမို့ လူတွေက သူတို့ မြေယာ တွေ ပြန်ရဖို့ တောင်းဆိုကြတာပေါ့။ ကပစ ၂၅ က လည်း သိမ်းထားတဲ့နေရာတွေမှာ စက်ရုံ ဆောက်ဖို့ မြေယာတွေ ရှင်းလင်းတာတွေ လုပ်တော့ ဒေသခံ တွေက အဝင်မခံဘဲ မြေတူးစက်တွေရှေ့မှာ ပိတ်ရပ် နေကြတာတို့ ဘာတို့ ဖြစ်နေတယ်။ အခြေအနေက တော်တော်လေးကို တင်းမာနေတယ်။ အဲဒီနေရာက ကျနော့် မဲဆန္ဒနယ်မြေဖြစ်တော့ ကျနော်ကိုယ်တိုင် ဆင်းမယ်။ ကျနော့်ကိုလည်း ကပစက ဗိုလ်ချုပ်တွေ က လုပ်ပါဦးဆိုပြီး ခေါ်ယူညှိနှိုင်းတာတွေ ရှိနေပါတယ်။ ကျနော်အနေနဲ့တော့ ပြည်သူတွေအကျိုး ဦးထိပ်ပန်ဆင်မယ်ဆိုရင် ပြည်သူ့မျက်နှာ ကြည့်သင့် တာပေါ့” ဟု ဦးလှဆွေက ဆိုသည်။

လက်နက်စက်ရုံအတွက် ပေါက်ပံဆိုင်း၊ ငလယ် ဂုံနှင့် နက်ပြာကျေးရွာမှ လယ်မြေများကို သိမ်းယူ သည့်အပြင် ရွာလုံးကျွတ်ရွှေ့ပြောင်းခိုင်းမှုများ ရှိနေ သည့်အတွက် ဒေသခံများက ရွာလုံးကျွတ် ပြောင်း ရွှေ့ရန် ငြင်းဆန်နေကြကြောင်း၊ တပ်မတော်အနေ ဖြင့် ပြောင်းရွှေ့ခံ ကျေးရွာသူ၊ ကျေးရွာသားများ အတွက် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ပေးခြင်း၊ မြေလွတ်မြေရိုင်းများ ဖော်ထုတ်ပေးခြင်း လုပ်ဆောင် ရန် လိုအပ်ကြောင်း ဦးလှဆွေက ရှင်းပြသည်။

“ပြောင်း၊ ပြောင်းဆိုပြီး အတင်းအကျပ်ပြောင်း ရွှေ့ခိုင်းလို့ရမလားဗျ။ အိမ်လေး ဆောက်ပေး၊ လယ် ယာမြေ အသစ်တွေထပ်ပြီး ဖော်ထုတ်ပေးတာတွေ လုပ်ရမှာပေါ့။ အဲဒီလို လုပ်ဖို့ဆိုရင်လည်းသူတို့ပိုက်ဆံ ကုန်စရာမလိုဘူး။ အစိုးရဘတ်ဂျက်ထဲကနေလုပ်ပေး လို့ရတာပဲ။ ကျနော်တို့ လွှတ်တော်ကို တင်ပြလာရင် လည်း လွှတ်တော်ကလိုအပ်တဲ့ ဘတ်ဂျက်ကို ခွင့်ပြု ပေးမှာပဲ။ အခုက နှင်ထုတ်ပြီး ဘာမှလုပ်မပေးတော့ ဘယ်သူက ပြောင်းပေးမလဲ” ဟု ၄င်းက ဆက်လက် ပြောသည်။

ယခင်အစိုးရလက်ထက် တပ်မတော်က ဆော မြို့နယ်မှ လယ်မြေများ သိမ်းယူခဲ့ရာတွင် တဧက ငွေကျပ် ၅၀ဝ နှုန်း လျော်ကြေး သတ်မှတ်ပေးခဲ့ ကြောင်း သိရသည်။

ဧရာဝတီ

RangonNewsDaily:: January . 30 .2014
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် တပ်မတော် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုအရာရှိ ချုပ်ရုံး (ကပစ ၂၅) က လက်နက်စက်ရုံတည်ဆောက် ရန် မြေဧကထောင်ချီ သိမ်းယူခဲ့ပြီး လက်နက်စက်ရုံ တည်ဆောက်ရန် မြေယာရှင်းလင်းမှုပြုလုပ်ရာတွင် ဒေသခံများနှင့် စစ်တပ်အကြား တင်းမာမှုများ ဖြစ် ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

ယောက်ျားများကြောက်သော မိန်းမ (နိုင်းနိုင်းစနေ)

Photo: ယောက်ျားများကြောက်သော မိန်းမ (နိုင်းနိုင်းစနေ) 
Thursday, January 30, 2014

ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီး ၀င်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။

ဘယ်လို မိန်းကလေးမျိုးကို ယောက်ျားများ ကြောက်ကြပါသလဲ။ မိန်းကလေး  တိုင်း (၁၀)မျိုးထဲတွင် တစ်မျိုးမက နှစ်မျိုးပါဝင်နေမည်မှာ ဧကန်မလွဲပင်။ သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသလား။

(၁) ညစ်ပတ်သောမိန်းမ

ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထား သလို   ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မ ရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများ လည် ပေကျံနေတတ်သည်။

(၂)အတင်းပြောသောမိန်းမ

BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း   ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန် စကားပြော တတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။

(၃)စကားများသောမိန်းမ

ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ် သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာ သည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

(၄) ခိုင်းနိုင်းတတ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေ တတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်း ဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအ တွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြ သည်။ ယော ကျာ်းလေး   တစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်း ပင်ဖြစ်သည်။

(၅) နှုတ်ကြမ်းသောမိန်းမ

စကားပြောကြမ်းသော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရ ခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစား သည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။

(၆) သ၀န်တိုလွယ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်း ကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော   ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်း နှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်း ကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။

(၇) တုံးအသောမိန်းမ

အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်း ကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ်
သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ် ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေး မျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေး များသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာ လာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။

(၈) ငွေသုံးကြမ်းသောမိန်းမ

Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီးဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်း ကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ် ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။

(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ

ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရ ခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို   ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။

(၁၀) ချွဲနွဲ့လွန်သောမိန်းမ

မိန်းကလေးတိုင်းချွဲနွဲ့တတ် သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင် နှင့်(ခေတ်စကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ်   သည်) လူကွယ်ရာတွင်မှု ဆန့်ကျင် ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

RangonNewsDaily:: January . 30 .2014
ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီး ၀င်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူး တင်ပါ
တယ်။

ကမာရွတ် မြို့နယ် တွင် အမေရိကန် နိုင်ငံသား တစ်ဦး ၏ အလောင်း တွေ့ရှိ

RangonNewsDaily:: January . 30 .2014
ရန်ကုန် တိုင်း ဒေသကြီး၊ ကမာရွတ် မြို့ နယ်၊ မေသူ အိမ်ရာ ရှိ တိုက်ခန်း တစ်ခု တွင် အမေရိကန် နိုင် ငံ သား တစ်ဦး ၏ အလောင်း တွေ့ရှိ ခဲ့ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲ တပ်ဖွဲ့ ရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ဇန်န၀ါရီလ (၂၈) ရက် နေ့ ည ရှစ် နာရီခွဲ အချိန် ခန့်က ကမာရွတ်မြို့နယ်၊ မေသူအိမ်ရာ တိုက်..........၊ အခန်း......... တွင် နိုင်ငံခြား သား တစ်ဦး သေဆုံး နေကြောင်း သတင်း ပေးချက်အရ

လမ်းမတော် ၁၆ လမ်းတွင် မီးလောင်.

Photo

RangonNewsDaily:: January . 30 .2014
လမ်းမတော် ၁၆ လမ်းတွင် မီးလောင် ရန်ကုန်မြို့၊ လမ်းမတော်၊ ၁၆ လမ်း၊ အမှတ် ၁၂၃ ၊ ရှစ်လွှာတွင် ယနေ့ မွန်းလွဲ ၃ နာရီ ခန့်တွင် မီးလောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့သည်။

ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ် ဆိုပြီး အစွဲမရှိဘူးလို့ ဆိုလိုက်တဲ့ ဇော်ပိုင်

Photo: ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ် ဆိုပြီး အစွဲမရှိဘူးလို့ ဆိုလိုက်တဲ့ ဇော်ပိုင်
Thursday, January 30, 2014

ဂီတလောကထဲမှာ အောင်မြင်မှုနဲ့ ရပ်တည်လာနိုင်ခဲ့တဲ့ ဇော်ပိုင်ဟာ ခုလတ်တလော နယ်ရှိုးတွေနဲ့ မအားမလပ်ဖြစ်နေတယ်လို့ သိရတာကြောင့် သူ့ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု နဲ့အတူ တစ်ကိုယ်တော် အခွေအကြောင်း မေးကြည့်လိုက်တဲ့အခါ ‘အခု အခွေတစ်ခွေအသစ် လုပ်နေတယ်။ နယ်ရှိုးပွဲတွေ သွားဖြစ်တယ်။ ရန်ကုန်ကတော့ ရှေ့လ ၁၂ ရက်နေ့ ရှိမယ်။ ပြည်သူ့ရင်ပြင်မှာပေါ့။ တစ်ကိုယ်တော်အသစ်ကတော့ ဒီနှစ်အလယ်လောက်တော့ ထွက်ဖြစ်မှာပါ။ သီချင်းတွေကတော့ ရွေးနေတုန်းပါပဲ။ ခေါင်းစဉ်လဲ မစဉ်းစားရသေးဘူး။ တေးရေးတွေကလဲ ကိုယ်နဲ့ လက်တွဲနေကျသူတွေပါပဲ။ သီချင်းအမျိုးအစားတွေက အနှေးလေးတွေနဲ့ R&Bပုံစံလေးတွေပေါ့။ ကော်ပီတို့၊ Own Tune တို့ဆိုပြီး အစွဲမရှိဘူး။ သင်္ကြန်ကတော့ မန္တလေးမှာဖြစ်မှာပါ။ သင်္ကြန်သီချင်းက ထွက်ဖို့ရှိပါတယ်။ အစ်ကိုတို့တွေ စုပြီးလုပ်ထားတဲ့ အခွေလေးပါ။ ရှေ့လလောက်ဆိုထွက်ပါပြီ။ ပရိသတ်နဲ့တော့ အမြဲတွေ့ဖြစ်နေပါတယ်။ လိုအပ်ချက်လေးတွေ၊ သူတို့နဲ့က ညှိနှိုင်းနေရတုန်းပါပဲ။’လို့ သူက ပြောပါတယ်။

ရန်ကုန်မှာ သူပါတဲ့ ရှိုးတွေ နည်းသွားပေမယ့် နယ်ရှိုးတွေ လက်ခံဖြစ်တဲ့အပေါ်မှာလည်း သူက ‘ခု လမ်းပန်းဆက်သွယ်ရေးတွေ အကုန်လုံး ဖွံ့ဖြိုးတိုးတက်လာတော့ ပွဲတွေတော်တော် စိပ်လာတယ်။ အရင်ထက် ပွဲတွေပိုများလာတယ်’တဲ့။

Trend Myanmar

RangonNewsDaily:: January . 30 .2014
ဂီတလောကထဲမှာ အောင်မြင်မှုနဲ့ ရပ်တည်လာနိုင်ခဲ့တဲ့ ဇော်ပိုင်ဟာ ခုလတ်တလော နယ်ရှိုးတွေနဲ့ မအားမလပ်ဖြစ်နေတယ်လို့ သိရတာကြောင့် သူ့ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု နဲ့အတူ တစ်ကိုယ်တော် အခွေအကြောင်း မေးကြည့်လိုက်တဲ့အခါ ‘အခု အခွေတစ်ခွေအသစ် လုပ်နေတယ်။

Samsung Galaxy S5 မှာ 21 Megapixel ကင်မရာ ပါရှိမည်

Photo: Samsung Galaxy S5 မှာ 21 Megapixel ကင်မရာ ပါရှိမည်
Thursday, January 30, 2014

Samsung Galaxy S5 အတွက်ထွက်ရှိလာတဲ့ နောက်ထပ် သတင်း ဖြစ်ပါ တယ်။ ယင်းသတင်းအရ Samsung Galaxy S5 မှာ 21 Megapixel အရည်အသွေးရှိတဲ့ ကင်မရာ ပါဝင်လာမှာ ဖြစ်ကြောင်း သိရ ပါတယ်။

16 Megapixel တုန်းက 5312x2988 resolution အရည်အသွေးရှိပြီး ratio က 16:9 ဖြစ်ပါတယ်။ ဒီတစ်ခါက 21 Megapixel ဆိုတော့ ဓာတ်ပုံအရည် အသွေးနဲ့ ထွက်ရှိလာမယ့် အရွယ်အစားက ဘယ်လောက်တောင် ရှိမယ် ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ကင်မရာကောင်းတဲ့ စမတ်ဖုန်း စာရင်း ထဲမှာ Samsung ရဲ့  ယခု နောက်ထွက် စမတ်ဖုန်းများက ပါဝင် လာနေခြင်း ဖြစ်ပါတယ်။ ပလပ်စတစ် ဘော်ဒီ နဲ့ အလူမီနီ ယမ် ဘော်ဒီဖြင့် ၂ မျိုးထုတ်လုပ်ပြီး အတွင်းက Specification များကတော့ မပြောင်းလဲဘူး ဖြစ်ပါတယ်။ ဖုန်းရဲ့  ကုဒ်နံပါတ်က SM-G900-V ဖြစ်ကြောင်း အွန်လိုင်းမှာ သတင်းပြန့်နှံ့နေပါတယ်။

လက်ဗွေဖြင့် ဖုန်းလုံခြုံရေး ထိန်းချုပ်စနစ် ပါမယ့် Samsung Galaxy S5 ကို လာမယ့် ဖေဖော်ဝါရီလ Mobile World Congress မှာ ဝင်ရောက်ပြ သ နိုင်ချေ ရှိကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )

RangonNewsDaily:: January . 30 .2014
Samsung Galaxy S5 အတွက်ထွက်ရှိလာတဲ့ နောက်ထပ် သတင်း ဖြစ်ပါ တယ်။ ယင်းသတင်းအရ Samsung Galaxy S5 မှာ 21 Megapixel အရည်အသွေးရှိတဲ့ ကင်မရာ ပါဝင်လာမှာ ဖြစ်ကြောင်း သိရ ပါတယ်။

အဓိက ကစားသမားများ ပြန်လည်စုံလင်လာ၍ မိုယက်စ်ဝမ်းသာနေ

Photo: အဓိက ကစားသမားများ ပြန်လည်စုံလင်လာ၍ မိုယက်စ်ဝမ်းသာနေ
Thursday, January 30, 2014
    
မန်ချက်စတာ ယူနိုက်တက်တွင် ကစားသမားကောင်းများ ဒဏ်ရာမှ အသီးသီး သက်သာလာပြီး လူစုံတက်စုံ ဖြစ်လာသည့်အတွက် မန်နေဂျာ ဒေးဗစ်မိုယက်စ်တစ်ယောက် ပျော်ရွှင်လျှက် ရှိသည်။

ချယ်လ်ဆီးမှ ကွင်းလယ်ဖန်တီးရှင် ဟွမ်မာတာ အသင်းသို့ စတင်ရောက်ရှိလာသလို ဝိန်းရွန်နီ၊ ရော်ဘင်ဗန်ပါစီတို့သည်လည်း ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီဖြစ်ရာ အသင်း၏ တိုက်စစ်အင်အားစုသည် ခြိမ်းခြောက်နိုင်စွမ်း အလွန်မြင့်မားသည့် အနေအထားသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ရွန်နီနှင့် ဗန်ပါစီတို့သည် ယူနိုက်တက်၏ အဓိက ဦးဆောင် ကစားသမားများ ဖြစ်ကြပြီး ၎င်းတို့ကို ကာလအတန်ကြာ လက်လွှတ်ခဲ့ရချိန်၌ မိုယက်စ်၏ အသင်းသည် ရလဒ်ပိုင်း ဆိုးရွားနိမ့်ကျမှုများဖြင့် ရုန်းကန်ခဲ့ရသည်။

ကားဒစ်ဖ်စီးတီးနှင့် ပွဲစဉ်တွင် နှစ်ဦးလုံး တစ်လှည့်စီ ဝင်ကစားခဲ့သည့် ရွန်နီ၊ ဗန်ပါစီတို့နှင့် ပတ်သက်ပြီး မိုယက်စ်က "သူတို့နှစ်ယောက် ပြန်ကစားနိုင်တာဟာ သိပ်ကို ကြီးမားတဲ့ အားတစ်ရပ်ပါပဲ။ ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးပါတယ်။ သူတို့အနေနဲ့ ပွဲဆက်နည်းနည်းတော့ ပြတ်နေတယ်။ ဒါပေမဲ့ နှစ်ယောက် တွဲကစားရင်း ပြန်အချိတ်အဆက် မိလာမှာပါ။ ရွန်နီနဲ့ ဗန်ပါစီအပြင် မာတာလည်း ဒီလိုပါပဲ။ ခုချိန်မှာတော့ သူတို့(၃)ယောက်လုံးကို ကွင်းထဲမှာ အတူထုတ်သုံးဖို့ကို ကျွန်တော် မျှော်လင့်နေပါတယ်"ဟု ပြောကြားခဲ့သည်။

ပေါင်စတာလင် (၃၇)သန်းတန် ကစားသမားသစ် မာတာနှင့် ပတ်သက်ပြီးမူ မိုယက်စ်က "ကားဒစ်ဖ်နဲ့ပွဲမှာ သူကစားသွားတာ သိပ်ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ဂိုးတစ်ဂိုးရအောင် ကူညီခဲ့သေးတယ်။ သိပ်ကောင်းတဲ့ အခိုက်အတန့်လေးတချို့ အစွမ်းပြ ကစားခဲ့တယ်။ သူ့ရဲ့ ပွဲဦးထွက်အတွက် သူ့ကိုယ်သူ ကျေနပ်သင့်တယ် ထင်ပါတယ်။ မာတာ့ အကောင်းဆုံးခြေစွမ်း ရလာဖို့ သိပ်မဝေးတော့ဘူး ထင်ပါတယ်။ သူကလည်း ပြီးခဲ့တဲ့ လပိုင်းတွေမှာ ပွဲသိပ်မကစားခဲ့ရဘူးလေ။ သူ့ကို အချိန်ကြာကြာ ပွဲကစားခွင့်ရဖို့ ကျွန်တော်တို့ စီစဉ်ပေးရပါမယ်။ ဒါဟာ သူ့အတွက်လည်း အကျိုးကျေးဇူး ရှိစေမယ်လေ"ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

RangonNewsDaily:: January . 30 .2014
မန်ချက်စတာ ယူနိုက်တက်တွင် ကစားသမားကောင်းများ ဒဏ်ရာမှ အသီးသီး သက်သာလာပြီး လူစုံတက်စုံ ဖြစ်လာသည့်အတွက် မန်နေဂျာ ဒေးဗစ်မိုယက်စ်တစ်ယောက် ပျော်ရွှင်လျှက် ရှိသည်။

Google ကို ယှဉ်ပြိုင်ရန် Samsung က စမတ်မျက်မှန် ထုတ်လုပ်လာဖွယ်ရှိ

Photo: Google ကို ယှဉ်ပြိုင်ရန် Samsung က စမတ်မျက်မှန် ထုတ်လုပ်လာဖွယ်ရှိ
Thursday, January 30, 2014

တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက Google၏ Google Glassနှင့်အပြိုင် ၎င်းတို့၏ Galaxy Glassကို ဈေးကွက်ထဲ တင်ပို့ရောင်းချလာဖွယ် ရှိနေကြောင်း သိရသည်။

Samsung အနေဖြင့် Googleကို ယှဉ်ပြိုင်ရန်အတွက် စမတ်မျက်မှန်တစ်မျိုး ထုတ်လုပ်ရောင်းချရန် စတင် စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက Google၏ Google Glassနှင့်အပြိုင် ၎င်းတို့၏ Galaxy Glassကို ဈေးကွက်ထဲ တင်ပို့ရောင်းချလာဖွယ် ရှိနေကြောင်း သိရသည်။ Samsungသည် စမတ်ဖုန်းများ တင်ပို့ရောင်းချမှုတွင် ကမ္ဘာ့အကြီးကျယ်ဆုံး လုပ်ငန်းစုကြီးတစ်ခု ဖြစ်လာခဲ့သည့်နောက် ခန္ဓာကိုယ်တွင် ဝတ်ဆင်ရသော နည်းပညာ ပစ္စည်းများ ထုတ်လုပ်ရောင်းချရန် ပိုမို၍ အာရုံစိုက် စီစဉ်လာခဲ့သည်။ Samsungက ထုတ်လုပ်ထားသည့် စမတ်လက်ပတ်နာရီ Galaxy Gearသည် အဆိုပါ ခြေလှမ်းကို သိသိသာသာ ထင်ထင်ရှားရှား မြင်သာလာစေခဲ့သည်။ 

Sonyက စမတ်လက်ပတ်နာရီ တစ်မျိုးကို ထုတ်လုပ်ရောင်းချခဲ့သည့်နောက် Samsungက စွမ်းဆောင်ရည်အပိုင်း ပိုမိုကောင်းမွန်သည့် Galaxy Gearကို မိတ်ဆက်လာခဲ့သလို ယခုတစ်ဖန် Google၏ Google Glassကို အားပြိုင်ရန် Samsungက ခြေလှမ်းပြင်နေပြီဟု ဆိုသည်။ Googleသည် ၎င်းတို့၏ ဖန်တီးမှုအရ မျက်မှန်တစ်လက်ထဲတွင် ကွန်ပျူတာတစ်လုံး တပ်ဆင်ထားသည့် အခြေအနေမျိုးထိ မြှင့်တင်လုပ်ဆောင်သွားရန် ရည်ရွယ်ထားသည်။ Samsung အနေဖြင့်လည်း ယခုနှစ်၊ စက်တင်ဘာလတွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ကျင်းပမည့် ကုန်သွယ်ရေး ပြပွဲ၌ Galaxy Glassကို စတင် ပြသလာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြလျှက် ရှိသည်။

Korea Timesက Samsungမှ တာဝန်ရှိသူ တစ်ဦး၏ အဆိုကို ကိုးကားပြီး ယခုသတင်းကို စတင်ရေးသားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တာဝန်ရှိသူက "အကြောင်းပြချက်က သိပ်ကို ရိုးရှင်းပါတယ်။ ပြောရရင် စမတ်မျက်မှန်တွေရဲ့ ဈေးကွက် အလားအလာက သိပ်ကို ကြီးမားနေတယ်။ မျက်မှန်၊ အဝတ်အစားတွေလိုမျိုး ခန္ဓာကိုယ်မှာ တပ်ဆင်၊ ဝတ်ဆင်ရတဲ့ နည်းပညာ ပစ္စည်းတွေအပေါ် တောင်းဆိုမှုက တဖြည်းဖြည်း ကျယ်ပြန့်လာနေပါတယ်"ဟု မှတ်ချက်ပေးခဲ့သည်။ Samsungသည် စမတ်မျက်မှန် တစ်မျိုးကို ထုတ်လုပ်ရန် မူပိုင်ခွင့်ကိုပင် တောင်ကိုရီးယား၌ တင်သွင်းထားပြီဟု ယုံကြည်ရကြောင်းလည်း သိရှိရသည်။ 

Planet Myanmar Network

RangonNewsDaily:: January . 30 .2014
တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက Google၏ Google Glassနှင့်အပြိုင် ၎င်းတို့၏ Galaxy Glassကို ဈေးကွက်ထဲ တင်ပို့ရောင်းချလာဖွယ် ရှိနေကြောင်း သိရသည်။

အသတ်ခံထားရသည့် လူသေအလောင်း လှိုင်သာယာရှိ ရေမြောင်းအတွင်းတွေ့ရှိ

RangonNewsDaily:: January . 30 .2014
လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ ရေမြောင်းတစ်ခုအတွင်း အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိသဖြင့် သေဆုံးသူ၏ဇနီးဖြစ်သူက ဇန်န၀ါရီ ၂၈ ရက်တွင် အမှုဖွင့်တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။အဆိုပါ လူသတ်မှုတွင် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူပေးရန် ညောင်ရွာနေ အသတ်ခံရသူ၏ ဇနီးဖြစ်သူ ဒေါ်တင်တင်ဝေ (၄၇)နှစ်က အမှုဖွင့်တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။