Pages

Pages - Menu

Thursday, January 23, 2014

အင်္ဂလိပ်ကိုခေါ်လာတဲ့သူက တိုင်းရင်းသားဖြစ်တယ်၊ အင်္ဂလိပ်ကို တိုက်တဲ့ သူက ကုလားဖြစ်သွားတယ်၊ ရိုဟင်ဂျာကို တွန်းလှန်ပြောဆိုနေ သူတွေ ကို တော်တော်ကို ရင်နာနေတယ် ဥက္ကဌ ဦးကျော်မင်း(ရိုဟင်ဂျာ) ပြော

အင်္ဂလိပ်ကိုခေါ်လာတဲ့သူက တိုင်းရင်းသားဖြစ်တယ်၊ အင်္ဂလိပ်ကို တိုက်တဲ့ သူက ကုလားဖြစ်သွားတယ်၊ ရိုဟင်ဂျာကို တွန်းလှန်ပြောဆိုနေ သူတွေ ကို တော်တော်ကို ရင်နာနေတယ် ဥက္ကဌ ဦးကျော်မင်း(ရိုဟင်ဂျာ) ပြော
==========================
မြန်မာမွတ်စလင် မီဒီယာ
ရန်ကုန်၊ ဇန်နဝါရီ(၁၁)ရက်၊ ၂၀၁၄။ သတင်း- ဇောင်းလေး

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက လူ့အခွင့်အရေးဆုံးရှုံးနေသော ရိုဟင်ဂျာ လူမျိုးများအတွက်ဦးဆောင်လှုပ်ရှားနေသော ဥက္ကဌ ဦးကျော်မင်း အား မြန်မာမွတ်စလင်မ်မီဒီယာက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

(မြန်မာမွတ်စလင်မ်မီဒီယာ)- ရိုဟင်ဂျာလူမျိုးစုတွေကရော နိုင်ငံ့တာဝန်ကို ဘယ်ရှုဒေါင့်ကနေ တာဝန်ထမ်းဆောင်ခဲ့ပါလဲ။

(ဥက္ကဌ- ဦးကျော်မင်း)- ပထမကမ္ဘာစစ်မှာ အင်္ဂလိပ်ကို ဗမာကတိုက်တာ၊ ဗမာဘက်ကနေ ခုခံပေးတာ ဦးတို့ပဲ၊ အင်္ဂလိပ်ကို ခေါ်လာတာ ယနေ့ တိုင်းရင်းသားဆိုတဲ့ ရခိုင်တွေကပဲ အင်္ဂလိပ်ကို အကူအညီပေးတယ်၊ သမိုင်း မှတ်တမ်းမှာရှိတယ်၊ အင်္ဂလိပ်မြန်မာပထမစစ်မှတ်တမ်း။ အင်္ဂလိပ်ကိုခေါ်လာတဲ့သူက တိုင်းရင်းသားဖြစ်တယ်၊ အင်္ဂလိပ်ကို တိုက်တဲ့သူက ကုလားဖြစ်သွားတယ်၊ ရိုဟင်ဂျာကို တွန်းလှန်ပြော ဆိုနေသူတွေကို တော်တော်ကိုရင်နာနေတယ်။

ဗမာပြည်မှာ လွတ်လပ်ရေးရပြီး သူပုန်တွေထတယ်၊ ဒီဘက်မှာ ကရင်နဲ့ ဗ.က.သ၊ ဟိုဘက်မှာ ရခိုင်နဲ့ ရိုဂျာဟစ် ရိုဂျာဟစ်တွေကို လက်နက်ချအောင် တိုက်ပွဲဝင်ပေးခဲ့တာ ရိုဟင်ဂျာပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကပဲ၊ သူတို့အချင်းချင်း တိုက်တာ မခံနိုင်လို့ ရိုဂျာဟစ်က အလင်းဝင်ရတယ်၊ ငြိမ်းချမ်းရေးယူရတယ်၊ ထိုစဉ်ကတည်းက လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာ တပ်မတော်မှာ ပါတယ်၊ ပြည့်သူ့ ရဲမှာပါတယ်၊ ရိုဟင်ဂျာတွေက ဌာနပေါင်းစုံပါတယ်၊ နိုင်ငံရေးလောကမှာလည်း လွှတ်တော်အမတ်တွေရှိတယ်၊ ဟိုးဗိုလ်ချုပ်အောင်ဆန်း ခေတ် ကနေနောက်ဆုံးအထိ လွှတ်တော်အမတ်တွေရှိတယ်၊ ဦးစူတန်ဆိုတာ ကျန်းမာရေးဝန်ကြီး၊ အများကြီးရိုဟင်ဂျာတွေ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့တာ၊ ဒီလောက်လုပ်ခဲ့တာ တစ်ခြားဘယ်သူရှိလဲ။

(မြန်မာမွတ်စလင်မ်မီဒီယာ)- မကြာသေးမီက သံဃာတော်များက OIC ကန့်ကွက်ဆန္ဒပြရင်းနဲ့ ရိုဟင်ဂျာလူမျိုးမရှိဘူးလို့ ကိုင်ဆောင်ထားတဲ့ ဗီနိုင်းစာတမ်းများကို တွေ့ရပါတယ်၊ အဲ့ဒါနဲ့ ပက်သက်ပြီး ရိုဟင်ဂျာလူမျိုးစုအနေနဲ့ ဘာများတုန့်ပြန်ပြောကြားချင်ပါလဲ။

(ဥက္ကဌ- ဦးကျော်မင်း)- ရခိုင်ပြည်မှာ လူဦးရေသုံးသန်းကျော်ရှိပါတယ်၊ ဒီလို ငါးဆယ်၊ တစ်ရာလောက်ပြောတဲ့စကားသည် ရခိုင်အမျိုးသားအားလုံးပြောတဲ့စကားလို့ မသတ်မှတ်ဘူး။

(မြန်မာမွတ်စလင်မ်မီဒီယာ)- ရိုဟင်ဂျာတွေက အဖက်ဖက်ကနေ ဆုံးရှုံးနေတယ်လို့ ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်၊ ယခုလိုဆုံးရှုံးမှုအပေါ် နိုင်င့တော်အစိုးရဆီမှာ ဘာတွေတောင်းဆိုထားတာရှိပါသလဲ။ နိုင်ငံတော်အစိုးရဘက်ကရော ဘာတွေ တုန့်ပြန်ပြောကြားပြီးပြီလဲ။

(ဥက္ကဌ- ဦးကျော်မင်း)- နိုင်ငံရေးလမ်းကြောင်းတွေကတော့ သူ့အလုပ်နဲ့သူတင်ပြနေတာတွေတော့ ရှိပါတယ်၊ သူတို့ဘက်က တုန့်ပြန်မှုကတော့ အခုထိမပြောသေးဘူး၊ ဆုံးရှုံးခဲ့တာတွေကို ဖြည့်စည်းပေးဖို့ တောင်းရင် ပိုခက် ခဲသွားမယ်။

ယနေ့ ကမ္ဘာပေါ်မှာ ရိုဟင်ဂျာလူမျိုးဆိုတာမရှိဘူးဟု ကန့်ကွက်သူများကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ က ရိုဟင်ဂျာ လူမျိုးများအတွက်ဦးဆောင်လှုပ်ရှားနေသော ဥက္ကဌ ဦးကျော်မင်းက သိလို၊ မေးမြန်းသူများကို အထောက်အထားများနဲ့ ပြသွားမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာအကြောင်းသိချင်ရင် အချိန်မရွေးလာရောက် မေးမြန်းနိုင်ကြောင်း ၊ စာရွက်စာတမ်း ဓာတ်ပုံနှင့်တစ်ကွ သက်သေပြသွားမည်ဖြစ်ကြောင်း အထက်ပါ အကြောင်းအရာများကို ယခုကဲ့သို့ ဖြေကြားခဲ့သည်။

http://myanmarmuslimcensus2014.blogspot.com/2014/01/blog-post_9432.html

RangonNewsDaily:: January . 23 .2014

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက လူ့အခွင့်အရေးဆုံးရှုံးနေသော ရိုဟင်ဂျာ လူမျိုးများအတွက်ဦးဆောင်
လှုပ်ရှားနေသော ဥက္ကဌ ဦးကျော်မင်း အား မြန်မာမွတ်စလင်မ်မီဒီယာက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

လှိုင်သာယာတွင် ကျူးကျော်အိမ် တစ်ထောင်ကျော်ကို ဒုတိယအကြိမ် ထပ်မံဖယ်ရှား

Photo: လှိုင်သာယာတွင် ကျူးကျော်အိမ် တစ်ထောင်ကျော်ကို ဒုတိယအကြိမ် ထပ်မံဖယ်ရှား
Thursday, January 23, 2014

ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေအိမ်များကို အစိုးရက ဖယ်ရှား ရှင်းလင်းလျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်အစောပိုင်းက ဒုတိယမြောက်နေ့အဖြစ် (၁၅) ရပ်ကွက်၊ ရွှေလင်ပန်း ချောင်းဘေးရှိ ကျူးကျော်နေအိမ် တစ်ထောင်ကျော်ကို ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း နေအိမ် ဖျက်ဆီးခံရသော ကျူးကျော် နေထိုင်သူများထံမှ သိရသည်။

ယနေ့ ရှင်းလင်းသည့် နေအိမ်များမှာ လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက်၊ ရွှေလင်ပန်းချောင်းဘေးရှိ စည်ပင်သာယာပိုင် မြေပေါ်မှ ကျူးကျော်နေအိမ်များ ဖြစ်ပြီး စုစုပေါင်း ၁၂၀၀ ဝန်းကျင် ရှိကြောင်း နံနက် ၆ နာရီဝန်းကျင်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၅၀၀ ဝန်းကျင်နှင့် စည်ပင်သာယာ ဝန်ထမ်းများ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ စုစုပေါင်း ၇၀၀ ဝန်းကျင်က လာရောက် ရှင်းလင်း ဖယ်ရှားခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

ရှင်းလင်းဖယ်ရှား ခံရသူများ၏ အဆိုအရ ကျူးကျော်တဲ ၁၂၀၀ ကျော် ဖျက်ဆီးခံရသည်ဟု သိရသော်လည်း လာရောက် ရှင်းလင်းရာတွင် ကိုယ်တိုင် ပါဝင်သူတစ်ဦး၏ အဆိုအရမူ အိမ် ၂၀၀ ကျော်သာ ရှင်းလင်းခဲ့ကြောင်း သိရသည်။ 

“စာရင်းရှိတာက ၂၁၆ လုံးပါ။ ဒါပေမဲ့ စာရင်းကောက်တဲ့သူက လမ်းဘေး ရှေ့မျက်နှာစာတန်းကိုပဲ အကြမ်းဖျင်း ကောက်တာ၊ နောက်မှာ ကပ်လျက်ဆောက် ထားတာတွေလည်း ရှိသေးတော့ ၂၅၀ ဝန်းကျင်တော့ ရှိလိမ့်မယ်” ဟု ၎င်းကဆိုသည်။
“မဖျက်ခင်မှာ ၁၅ မိနစ်အတွင်း ပစ္စည်းတွေ သိမ်းပေးဖို့ အသံချဲ့စက်နဲ့ လှည့်အော်တယ်။ လူတော်တော်များများကတော့ ဖျက်မယ်ဆိုတာ ကြိုသိထားလို့ ညကတည်းက လမ်းပေါ်ကို ရွှေ့ထားကြတယ်။ အိပ်တော့လည်း လမ်းပေါ်မှာပဲ” ဟု ၎င်း၏အိမ် ရှင်းလင်းခံရသူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် နံနက် ၂ နာရီဝန်းကျင်ကပင် အဆိုပါ နေရာသို့ ရောက်ရှိနေပြီး ကျူးကျော် ရပ်ကွက်ရှိ အဝင်၊ အထွက်လမ်းများကို ပိတ်ဆို့ စောင့်ကြည့်ခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။

ကျူးကျော် နေထိုင်သူများသည် ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ အဆိုပါ နေရာတွင် နေအိမ်များ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အများစုမှာ လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက်ရှိ အငှားတန်းလျားများတွင် နေထိုင်ခဲ့သူများ ဖြစ်သည်ဟု ဆိုသည်။
“ချုံတွေ၊ တောတွေကလည် အပြည့်ပဲ။ မြွေတွေလည်း တွေ့တယ်။ ပြီးတော့ အမှိုက်တွေကလည်း နံစော်နေတာပဲ။ ကျွန်တော်တို့ ရှင်းခဲ့ရတာ။ အဲဒီတုန်း ကတည်းက နေလို့မရဘူးပြောရင် ဘယ်နေ ပါ့မလဲ။ အခုတော့ လုပ်အားခလည်း ရှုံးတယ်။ အိမ်ဖိုးလည်း ဆုံးတယ်” ဟု လှိုင်သာယာ (၁၅) ရပ်ကွက်တွင် အိမ်ငှားနေထိုင်ခဲ့ရာမှ ကျူးကျော်အိမ် ဆောက်လုပ်နေထိုင်ခဲ့သော ဦးမောင်မြင့်က ဆိုသည်။

အဆိုပါ ကျူးကျော် နေအိမ်များ ရှင်းလင်းရာတွင် စည်ပင်သာယာဝန်ထမ်း ၁၅၀ ဦးခန့်နှင့် ရပ်ကွက်နေပြည်သူ ၂၀၀ ဝန်းကျင် ပါဝင်ပြီး လုံခြုံရေးရဲတပ်ဖွဲ့ အင်အားကိုမူ မသိရှိကြောင်း၊ နေအိမ်များ ဖယ်ရှားရှင်းလင်းမည်ကို ဇန်နဝါရီလ ၁၇၊ ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် သတိပေး အကြောင်းကြားခဲ့ကြောင်း လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

နေအိမ်များ ဖယ်ရှားရန် လာသူများကို ကျူးကျော် နေထိုင်သူ အမျိုးသမီး ၃၀ ဝန်းကျင်က ရပ်ကွက်အတွင်းသို့ ဝင်ရောက်ရာလမ်း၌ ဝါးလုံးများဖြင့် ပိတ်ဆို့ ဟန့်တားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းသွားခဲ့ကြောင်း၊ ယနေ့ ဖယ်ရှားခဲ့သည့် နေအိမ် အရေတွက်မှာ ၂၅၀ ဝန်းကျင်သာရှိပြီး အများစုမှာ နေထိုင်ခြင်းမရှိသည့် နေအိမ်များ ဖြစ်ကြောင်း နေအိမ်များ ရှင်းလင်းဖယ်ရှားရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဖယ်ရှား ရှင်းလင်းခံရသည့် မိသားစုများအနက် လူဦးရေ ၂၀ ခန့်မှာ ပြောင်းရွှေ့ နေထိုင်ရန် အခက်အခဲများ ဖြစ်နေသဖြင့် အဆိုပါနေရာ အနီးတွင်ပင် ဆက်လက်နေထိုင်လျက် ရှိသေးကြောင်း လုံခြုံရေး တာဝန်ကျ အမျိုးသားတစ်ဦးက ယနေ့ညပိုင်းတွင် ဆက်သွယ် ပြောဆိုသည်။

ယခုနှစ်အတွင်း ကျူးကျော်နေအိမ်များ ရှင်းလင်းဖယ်ရှားမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိရာ ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ်အကြားရှိ ပန်းလှိုင်မြစ်ကမ်းဘေး အပါအဝင် လှိုင်သာယာ-တွံတေး ကားလမ်း ဝဲယာရှိ ကျူးကျော်နေအိမ် သုံးထောင်ဝန်းကျင်နှင့် ဇန်နဝါရီလ ၂၁ ရက်နေ့က လှိုင်သာယာမြို့နယ် (၁၉) ရပ်ကွက်ရှိ နေအိမ် ၁၀၀ ဝန်းကျင်တို့ကို ဖယ်ရှား ရှင်းလင်းခဲ့သည်။

The Voice Weekly

RangonNewsDaily:: January . 23 .2014
ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေအိမ်များကို အစိုးရက ဖယ်ရှား ရှင်းလင်းလျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်အစောပိုင်းက ဒုတိယမြောက်နေ့အဖြစ် (၁၅) ရပ်ကွက်၊ ရွှေလင်ပန်း ချောင်းဘေးရှိ ကျူးကျော်နေအိမ် တစ်ထောင်ကျော်ကို ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း နေအိမ် ဖျက်ဆီးခံရသော ကျူးကျော် နေထိုင်သူများထံမှ သိရသည်။

မန္တလေးဆေးရုံကြီးအနီး ၇၅လမ်း၊ ၂၈-၂၉လမ်းကြားတွင် မီးလောင်မှုဖြစ်ပွား


Photo: မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၇လမ်းနဲ့ ၂၈ လမ်းကြား ၇၅ လမ်းမှာ ယနေ့နေ့လည် ၂နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားပါတယ်။

The Modern News Journal

RangonNewsDaily:: January . 23 .2014
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၇လမ်းနဲ့ ၂၈ လမ်းကြား ၇၅ လမ်းမှာ ယနေ့နေ့လည် ၂နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားပါတယ်။

ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၄ Asia New Star Models ပြိုင်ပွဲမှာ Myanmar Model Star Awardဆုကို ရရှိခဲ့တဲ့ မော်ဒယ်အွန်ဆိုင်း

Photo

RangonNewsDaily:: January . 23 .2014
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဇန်နဝါရီ၁၅ရက်နေ့နှင့်၁၆ရက်နေ့တွေက ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၄ Asia New Star Models ပြိုင်ပွဲကို အွန်ဆိုင်းနဲ့ တွေ့ဆုံခိုက် ပွဲအတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့ရော ပြိုင်ပွဲမှာ၂၀၁၄ Asia Model Festival Award က ချီးမြှင့်တဲ့ Myanmar Model Star Award ဆုကိုရရှိခဲ့တဲ့အကြောင်းတွေကို မေးမြန်းကြည့်တဲ့အခါ

မှော်ဘီတင့်ကားတပ်မှ လက်နက်တိုက် ဖောက်ထွင်းခံရ တိုင်းရဲတပ်ဖွဲ့ကိုယ်တိုင် ကိုင်တွယ်နေ

RangonNewsDaily:: January . 23 .2014
မှော်ဘီတင့်ကားတပ်မှ လက်နက်တိုက် ဖောက်ထွင်းရပြီး ခဲယမ်းလက်နက်အချို့ ပျောက်ဆုံးနေမှုကို တိုင်း၊ ခရိုင်အဆင့်များဖြင့် ပူးပေါင်း ဖော်ထုတ်နေသည်ဟု မှော်ဘီမြို့မရဲစခန်းမှ ဒု-ရဲမှူး နိုင်နိုင်ငြိမ်းက ဇန်နဝါရီ ၂၃ရက်တွင် မဇ္ဈိမကို အတည်ပြုပြောပြခဲ့သည်။ အဆိုပါ လက်နက်တိုက် ဖောက်ထွင်းခံရမှုကို ဇန်နဝါရီ ၂၁

ရက် နံနက် တွင် သိရှိခဲ့ပြီး အမှတ် (၅၀၁၀) တင့်ကား တပ်ရင်းမှ တပ်ရင်းမှူး ကြည်း ၂၃၇၈၅ ဒုတိယဗိုလ်မှူး
ကြီး အောင်သူက ဇန်နဝါရီ ၂၂ ရက်တွင် အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ရွှေဆိုင်များ လုံခြုံရေးအတွက် ကျင်စက်များတရားဝင် ကိုင်ဆောင်ခွင့် တင်ပြမည်

RangonNewsDaily:: January . 23 .2014
ရွှေဆိုင်များတွင် ဓားပြဝင်ရောက်တိုက်ခိုက်မှုများဖြစ်ပွားမှုမှာစိတ် လာခြင်းတို့ကြောင့် ရွှေဆိုင်များ၏လုံခြုံရေး

ရရှိနိုင်ရေးအတွက် ကျင်စက် ကဲ့သို့သော လက်နက်များ တရားဝင် ကိုင်ဆောင်ခွင့်ပေးရန် သက်ဆိုင်ရာ 
အစိုးရအဖွဲ့များထံ တင်ပြသွားမည့်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း(ဗဟို)မှ ဦးကျော်ဝင်း
ကပြောကြားသည်။

လေးစားခဲ့ရတဲ့ ဒါရိုက်တာဖြစ်လို့ ရုပ်ရှင်ကားကြီးကို လက်ခံခဲ့တာပါ ဆိုတဲ့ ခင်ဝင့်ဝါ

Photo: လေးစားခဲ့ရတဲ့ ဒါရိုက်တာဖြစ်လို့ ရုပ်ရှင်ကားကြီးကို လက်ခံခဲ့တာပါ ဆိုတဲ့ ခင်ဝင့်ဝါ
Wednesday, January 22, 2014

ကမ္ဘာ့အလှမယ် စာရင်းဝင် ခင်ဝင့်ဝါသည် အနုပညာ လမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းလာခဲ့ရာ ဗီဒီယို ဇာတ်လမ်းများ၌သာမက ယခုအခါတွင် ရုပ်ရှင် ဇာတ်ကားကြီးထဲတွင် စတင်ပါဝင် သရုပ်ဆောင်ခဲ့ရာ ဇာတ်လမ်း မသိသေးခင်ကပင် သူမငယ်ငယ်က လေးစားခဲ့ရသော ဒါရိုက်တာ တစ်ဦးက ရိုက်ကူးမည် ဆိုသောကြောင့် ရုပ်ရှင် ဇာတ်ကားကြီးကို လက်ခံခဲ့ပါသည်ဟု ပြောကြားခဲ့သည်။

''ဆရာဦးစိုးမိုးက ညီမငယ်ငယ် ကတည်းက အားကျလေးစား ခဲ့ရတဲ့ ဒါရိုက်တာ တစ်ဦးပါ။ ဆရာ့ဘက်ကနေ သမီးကို ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့အတွက် ပြောကတည်းက ဝမ်းသာခဲ့ရတယ်။ ဆရာကပေးတဲ့ ဇာတ်လမ်းကို မကြည့်ခင် ဆရာက ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ရုပ်ရှင်ကားကြီးလဲ ဖြစ်တဲ့အတွက် လက်ခံခဲ့တာပါ။ ညီမအနေနဲ့က သရုပ်ဆောင်ရမယ့် ကာရိုက်တာတွေကို သေသေချာချာ လေ့ကျင့်ရမှာပါ။ စီနီယာတွေ ဘယ်လို သရုပ်ဆောင်လဲ ဆိုတာကိုလဲ လေ့လာရမှာပါ'' ဟု ခင်ဝင့်ဝါက ပြောသည်။
သူမအနေဖြင့် ရုပ်ရှင်ဇာတ်ကားကြီး အတွက် ပြင်ဆင်မှုများကိုလည်း ''ဗီဒီယိုနဲ့ ရုပ်ရှင်ကားဆိုတာကတော့ မတူဘူးပေါ့။ ဗီဒီယိုက အိမ်က တီဗွီမှာပဲမြင်ရတာ၊ ရုပ်ရှင်ကား ဆိုတာပိတ်ကားပေါ်မှာ မျက်နှာကို အသေးစိတ် မြင်ရတယ်။ပိုပြီးတော့ စိတ်လှုပ်ရှားဖို့လဲ ကောင်းတယ်။ ပိုပြီးတော့လဲ အားစိုက်ပြီး ပြင်ဆင်ထားပါတယ်။ ဒီဇာတ်ကားကြီးကလည်း သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ဖြစ်တော့ ကိုယ်တာဝန်ယူရမယ့် ကာရိုက်တာပိုင်းကို ပီပြင်အောင် သရုပ်ဆောင် နိုင်ဖို့အတွက် အများကြီး ကြိုးစား သွားမှာပါ'' ဟု သူမက ပြောပြ ခဲ့သည်။ ။

Sunday Journal

RangonNewsDaily:: January . 23 .2014
ကမ္ဘာ့အလှမယ် စာရင်းဝင် ခင်ဝင့်ဝါသည် အနုပညာ လမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းလာခဲ့ရာ ဗီဒီယို ဇာတ်လမ်းများ၌သာမက ယခုအခါတွင် ရုပ်ရှင် ဇာတ်ကားကြီးထဲတွင် စတင်ပါဝင် သရုပ်ဆောင်ခဲ့ရာ ဇာတ်လမ်း မသိသေးခင်ကပင် သူမငယ်ငယ်က လေးစားခဲ့ရသော ဒါရိုက်တာ တစ်ဦးက ရိုက်ကူးမည် ဆိုသောကြောင့် ရုပ်ရှင် ဇာတ်ကားကြီးကို လက်ခံခဲ့ပါသည်ဟု ပြောကြားခဲ့သည်။

ကိုယ်ဝန် ရှိနေမှန်း မသိဘဲ ကလေးမွေးခဲ့တဲ့ ခရစ်ယာန်သီလရှင်

Photo: ကိုယ်ဝန် ရှိနေမှန်း မသိဘဲ ကလေးမွေးခဲ့တဲ့ ခရစ်ယာန်သီလရှင်
Wednesday, January 23, 2014

အီတလီလူမျိုးခရစ်ယာန် သီလ ရှင်တစ်ဦးသည် ကိုယ်ဝန် ရှိနေကြောင်း အမှန်တကယ်မသိခဲ့ဘဲ သားယောက်ျား လေးတစ်ဦး မွေးဖွားခဲ့ကြောင်း သိရ သည်။

အသက် ၃၁ နှစ် အရွယ်ရှိ အဆိုပါ သီလရှင်သည် ယခုသီတင်းပတ် အစောပိုင်း အတွင်းဆိုးဆိုးရွားရွား အစာအိမ် ဝေဒနာ ခံစားရသည်ဟု ဆိုကာ ဆေးရုံ တက်ခဲ့ခြင်းဖြစ် သည်။

”ကျွန်မမှာ ကိုယ်ဝန် ရှိနေမှန်း မသိခဲ့ဘူး။ အစာအိမ်နာနေတယ်လို့ ခံစားနေရတာပါ”ဟု ၄င်းက အီတလီ သတင်းဌာန ANSA ကိုပြောကြားသည်။

၎င်းသည် သားဖြစ်သူအား ဖရန် စစ်ဟု အမည်ပေးထားပြီး လက်ရှိပုပ် ရဟန်းမင်း ဘုန်းတော်ကြီး စိန့်ဖရန်စစ် သည် နိုင်ငံအဝှမ်း ကျော်ကြားသူ တစ်ဦး ဖြစ်သောကြောင့် ထိုအမည်မှာ အီတလီ နိုင်ငံ၌ ရေပန်းစား လှသည်။

အဆိုပါ သီလရှင် ကလေးမွေးသော သတင်းသည် Rieti မြို့လေးအား တအံ့တသြ ဖြစ်စေခဲ့ပြီး စေတနာရှင် များက ကလေးနှင့် မိခင် အတွက် ပိုက်ဆံနှင့် အဝတ် အထည် များ ပေးအပ်လှူဒါန်း ကြသည်။

၎င်းမြို့လေး၏ မြို့တော်ဝန်က မိခင်နှင့် ကလေးအား လွတ်လပ်စွာနေ ထိုင်ခွင့်ပေးရန် မြို့သူမြို့သား များအား တိုက်တွန်း ထားပြီး ၄င်း၏ မိတ်ဆွေ သီလရှင်များက ယင်း သတင်းကြောင့် အံ့အား သင့်လျက်ရှိသည်။

TW

Ref : Daily Mail
Popular Myanmar News Journal

RangonNewsDaily:: January . 23 .2014
အီတလီလူမျိုးခရစ်ယာန် သီလ ရှင်တစ်ဦးသည် ကိုယ်ဝန် ရှိနေကြောင်း အမှန်တကယ်မသိခဲ့ဘဲ သားယောက်ျား လေးတစ်ဦး မွေးဖွားခဲ့ကြောင်း သိရ သည်။

မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် ရာထူးအတွက် ဆာဘီးယားနည်းပြ အဗရာမိုဗစ် နှင့် အပြီးသတ် ဆွေးနွေးမည်

Photo: မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် ရာထူးအတွက် 
ဆာဘီးယားနည်းပြ အဗရာမိုဗစ် နှင့် အပြီးသတ် ဆွေးနွေးမည်
Wednesday, January 23, 2014

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် ရာထူးအတွက် နာမည်ကျော် ဆာဘီးယားနည်းပြ အဗရာမိုဗစ် (Radojko Avramovic) အား ခန့်အပ်ရန် လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် နှစ်ဖက် အပြီးသတ် ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်းသိရသည်။
အဗရာမိုဗစ်သည် စင်ကာပူ လက်ရွေးစင် အသင်းအား ၁၀ နှစ်ကြာ တာဝန်ယူခဲ့သူဖြစ်ပြီး အာဆီယံ ချန်ပီယံရှစ် ၃ ကြိမ် ဗိုလ်စွဲခဲ့မှု အပါအ၀င် အခြားအောင်မြင်မှုများ ရရှိခဲ့သည့်အပြင် အာဆီယံ ဘောလုံးလောကနှင့်လည်း ရင်းနှီးကျွမ်းဝင်သူ ၀ါရင့်နည်းပြ တစ်ဦးလည်း ဖြစ်သည်။

MFF ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အနေဖြင့် အဗရာမိုဗစ်အား ပြီးခဲ့သည့် ဇန်န၀ါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့သို့ ခေါ်ယူ တွေ့ဆုံခဲ့ပြီး မြန်မာ့ လက်ရွေးစင် အသင်းအား နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်ရန် နှစ်ဖက် အကြမ်းဖျင်း ညှိနှိုင်းခဲ့ဆွေးနွေးခဲ့ကြသည်။ အကြိုညှိနှိုင်းမှုအရ အဗရာမိုဗစ်သည် မြန်မာ့လက်ရွေးစင် အသင်းအား တာဝန်ယူရန် ဆန္ဒရှိနေပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ အပြီးသတ် ဆွေးနွေးပွဲ၌ အသေးစိတ်ညှိနှိုင်း သဘောတူညီမှု ရရှိသည်နှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုရန် အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။ အဗရာမိုဗစ်သည် သူ၏ လက်ထောက်နည်းပြ၊ ဂိုးနည်းပြ တို့ကိုလည်း တပါတည်း ခေါ်ဆောင်လာမည် ဖြစ်ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း ၄င်းတို့ကို နည်းပြအဖွဲ့ဝင်များအဖြစ် စာချုပ် ချုပ်ဆိုသွားရမည်ဖြစ်သည်။

အသက် ၆၄ နှစ်အရွယ် ဆာဘီယား နည်းပြ အဗရာမိုဗစ်သည် ကစားသမား ဘ၀က အင်္ဂလန် ကလပ်အသင်းများတွင် ကျင်လည်ခဲ့သူ ဖြစ်ပြီး ယူဂိုဆလားဗီးယား လက်ရွေးစင်အဖြစ်လည်း ကစားခဲ့သည်။ နည်းပြဘ၀တွင် ကူဝိတ် လူငယ်အသင်းအား ၂၀၀၀ ခုနှစ် ဆစ်ဒနီ အိုလံပစ် ဖိုင်နယ်ပွဲစဉ်များသို့ အရောက် ပို့ပေးနိုင်သည့် မှတ်တမ်းကောင်း ရှိသူဖြစ်သည်။ ရက်ဒီ ဟုလည်း အာဆီယံ ဘောလုံးလောကတွင် ကျော်ကြားသည့် ရက်ဒီသည် စင်ကာပူ လက်ရွေးစင် အသင်းကို ၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၀ နှစ်တာ ကိုင်တွယ် ခဲ့သူဖြစ်ပြီး ၂၀၀၄၊ ၂၀၀၇၊ ၂၀၁၂ အာဆီယံ ချန်ပီယံရှစ် ဆုဖလားများ ရယူပေးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အာဆီယံ အကောင်းဆုံး နည်းပြဆု ဆွတ်ခူး ရရှိခဲ့သည်။

အဗရာမိုဗစ် (Radojko Avramovic) ၏ ကိုယ်ရေးအကျဉ်း
မွေးနေ့- ၂၉ နိုဝင်ဘာ ၁၉၄၉ (၆၄)နှစ်
ဇာတိ- ဂျီနီကာ၊ ဆာဘီးယား
ကစားသည့်နေရာ- ဂိုး
ကစားခဲ့သည့် ကလပ်များ- FK Borac Čačak ၊NK Rijeka ၊Notts County ၊Coventry City ၊ OFK Beograd
ကိုင်တွယ်ခဲ့သည့် အသင်းများ- ကူဝိတ်၊ စင်ကာပူ

အောင်မြင်မှုများ
ASEAN Football Championship
Winners (3): 2004, 2007, 2012

မှ-MFF
Popular Myanmar News Journal

RangonNewsDaily:: January . 23 .2014
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် ရာထူးအတွက် နာမည်ကျော် ဆာဘီးယားနည်းပြ အဗရာမိုဗစ် (Radojko Avramovic) အား ခန့်အပ်ရန် လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် နှစ်ဖက် အပြီးသတ် ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်းသိရသည်။

သွေးထွက်သံယို ဖြစ်စဉ်များနှင့် ပိုမိုဆိုးရွားလာသည့် ယူကရိန်း နိုင်ငံရေး ပဋိပက္ခ

Photo

RangonNewsDaily:: January . 23 .2014
ဗုဒ္ဓဟူးနေ့တွင် ယူကရိန်း ရဲတပ်ဖွဲ့က ကိယက်ဗ်မြို့တော်ရှိ သပိတ်စခန်းကို အင်အားသုံး ဝင်ရောက်ခဲ့သည့်
နောက် အနည်းဆုံး လူ(၅)ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ထောက်ကြံ့တွင် ဘာသာရေး အကြမ်းဖက်မှု ဖြစ်စဉ်များ ဖော်ဆောင်နေ


RangonNewsDaily:: January . 23 .2014
ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်တွင် ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၇) ရက် သောကြာနေ့က အစ္စလာမ်ဘာသာ
ဝင် ကလေးငယ်တစ်ဦးအား ရန်စ၍ နောက်ဆက်တွဲ ဘာသာရေးအကြမ်းဖက်မှုများ ဖြစ်လာစေရန် ဖန်တီး
မှုများရှိနေခြင်းကြောင့် ဒေသတွင်းပြည်သူများ စိုးရိမ်မကင်းဖြစ်ကာ ထိတ်လန့်နေကြရတယ်လို့ သတင်းရရှိ
ပါတယ်။

Breaking News !!!!"မောင်တော ဒေသတွင် ပစ်မိန့်ပေး၍ ရိုဟင်ဂျာများအား ချေမှုန်းခိုင်းထား"

RangonNewsDaily:: January . 22 .2014
ဇန်န၀ါရီ ၁၃)ရက်နေ့က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မောင်တောဒေသအကြမ်းဖက်မှုတွင် တပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးမှုနဲ့ ပတ်သက်၍ ရှာဖွေစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ဒုချီရာတန်းရွာနှင့် အနီးရှိကျေးရွာများ၏ ဒေသခံများအား ရိုက်နှက်စစ်မေးမှုများ ပြုလုပ်စဉ် အသာတကြည်အဖမ်းမခံသူများကို အာဏာပိုင် အထက်အရာရှိများက ပစ်မိန့်ပေးကာ ချေမှုန်းခိုင်းလိုက်ပြီ ဖြစ်ကြောင်း နယ်ခံတစ်ဦးမှ သတင်းပေးလာပါသည်။