Pages

Pages - Menu

Thursday, January 23, 2014

ထောက်ကြံ့တွင် ဘာသာရေး အကြမ်းဖက်မှု ဖြစ်စဉ်များ ဖော်ဆောင်နေ


RangonNewsDaily:: January . 23 .2014
ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်တွင် ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၇) ရက် သောကြာနေ့က အစ္စလာမ်ဘာသာ
ဝင် ကလေးငယ်တစ်ဦးအား ရန်စ၍ နောက်ဆက်တွဲ ဘာသာရေးအကြမ်းဖက်မှုများ ဖြစ်လာစေရန် ဖန်တီး
မှုများရှိနေခြင်းကြောင့် ဒေသတွင်းပြည်သူများ စိုးရိမ်မကင်းဖြစ်ကာ ထိတ်လန့်နေကြရတယ်လို့ သတင်းရရှိ
ပါတယ်။
အဆိုပါ သောကြာနေ့ကအသက်(၁၄) နှစ်အရွယ်သာရှိသေးသည့်မိုဟစ်ဆိုသူ အစ္စလာမ်ဘာသာဝင် ကလေး
ငယ်မှကွမ်းယာဝယ်ရန်အတွက် ကွမ်းယာဆိုင်ရှေ့၌ ဆိုင်ကယ်ကိုရပ်စဉ် ဆိုင်ကယ်ကယ်ရီမောင်းသမား တင့်
ဆန်း (ခ) ဘက်ကြီး ဆိုသူမှ ၎င်းကလေးအား ရိုက်နှက်၍ ဆိုင်ကယ်မရပ်ရန် တားမြစ်ခဲ့ပြီး အဆိုပါ ကလေး
မှ ပြန်လည်ခုခံ တားမြစ်သော်လည်း အင်အားခြင်းမမျှသောကြောင့် အနိုင်ယူချင်စိတ်ဖြင့် ကလေးမှ ယင်း
ကယ်ရီမောင်းသမားအား ပြန်လည် ဆဲဆိုတဲ့အပေါ် ထပ်မံ၍ အဆက်မပြတ် ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

"အင်အားခြင်းမမျှတော့ ကလေးကလည်း ပြန်ဆဲလိုက်တာပေါ့။ဒါကိုဘာလို့ ဆဲတာလဲဆိုပြီး ထပ်ထပ်ပြီးတော့
ရိုက်တယ်လေ" မိုဟစ်နှင့် နီးစပ်သူတစ်ဦးက အလင်းမျက်ဝန်း၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေဆိုခဲ့
တာ ဖြစ်ပါတယ်။

ကလေးငယ်၏ တိုင်တန်းမှုအရ တစ်ရပ်ကွက်တည်းနေ ဗုဒ္ဓဘာသာဝင် ရပ်မိရပ်ဖများနဲ့အတူ ကလေးရဲ့မိဘ
များပါ အဆိုပါ တင့်ဆန်း (ခ) ဘက်ကြီးကို လိုက်လံရှာဖွေ၍ မေးမြန်းသောအခါ “ငါ့ကို တာဝန်ပေးထားတာ
ကွ” ဟု ပြန်လည် ပြောဆိုခဲ့ပြီးနောက် ညပိုင်းအချိန်တွင် လူများစု၍ ထောက်ကြံ့ စွန္နီဂျာမေဗလီကြီးအား ထိုည
မှစ၍ ညစဉ်ညတိုင်း ခဲများဖြင့် ဆဲဆို အော်ဟစ်၍ ပစ်ပေါက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

" လူ (၈) ဦး၊ (၉) ဦးခန့်က ခဲတွေနဲ့ ဗလီကို ပစ်တာတွေလဲ ရှိလာတယ်။ ဆဲဆိုပြီး ဒါကုလားဗလီကွလို့ ပြော
တာတွေ ဆိုတာတွေလဲ ရှိတယ်။ ဒီလိုပဲ နေ့တိုင်း မဖြစ်ဖြစ်လာအောင် ရန်စပေးနေတယ်လို့တော့ ထင်တယ်။ ဆရာက ခဲပေါက်တာ ထွက်ကြည့်လိုက်တော့မှ ထွက်ပြေးသွားတာမျိုးတွေ ဖြစ်နေတယ်။

ဟိုရက်ကဆိုရင် ညဥ့်နက်လာတော့ လူ (၁၀၀) ကျော်မယ်ထင်တယ်။ အုပ်လိုက်ကြီး ညာသံပေး  အော်ဟစ်
ပြီးတော့ ရောက်လာတယ်။ ဒုတ်တွေ၊ ဓားတွေနဲ့လေ။ အဲ့ဒီနေ့က တော်တော်ကို ကြောက်သွားရတယ်" ဒေသ
ခံ အမည်မဖော်လိုသူတစ်ဦးက အလင်းမျက်ဝန်းသို့ ပြောပြတာ ဖြစ်ပါတယ်။

ထိုသို့ပြုလုပ်မှုများ ရှိခဲ့သော်လည်း ယနေ့တိုင် သက်ဆိုင်ရာမှ လုံခြုံရေး အစောင့်အကြပ်များ ချထားပေးခြင်း မရှိသည့်အပြင်၊ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် စနစ်ကျသော အစီအစဉ်များ ချမှတ် လုပ်ဆောင်ပေးခြင်း မရှိသေးတာကြောင့် ဒေသခံ အစ္စလာမ်ဘာသာဝင်များအနေဖြင့် မိမိတို့ အသက်အိုးအိမ်စည်းစိမ်များအတွက် လှုံခြုံမှုမရှိသောကြောင့် ကိုယ်ထူကိုယ်ထ လုံခြုံရေးကင်းများကို အလှည့်ကျ စောင့်ကြပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဒေသခံများအနေဖြင့် ယခုလို စိုးရိမ်ပူပန်မှု ဖြစ်စဉ်များကို ဖော်ဆောင်သူဟု စွတ်စွဲနေကြတဲ့ တင့်ဆန်း (ခ) ဘက်ကြီးနှင့် အပေါင်းအပါတစ်ဦးတို့ကို သက်ဆိုင်ရာမှ အရေးယူခြင်းများ တစ်စုံတစ်ရာရှိမလာသောကြောင့်
 နောက်ဆက်တွဲ အကြမ်းဖက်မှုများ ပေါ်ပေါက်လာမှာကို ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြတယ်
လို့ သတင်းရရှိပါတယ်။


အလင်းမျက်ဝန်း , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment